Pages - Menu
▼
Pages
▼
Pages
▼
သင်္ကြန် ကာလ ရန်ကုန်တိုင်းေ ဒသကြီး အတွင်း ရဲတပ်ဖွဲ့ဝင်အင်အား ၃၀၀၀ ကျော်ဖြင့် လုံခြုံရေး ဆောင်ရွက်လျက်ရှိ

၁၃၇၄ ခုနှစ် သင်္ကြန်ကာလ ရန်ကုန်တိုင်းဒေသကြီး၌ ရဲတပ်ဖွဲ့ဝင်အင်အား ၃၀၀၀ ကျော်ဖြင့် လုံခြုံရေးဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက Eleven Media Group သို့ မွန်းလွဲ ၂ နာရီက ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး အတွင်းသို့ အနယ်နယ်အရပ်ရပ်မှ ဝင်ထွက်သွားလာနိုင်သည့် ဂိတ်ပေါက်များဖြစ်သည့် တိုးဂိတ်များ၊ လေဆိပ်၊ ရေဆိပ်များနှင့် အခြားလမ်းများတွင်လည်း လုံခြုံရေး တင်းကြပ်စွာ ဆောင်ရွက်
လျက်ရှိကြောင်း သိရှိရသည်။
သင်္ကြန်ကာလအတွင်း လုံခြုံရေး ဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် လှည့်ကင်းပတ်ကင်းများဖြင့် ဆောင်ရွက်နေသည့်အပြင် အရေးပေါ် အခြေနေများနှင့် ကြုံတွေ့လာပါက အမြန်ဆုံးဖြေရှင်းနိုင်ရန် ရဲတပ်ဖွဲ့ဝင်များကိုလည်း အသင့်ထားရှိထားကြောင်း နယ်စပ်ရေးရာနှင့် လုံခြုံရေး ဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားခဲ့သည်။
သင်္ကြန်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း လုံခြုံရေးဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက “တိုင်းတစ်ခုလုံးအနေနဲ့ လုံခြုံရေး ဆောင်ရွက်နေတဲ့ ရဲတပ်ဖွဲ့ဝင်အင်အားက လူဦးရေ ၃၀၀၀ အထက်မှာရှိတယ်။ ဒါ့အပြင် မြို့နယ်အလိုက် အုပ်ချုပ်ရေးမှူးတွေနဲ့ ရပ်ကွက်တာဝန်ရှိသူတွေနဲ့ လုံခြုံရေး ဆောင်ရွက်နေတယ်။
လုံခြုံရေး အဓိက ဆောင်ရွက်နေတဲ့ နေရာကတော့ ကောလာဟလ သတင်းတွေ ထွက်ပေါ်နိုင်တဲ့ နေရာတွေ၊ ရန်ကုန်တိုင်းဒေသကြီးကို ဝင်ထွက်သွားလာနိုင်တဲ့ဂိတ်ပေါက်တွေနဲ့ မဏ္ဍပ်အများဆုံး ရှိတဲ့နေရာတွေပဲ ဖြစ်ပါတယ်။ အခုချိန်ထိတော့ အားလုံးအေးအေးချမ်းချမ်းနဲ့ ယဉ်ကျေးမှုနှင့်အညီ ပျော်ပါးစွာဆော့ကစားနေကြတယ်။
တိုင်းအတွင်းမှာ ပြဿနာ တစ်ခုမှမဖြစ်အောင် အားလုံးစီစဉ်ထားပါတယ်” ဟု သုံးသပ်ပြောကြားခဲ့သည်။
သင်္ကြန်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ မဏ္ဍပ် စုစုပေါင်း ၄၀ ကျော်ရှိပြီး မဏ္ဍပ်အများဆုံးရှိသည့် လမ်းများမှာ ကန်တော်ကြီး ပတ်
လမ်းအတွင်း မဏ္ဍပ် ၁၇ ခု၊ ပြည်လမ်းအတွင်း မဏ္ဍပ် ၂ ခု၊ ကမ္ဘာအေးတွင် ၁၀ ခုရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး မဏ္ဍပ်နေရာချထားရေး ကော်မတီမှ သိရှိရသည်။
Eleven Media Group
