Pages - Menu

Pages

Pages

ဆယ်စုနှစ် အတွင်း သြဇာ အရှိဆုံး ဒေါ်အောင်ဆန်းစုကြည်

ကမ္ဘာကျော် Time မဂ္ဂဇင်းကြီးက ရွေးချယ်သည့် ၁၀ စုနှစ် တစ်ခုအတွင်း သြဇာ လွှမ်းမိုးမှု အရှိဆုံးပုဂ္ဂိုလ် (၁၀၀) စာရင်းတွင် ဒေါ်အောင်ဆန်းစုကြည်သည် အွန်လိုင်း မဲပေး ရွေးချယ်မှု နောက်ဆုံး အဆင့်တွင် ကမ္ဘာကျော် ပေါ့ အဆိုတော် လေဒီဂါဂါကို ကျော်ဖြတ်ပြီး အနိုင်ရရှိခဲ့ကြောင်း ယင်း မဂ္ဂဇင်း၏ အင်တာနက် စာမျက်နှာတွင် ထုတ်ပြန်လိုက်သည်။
နောက်ဆုံး အဆင့် မဲပေး ရွေးချယ်မှုကို မြန်မာ စံတော်ချိန် ဧပြီလ ၁၇ ရက်နေ့ ညနေပိုင်းတွင် ရပ်နားခဲ့ပြီး ရရှိသော ဆန္ဒမဲ ရလဒ်များ အရ ဒေါ်အောင်ဆန်းစုကြည် အနိုင်ရရှိကြောင်း တိုင်းမ် မဂ္ဂဇင်းမှ ထုတ်ပြန် ကြေညာ ခဲ့ခြင်း ဖြစ်ပါသည်။ ဆန္ဒမဲ အရေ အတွက် စုစုပေါင်း၏ ၆၁ ရာခိုင်နှုန်း ကို ဒေါ်အောင်ဆန်းစုကြည်က ရရှိခဲ့ပြီး ၃၉ ရာခိုင်နှုန်းကိုသာ လေဒီဂါဂါက ရှိခဲ့သည်။
အင်တာနက် မြန်နှုန်း နှေးကွေး လေးလံစွာ သုံးစွဲခွင့်ရရှိနေသော ပြည်တွင်းနေ နိုင်ငံသား အနည်းစုနင့် ပြည်ပ နိုင်ငံ အသီးသီးသို့ ရောက်ရှိနေသော မြန်မာ နိုင်ငံသားများမှာ ဧပြီ လ ၁၆ရက်သင်္ကြန် အတက်နေ့ ညနေပိုင်းမှ စတင်ကာ လေဒီဂါဂါကို ရှုံးနိမ်နေသော ဒေါ်အောင်ဆန်းစုကြည်ကို အကြိမ်ပေါင်းများစွာ မရပ်မနား ထောက်ခံခဲ့ ကြသည်။ From ရိုးရာလေး။