နေပြည်တော် ဟိုတယ်ဇုန် ရေကစား မဏ္ဍပ်များ အကြိုနေ့ မြင်ကွင်းများ
သင်္ကြန်အကြိုနေ့ နံနက်ပိုင်းတွင် နေပြည်တော် ဟိုတယ်ဇုန်ရှိ ရေကစားမဏ္ဍပ်များအား နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် ဖွင့်လှစ်ခဲ့ပြီး အဆိုတော်များက တေးသီချင်းများဖြင့် ဖျော်ဖြေခြင်းများဖြင့် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဖွင့်လှစ်ပွဲ အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်နှင့် နေပြည်တော် ကောင်စီဝင် ဦးကံချွန်တို့ တက်ရောက်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ သင်္ကြန်အကြိုနေ့ ဖွင့်ပွဲတွင် ရေပက်ခံထွက်သည့် သူအများစုမှာ ရွှေသံလွင်မဏ္ဍပ်တွင်ရှေ့တွင်သာ အများဆုံး လာရောက်ကြည့်ရှု ကစားခဲ့ကြောင်း သိရသည်။ နေပြည်တော် ဟိုတယ်ဇုန်တွင် ရေကစားမဏ္ဍပ်များမှာ ရွှေသံလွင်၊ ရိုင်ရယ်ကုမုဒြာ၊ ဒက္ခိဏသီရိဟိုတယ်၊ ဇုန်စုပေါင်းရေကစားမဏ္ဍပ် (၁,၂)၊ တီဇက်တီအမ်မဏ္ဍပ်များတွင် ဖွင့်ပွဲများ ကျင်းပခဲ့ပြီး နေပြည်တော်မြို့တော်ဝန် မဏ္ဍပ်မှာ သင်္ကြန်အကြိုနေ့ ညနေပိုင်း
၅ နာရီတွင် ဖွင့်လှစ်မည်ဖြစ်ပြီး အဆိုတော်များ၏ ဖျော်ဖြေခြင်း၊ ယိမ်းအကများဖြင့် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
Eleven Media Group
၅ နာရီတွင် ဖွင့်လှစ်မည်ဖြစ်ပြီး အဆိုတော်များ၏ ဖျော်ဖြေခြင်း၊ ယိမ်းအကများဖြင့် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
Eleven Media Group
နှစ်စဉ် ကျင်းပမြဲဖြစ်သော ဗိုလ်ချုပ်ဈေးသင်္ကြန်ကို ယခုနှစ်တွင်လည်း စည်ကားစွာကျင်းပ

သင်္ကြန်အကြိုနေ့မတိုင်ခင် နှစ်စဉ် ကျင်းပမြဲဖြစ်သော ဗိုလ်ချုပ်ဈေးသင်္ကြန်ကို ယခုနှစ်တွင်လည်း စည်ကားစွာ ကျင်းပခဲ့သည်။
ဗိုလ်ချုပ်ဈေးသင်္ကြန်ကို ဧပြီ ၁၂ ရက် နံနက် ၁၁ နာရီခွဲမှ ညနေ ၃နာရီခွဲဝန်းကျင်ထိ ဗိုလ်ချုပ်ဈေးအတွင်းရှိ ဈေးသူ၊ဈေးသားများ အပါအ၀င် လာရောက် လည်ပတ်ကြသည့် ကမ္ဘာလှည့်ခရီးသည်များကလည်း ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြသည်။
''ကျွန်မတို့က ဆိုင်ကပစ္စည်းတွေကို မနက်ကတည်းကသိမ်းပြီး ရေပက်ကြတယ်။စတုဒီသာလည်း ကျွေးတယ်။ပျော်ဖို့ကောင်းပါတယ် ဒီနှစ်သင်္ကြန်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ ဖြတ်သန်းချင်ပါတယ်'' ဟု ဗိုလ်ချုပ်ဈေးအတွင်း အထည်ဆိုင်ဖွင့်ထားသူတစ်ဦးက ပြောသည်။

ဗိုလ်ချုပ်ဈေးသင်္ကြန်သို့ လာရောက်လည်ပတ်သူ လူငယ်တစ်ဦးကလည်း''ခုလို သင်္ကြန်အကြိုမတိုင်ခင်မှာ ဒီလိုမျိုး ရေကစားနေတာတွေကို တွေ့ရတော့ စိတ်ထဲမှာ အရမ်းပျော်မိတယ်။သင်္ကြန်ဆိုတာ ကျွန်တော့်အတွက်တော့ ဘယ်တော့မှ မရိုးနိုင်ပါဘူး။အရမ်းပျော်ပါတယ်'' ဟု ဆိုသည်။
.. www.MyanmarExpress.net
ရန်ကုန်မြို့ တော်ဝန် မဏ္ဍပ်ဖွင့်ပွဲ
၁၃၇၄ ခုနှစ် မဟာသင်္ကြန်ဖွင့်ပွဲ အခမ်းအနားအား ရန်ကုန်မြို့တော်ဝန် မဏ္ဍပ်တွင် မဟာသင်္ကြန် အကြိုနေ့ (ဧပြီ ၁၃) နံနက် ၈ နာရီခွဲတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ လက်ရှိဖြစ်ပွားနေသည့် ပြသနာများနှင့် ကောလာဟလ အချို့ကြောင့် ယခုနှစ် သင်္ကြန်တွင် ပြည်သူ များအနေဖြင့် စိုးရွံမှုများ ရှိနေသော်လည်း ရန်ကုန်မြို့တော်ဝန် မဏ္ဍပ်အား ပုံမှန်အတိုင်း စည်ကား စွာဖွင့်လှစ်ခဲ့သည်။ ဖွင့်ပွဲအခမ်းအနားတွင် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က မြန်မာနိုင်ငံ အတွင်း နေထိုင်သည့် ပြည်သူများ အနေဖြင့် တသွေးတသားတည်း မှီတင်းနေထိုင်သည့် မြန်မာ့ရိုးရာ သင်္ကြန်ပွဲတွင် ညီရင်းအကို စိတ်ဓာတ်ဖြင့် ပျော်ရွှင်ရန်နှင့် မြန်မာနိုင်ငံအတွင်း နေထိုင်သူများအနေဖြင့် လက်ရှိထွက်ပေါ်နေသည့် သတင်းများမှာ ကောလာဟလများသာဖြစ်ပြီး အဆိုပါ ကောလာဟလများအား မယုံကြည်ရန် အဖွင့်အမှာစကား၌ ထည့်သွင်း ပြောကြားခဲ့သည်။
ပထမဆုံး အကြိမ် ရန်ကုန် တိုင်းဒေသ ကြီးအစိုးရ အဖွဲ့ရေကစား မဏ္ဍပ်ဖွင့်ပွဲ
၁၃၇၄ ခုနှစ် မဟာသင်္ကြန် အထိမ်အမှတ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရေကစားမဏ္ဍပ်ကို ရန်ကုန်တိုင်းဒေသကြီးအတွင်း ပထမဆုံအကြိမ်အဖြစ် ရန်ကုန်မြို့ပြည်လမ်းတွင် ဧပြီလ ၁၃ ရက်နေ့ နံနက် ၇ နာရီ မိနစ် ၃၀ အချိန်တွင် ဖွင့်လှစ်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရေကစားမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးစိန်တင်ဝင်း အပါအဝင် တိုင်းဒေသကြီး ဝန်ကြီးများနှင့် အနုပညာရှင်များ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ တိုင်းဒေသကြီး အစိုးရအဖွဲ့ ရေကစားမဏ္ဍပ်တွင် သင်္ကြန်အကြိုနေ့မှစတင်၍ အတက်နေ့အထိ အနုပညာရှင်များ အဆိုတော်များ ယိမ်းအဖွဲ့များမှ ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အားနည်းချက်ကို မနောက်ပြောင်ပါနဲ့.....

သူ့မှာ ဒီ ချို့ယွင်းချက်ရှိရင် ကိုယ့်မှာလည်း တခြားချို့ယွင်းချက်တွေရှိပါတယ
တခါတလေ သူတစ်ပါးရဲ့  ချို့တဲ့ တဲ့ အကွက်ကို နင်းပြီးပြောတတ်တဲ့သူတွေ၊ ဟာသလုပ်တတ်သူတွေ..နောက်ပြောင်တတ
မုသားဆိုလျှင် ရယ်ဖွယ်မျှပင် မပြောနှင့် လို့ ဆုံးမထားသလို တစ်ပါးသူရဲ့  အားနည်းချက်ကိုလည်း ရယ်ဖွယ်မျှပင် မပြောနှင့် လို့ အသိပေးချင်ပါတယ်။
ခင်မင်လို့ နောက်ပြောင်တာပဲ ဖြစ်ဖြစ်...ချစ်လို့ စတာဘဲ ဖြစ်ဖြစ် တမင်သက်သက် နှိမ်တာပဲ ဖြစ်ဖြစ် သူတစ်ပါးရဲ့  အားနည်းချက်နဲ့ အကြောင်းအရာ မစတည်သင့်ပါဘူး။
ကိုယ်ရယ်မောချင်ရင် တခြားရယ်စရာ တွေ အများကြီး ရှိပါတယ်။
ကိုယ်က ဘာရယ်မဟုတ် စနောက်လိုက်တာက သူတစ်ပါး အတွက် စိတ်အားငယ်စေတယ်..စိတ်မချမ်းမြေ
အားနည်းချက်ရှိသူက စနောက်တာကို ကြည်ဖြူတယ်ဘဲထား...ကိုယ်လည်း တစ်နေ့ သူ့ အားနည်းချက်လိုအရာမျိုး ကို မထင်မှတ်ဘဲ ရှိလာမှာပါ။
ဒါဟာ လောကရဲ့  တရားသော စီရင်ချက်ပါဘဲ။
အပြင်မှာလဲ တွေ့ဖူးကြမှာပါ...စကားထစ်တာကို လိုက်ပြောင်ရင်း ထစ်သွားသူတို့..သူတစ်ပါး ခန္ဒာကိုယ် နှင့် အမူအရာ တွေကို လိုက်ပြောင်ရင်း ကိုယ်လည်းဘဲ မသိမသာ ဒီပုံစံကို ပိုင်ဆိုင်သွားကြပါတယ်။
ဘုရားရဲ့  ဇာတ်တော်တွေမှာလဲ သူတစ်ပါးခါးကုန်းတာကို လှောင်ပြောင်လို့ ခါးကုန်းရသူတွေ...၀စီကံကြောင့် သူတစ်ပါးကို ကျွန်လို့ ပြောသူ၊သူဖုန်းစား နှင့် ပြည့်တန်ဆာလို့ ဆဲရေးသူတွေ ဟာ ဘ၀ပေါင်းများစွာ ထိုသူတို့ ၏ ၀စီကံ အတိုင်းပြည်လည်ပေးဆပ်ရတာ တွေ တွေ့ရမှာပါ။
ပြုသူအသစ်ဖြစ်သူအဟောင်းဆိုသလို ထိုသူ၏ အကုသိုလ်ကို အကြောင်းပြု ၍ နှလုံးမသွင်းတတ်သောကြောင့် မိမိပါ အကုသိုလ်အသစ်ကို ရယူပြီးသူမဖြစ်အောင် ဆင်ခြင်ပါ။
ဘယ်သူမဆို မသိလို့ လုပ်မိပေမယ့် မသိတာလည်း အကုသိုလ် ကံ ထိုက်သည့် အတွက် သိသောအခါ ရှောင်ကြဉ်နိုင်အောင် အသိပေးလိုက်ရပါတယ်။
မေတ္တာဖြင့်
ရေးသားသူ-- အနှိုင်းမဲ့စာတိုပေစများ
ဒီကနေ့ခေတ်မှာ......
စားဝတ်နေထိုင်ရေးတွေ အဆင်ပြေသထက် ပြေလာကြတယ်၊ ဒါပေမယ့် အချိန်တွေ နည်းသထက် နည်းသွားခဲ့တယ်။
...
အတန်းပညာတွေ မြင့်သထက် မြင့်လာကြတယ်၊ ဒါပေမယ့် အသိဉာဏ်တွေ နည်းသထက် နည်းသွားကြတယ်။
အသိပညာတွေ များသထက် များလာကြတယ်၊ ဒါပေမယ့် ဆင်ခြင်ဆုံးဖြတ်ဉာဏ်တွေ နည်းသထက် နည်းသွားကြတယ်။
ပညာရှင်တွေ အများကြီး ပေါ်ထွက်လာကြတယ်၊ ဒါပေမယ့် ပြဿနာတွေ ပိုပိုများလာခဲ့တယ်။
ဆေးပညာတွေ တိုးတက်သထက် တိုးတက်လာတယ်၊ ဒါပေမယ့် ကျန်းမာရေးက ချွတ်ယွင်းသထက် ချွတ်ယွင်းကြတယ်။
သုံးဖြုန်းမှု များသထက် များလာကြတယ်၊ ဒါပေမယ့် အပြုံးအရယ် နည်းသထက် နည်းသွားကြတယ်။
ကားအမြန် မောင်းကြသလို ဒေါသအထွက်လည်း မြန်ကြတယ်။
အိပ်ရာဝင်ချိန် နောက်ကျကြပေမယ့် စာဖတ်ချိန် နည်းလာကြတယ်။
အလာပသလာပတွေ များသထက် များလာကြတယ်၊ ဒါပေမယ့် တွေးတောချင့်ချိန်မှု နည်းသထက် နည်းသွားကြတယ်။
ပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာမျာ
အပြော များများပြောကြတယ်၊ ဒါပေမယ့် စေတနာပါတဲ့အလုပ် နည်းနည်းပဲလုပ်ကြတယ်။
မြင့်သထက်မြင့်တဲ့ အဆောက်အဦးတွေ ဆောက်ကြတယ်၊ ဒါပေမယ့် နိမ့်သထက်နိမ့်သွားတဲ့ EQတွေလည်းရှိတယ်။
ဟိုင်းဝေးလမ်းမကြီးတွေ ပိုကျယ်ပြန့်သထက် ကျယ်ပြန့်အောင်ဆောက်ကြတယ်၊
ဒါပေမယ့် အမြင်တွေ ပိုကျဉ်းမြောင်းသထက် ကျဉ်းမြောင်းလာကြတယ်။
ကျွန်တော်တို့ သုံးဖြုန်းသထက် သုံးဖြုန်းကြတယ်၊ ဒါပေမယ့် ပိုင်ဆိုင်တာတွေ နည်းသထက် နည်းလာကြတယ်။
လကမ္ဘာပေါ် ကျွန်တော်တို့ သွားနိုင်ကြပြီ၊ ဒါပေမယ့် ဘေးအိမ်က အိမ်နီးချင်းနဲ့ ကျွန်တော်တို့မခင်မင်ကြဘူး။
အာကာသတစ်ခွင်ကို ကျွန်တော်တို့ သိမ်းပိုက်စိုးမိုးလို့ရတယ်
အဏုမြူတွေကို ကျွန်တော်တို့ခွဲခြမ်းစိတ်ြ
ကျွန်တော်တို့ စာအများကြီး ရေးကြတယ်၊ ဒါပေမယ့် သင်ယူမှုတွေ နည်းသထက် နည်းလာကြတယ်။
ကျွန်တော်တို့ စီမံချက်တွေ အများကြီးချကြတယ်၊ ဒါပေမယ့် အောင်မြင်မှုတွေ နည်းသထက် နည်းလာကြတယ်။
အလုပ်များအောင် ကျွန်တော်တို့လုပ်ဆောင်ကြတယ
ကျွန်တော်တို့ရဲ့လစာတွေ များသထက်များလာကြတယ်၊ ဒါပေမယ့် ကျွန်တော်တို့ရဲ့ စာရိတ္တတွေ နိမ့်သထက်နိမ့်ခဲ့ကြတယ်။
ကွန်ပြူတာတွေ ထွင်ကြတယ်၊ သတင်းအချက်အလက်တွေ ဖမ်းဆုပ်ကြတယ်၊ မိတ္တူတွေပွားများကြတယ်
ဒါပေမယ့် အချင်းချင်းပြောဆိုဆက်ဆံမှုေ
ကျွန်တော်တို့မှာ အရေအတွက်တွေ များသထက်များလာတယ်၊ အရည်အချင်းရှိသူတွေ နည်းသထက် နည်းလာကြတယ်။
ဒီခေတ်ဟာ....
ရယ်ဒီမိတ်အစားအစာတွေ များလာပြီး အစာမကြေတဲ့ခေတ်
ကြီးမားတောင့်တင်းတဲ့ခန္ဓာကိ
အနားယူစခန်းတွေ များလာပြီး ပျော်ရွှင်မှုတွေ နည်းလာတဲ့ခေတ်
အစားအစာမျိုးစုံပြီး အာဟာရချို့တဲ့တဲ့ခေတ်
မိန်းမရှာတဲ့ငွေ၊ ယောက်ျားရှာတဲ့ငွေနဲ့ ဝင်ငွေနှစ်ခုရှိပြီး ကွာရှင်းပြတ်စဲခြင်းများတဲ့
တိုက်ကြီးတာကြီးနဲ့ ခမ်းညားထည်ဝါကြပြီး ကျိုးပဲ့တဲ့ မိသားစုများတဲ့ခေတ်
ဒီလိုခေတ်ကြီးမှာ လုပ်စရာအလုပ်တွေကို ထူးခြားတဲ့ရက်၊ ထူးခြားတဲ့နေရာမှာမှလုပ်မယ်
သင့်ကို ကျွန်တော်အကြံပြုပါရစေ။ အကြောင်းက သင်အသက်ရှင်နေတဲ့နေ့ရက်တိုင
စာများများဖတ်ပါ၊ အသိပညာကို လိုက်စားပါ။ သင့်အိမ်ရှေ့ဝံရတာမှာထိုင်ြ
မိသားစု၊ သူငယ်ချင်းမိတ်ဆွေတွေအတွက် အချိန်ပိုပေးပါ။ ကြိုက်နှစ်သက်တဲ့အစားအစာကို
ဘဝဆိုတာ ရှင်သန်ဖို့ချည်းမဟုတ်ဘဲ ပျော်ရွှင်ချမ်းမြေ့ခြင်းတွေ
သိမ်းထားတဲ့ ဝိုင်ဖန်ခွက်လှလှလေးတွေကို ထုတ်လိုက်ပါ၊ ရေမွှေးတွေကို သိမ်းထားဖို့ စိတ်မကူးပါနဲ့။
ဘယ်အချိန်ပဲဖြစ်ဖြစ် သင်သုံးချင်တယ်ဆိုတဲ့အချိန်
"တစ်နေ့နေ့ကျမှ" "တစ်ချိန်ချိန်ကျမှ"ဆိုတဲ့ စကားလုံးကို သင့်အဘိဓာန်ထဲကနေ ဖြုတ်ထုတ်လိုက်ပါ။ ပြီးတော့
"တစ်နေ့နေ့ကျမှ" ရေးမယ်လို့ သင့်စိတ်ကူးထားတဲ့စာကို အခုပဲ ကောက်ရေးလိုက်ပါ။ အိမ်သားတွေကို သင်ဘယ်လောက်ချစ်ကြောင်း ထုတ်ဖော်ပြောလိုက်ပါ။
သင့်ကို ပျော်ရွှင်မှုပေးနိုင်မယ့်၊ အပြုံးအရယ်တွေပေးနိုင်မယ့် ဘယ်အရာကိုမဆို လုပ်ဖို့ မနှောင့်နှေးပါစေနဲ့။
နေ့ရက်တစ်ရက်၊ အချိန်တစ်ချိန်၊ တစ်စက္ကန့်တိုင်းဟာ ထူးခြားမှုရှိပါတယ်။ ဘယ်နေ့၊ ဘယ်အချိန်၊ ဘယ်မိနစ်ဟာ
သင့်ရဲ့နောက်ဆုံးအချိန်ဖြစ်
Sun Yueh (ထိုင်ဝမ်သရုပ်ဆောင်)
တီဗီ ကွန်ပျူတာ ကလေးထိန်းစက် မဟုတ်
ကလေးတို့ကို အပြင်စာဖတ်ခိုင်းသင့်တယ် ဆိုတဲ့အကြောင်းကို ကျမ တင်ပြဆွေးနွေးခဲ့ပါတယ်။ ဒီ တပတ်မှာတော့ ကလေး တို့နဲ့ တီဗီ၊ ဗီဒီယို၊ ကွန်ပျူတာဂိမ်းများ အကြောင်းကို တင်ပြဆွေးနွေးချင်ပါတယ်။
ဒီဘက်ခေတ်က ကလေးများဟာ ကျမတို့ ငယ်ငယ်ကနဲ့ မတူကြတော့ပါဘူး။ ကျမတို့ ငယ်ငယ်တုန်းကတော့ တီဗီတောင်မှ အိမ်တိုင်းစေ့ ရှိကြတဲ့ခေတ် မဟုတ်တာမို့ တီဗီကြည့်ရဖို့တို့၊ ရုပ်ရှင်ကြည့်ရဖို့တို့ ဆိုတာဟာ သိပ်ကိုမှ ခက်ခဲလွန်းလှတဲ့ ခေတ်ပါ။ ဒါပေမယ့် ဒီဘက်ခေတ်မှာတော့ နည်းပညာကလည်း တိုးတက်လာသလို တီဗီတို့ ဗီဒီယိုပြစက်တို့ဆိုတာ ဟာလည်း အရင်ခေတ်ကလိုမျိုး ပိုက်ဆံချမ်းသာတဲ့ အိမ်များမှာမှ အထူးတလည် ထားရတဲ့ ပစ္စည်းမျိုး မဟုတ်တော့ပါဘူး။ အိမ်တိုင်းလိုလိုမှာပဲ အနည်းဆုံး တီဗီလောက်တော့ ရှိနေကြပါပြီ။ အဲဒီလိုပဲ အိမ်အတော်များများမှာလည်း ကွန်ပျူတာတွေ ရှိလာကြသလို ကလေးတို့လည်း ကွန်ပျူတာ ဂိမ်းတွေ၊ တီဗီဂိမ်းတွေနဲ့ ရင်းနှီးလာကြပါတော့တယ်။ နှစ်နှစ်အရွယ် ကလေးလေးပေမယ့် ကွန်ပျူတာဂိမ်း ကို ကောင်းကောင်း ကစားနိုင် ဆော့နိုင်လာကြတာကို တွေ့ရပါတယ်။
ကွန်ပျူတာတွေ၊ တီဗီတွေ ခေတ်စားလာတာမို့ ကျမတို့ ငယ်ငယ်ကလိုမျိုး ပြေးလွှားခုန်ပေါက် ကစားတာ၊ စိတ်ကူး ယဉ်ကစားတာ၊ ဆရာဝန်လုပ်တမ်း ဟင်းချက်တမ်း တို့လိုမျိုး အတုလုပ် ကစားတာတွေ နည်းသထက် နည်းလာပါ တော့တယ်။ မြို့မှာနေတဲ့ ကလေးတွေဆိုရင် အိမ်ခန်းကလည်း ကျဉ်းလှသလို ကားလမ်းမနဲ့လည်း နီးလှသမို့ ပြေးလွှား ကစားစရာ နေရာရယ်လို့လည်း သိပ်မရှိလှပါဘူး။ ဒီလိုနဲ့ပဲ ကလေးတို့ရဲ့ ကစားစရာ ဟာ တီဗီတွေ၊ ဗီဒီယိုဂိမ်းတွေ၊ ကွန်ပျူတာ ဂိမ်းတွေ ဖြစ်လာရပါတော့တယ်။ ကျမတို့ ရဲ့ မြန်မာမိဘ တော်တော်များများကလည်း ထိမှာ ခိုက်မှာ ချော်လဲမှာကို အင်မတန်မှ စိုးရိမ်တတ်ကြတာမျိုးမို့ တီဗီရှေ့မှာ ကလေး ရှိနေခြင်းဟာ ကလေးကို ငြိမ်နေစေတာမို့ ကောင်းတယ်လို့ ထင်တတ်ကြပါတယ်။ နှစ်နှစ်၊ သုံးနှစ်အရွယ် ကလေးလေးတွေကို ကာတွန်းကားတွေ တစ်ခွေပြီး တစ်ခွေ ထိုးပြထား ပြီးတော့ တနေကုန် တီဗီထိုင် ကြည့်စေတဲ့ ကလေးမိဘများကိုတောင်မှ ကျမ တွေ့ဖူးပါတယ်။
တီဗီဂိမ်းတို့ ဗီဒီယိုဂိမ်းတို့ ကစားတာဟာ ကလေးတို့ရဲ့ ကျိုးကြောင်းစဉ်းစားတတ်မှု ဉာဏ်ကို အထောက်အကူဖြစ်စေတယ်လို့ ကလေးသုတေသနပညာရှင်တို့က ဆိုပါတယ်။ အဲဒီလိုပဲ တီဗီ ကြည့်ခိုင်းတာ ဟာလည်း ကလေးတို့ အမြင်အာရုံကနေ တဆင့် အသိလေးတွေ ရရှိနိုင်စေတာပါပဲ။ ဒါပေမယ့် ကျမတို့ဟာ ကလေးတယောက် (လူတယောက်) ကို ပြုစုပျိုးထောင်တဲ့အခါမှာ လူ့ရဲ့ဦးနှောက် ဖွံ့ဖြိုးတိုးတက်လာအောင် တနည်းပြောရရင် ဉာဏ်ကောင်းအောင်တင်မကဘဲ လူ့လောက၀န်းကျင်ထဲမှာ လူဖြစ်လာစေဖို့၊ လူလို ကျင့်ကြံနေထိုင်တတ်ဖို့၊ ကိုယ့်ပတ်ဝန်းကျင်နဲ့ ကိုယ့်ကိုယ်ကို ဒုက္ခပေးတတ်တဲ့ လူတွေ မဖြစ်လာစေဖို့ အတွက် ပျိုးထောင် ပေးရတာမျိုးကိုး။ ကလေးတစ်ယောက်ရဲ့ စိတ်ပိုင်း ရုပ်ပိုင်း မျှမျှတတ ကြီးထွားဖို့ ဆိုတဲ့ ကိစ္စကလည်း သိပ်ကိုမှ အရေးကြီးလှပါသေးတယ်။
တီဗီကို ကလေးထိန်းစက်လိုမျိုး သဘောထားပြီးတော့ ဖွင့်ပေးထားတာဟာ သိပ်ကိုမှ မှားယွင်းတဲ့ အရာပါ။ တီဗီတို့ ကွန်ပျူတာတို့၊ အိုင်ပက်တို့၊ အိုင်ဖုန်းတို့ ဆိုတာဟာ တကယ်တော့ ကလေး ငြိမ်အောင်လို့ သုံးရမယ့် ကလေးထိန်းတဲ့ အရာတွေ မဟုတ်ပါဘူး။ တီဗီရှေ့မှာ၊ ကွန်ပျူတာရှေ့မှာ အကြာကြီး ထိုင်နေကြတာမို့ ကိုယ်လက်လှုပ်ရှားနည်း ပြီး အ၀လွန်တဲ့ ကလေးမျိုးတွေ ဖြစ်တတ်ပါတယ်။ ကွန်ပျူတာဂိမ်းတွေကိုပဲ တယောက်တည်း အမြဲတမ်း ကစားနေတတ်တဲ့ ကလေးမျိုးဟာ အင်မတန်မှ လူ့လောကအတွက် အရေးကြီးလှတဲ့ ပေါင်းသင်း ဆက်ဆံရေး စွမ်းရည်ကို သင်ယူခွင့် မရတော့ ပါဘူး။ မိသားစုဝင် အချင်းချင်း ပြောဆို ရယ်မောပြီးတော့ စကားပြောဖို့ အခွင့်ရေးလည်း မရတော့ပါဘူး။
နောက်တခု အဆိုးဆုံးအရာကတော့ ကျမတို့နိုင်ငံက မိဘတော်တော်များများဟာ ကလေးငြိမ်ရင် ပြီးရော သဘောထားပြီး တော့ အခွေတွေ၊ ဂိမ်းတွေ ဖွင့်ပေးတတ် ကစားခိုင်းတတ်ကြတာပါပဲ။ အဲဒီအခွေတွေ၊ ဂိမ်းတွေထဲမှာ ကလေးအရွယ်နဲ့ မကြည့်သင့်တဲ့ မကစားသင့်တဲ့ အရာတွေ ပါလား၊ မပါလား မဆန်းစစ်တတ်ကြပါဘူး။ တိုက်တဲ့ ခိုက်တဲ့ ဂိမ်းတွေ၊ ဖိုက်တဲ့ ချတဲ့ ဂိမ်းတွေ အခွေတွေ ကြည့်ခိုင်း ကစားခိုင်းတာမို့ ကလေးတို့ ကြမ်းတမ်း ရိုင်းစိုင်း လာတတ်ပါတယ်။ ဒေါသလည်း ကြီးလာတတ်ပါတယ်။
ကျမမှာလည်း ခြောက်နှစ်အရွယ် သားကလေးရှိတာမို့ သူတို့ခေတ်မှာ ပေါ်လာတဲ့ ကွန်ပျူတာဂိမ်းမျိုးစုံကို သူ ကစားချင် ပါတယ်။ မကစားနဲ့လို့ ကျမ မတားပါဘူး။ ဒါပေမယ့် တပတ်ကို သုံးရက်၊ တခါသုံးရင် တနာရီပဲ ပေးကစားပါတယ်။ သားကို တိုက်တဲ့ ခိုက်တဲ့ ဂိမ်းမျိုး၊ သူ့ရဲ့စိတ်ကို ကြမ်းတမ်း စေတဲ့ ဂိမ်းမျိုးကို ကျမ ပေးကစားပါဘူး။ ဘာကြောင့် မကစားခိုင်းရသလဲ ဆိုတာကိုလည်း သားနားလည်အောင် ကျမ ရှင်းပြပါတယ်။ အဲဒီလိုပဲ သူကြည့်မယ့် ကာတွန်းကားမျိုး ဆိုရင်လည်း ကျမ အမြဲပဲ အရင်ကြည့်ပြီးမှ သူ့ကို ပေးကြည့်ပါတယ်။
အခု ကျမတို့ နိုင်ငံမှာ လူတိုင်းနီးပါးလိုလို အင်တာနက်သုံးနိုင်လာကြပါပြီ။ အွန်လိုင်းဂိမ်းတွေကို ကလေးတွေဟာ ဆိုင်မှာ၊ အိမ်က ကွန်ပျူတာမှာ လွယ်လွယ်ကြည့်နိုင် သုံးနိုင်လာ ပါတော့တယ်။ အင်တာနက်ကို သုံးနိုင်လာတာဟာ ကောင်းတဲ့ အရာဖြစ်သလို အင်တာနက်ကတဆင့် မကောင်းတဲ့အရာတွေလည်း ပါဝင်လာနိုင်ပါတယ်။ အကောင်းဆုံးကတော့ မိဘများ အနေနဲ့ အင်တာနက်ဆိုင်မှာ ကလေးကို ဂိမ်းပေးကစားတာမျိုးတွေ မလုပ်သင့်ပါဘူး။ ကိုယ့်အိမ်မှာ အင်တာနက် ချိတ်ထားလို့ ကလေး အင်တာနက် သုံးရင်လည်း ကလေး ဘာတွေကို သုံးနေတယ်၊ ဘယ်လို ဂိမ်းတွေကစားနေတယ်၊ ဘယ်လိုဟာတွေကို ၀င်ကြည့်နေတယ်ဆိုတာကို သိအောင်လို့ ကိုယ့်မျက်စိရှေ့မှာပဲ သုံးခိုင်းသင့် ပါတယ်။ အခန်းထဲမှာ တယောက်တည်း သုံးနေတာမျိုးတွေကို ခွင့်မပြုသင့်ပါဘူး။
နည်းပညာကနေ တဆင့် ကျမတို့ သင်ယူနိုင်တာတွေ၊ စိတ်အပန်းပြေနိုင်တာတွေ အများကြီးပါ။ အဲလိုပဲ ခေတ်မီနည်းပညာကို တလွဲသုံးမိပြီဆိုရင်လည်း ကျမတို့မှာ နဂိုရှိပြီးသား အရည်အချင်းတွေ၊ ပျော်ရွှင်မှုတွေကို ခမ်းခြောက် သွားအောင်လို့ လုပ်ပစ်နိုင်ပါတယ်။ နည်းပညာတွေ တိုးတက်လာတဲ့ ခေတ်ထဲမှာ လူဖြစ်ကြရမယ့် ကလေးတွေအတွက် နည်းပညာရဲ့ ဆိုးကျိုးတွေကို မရစေဖို့ ကာကွယ်ပေးရမှာက မိဘတိုင်း၊ မိသားစုတိုင်းမှာ တာဝန်ဖြစ်ပါတယ်။ ကျမတို့ရဲ့ ကလေးတွေ ကိုယ်လက်လှုပ်ရှား ကစားခွင့်တွေ မရှိတော့ဘဲ၊ စိတ်ကူးယဉ် မကစားတတ်တော့ဘဲ ၊ လူအချင်းချင်း မပေါင်းသင်းတတ်တော့ဘဲ စက်ပစ္စည်းတွေနဲ့ချည်းပဲ နေတတ် ထိုင်တတ်သွားမယ် ဆိုရင်တော့ဖြင့် အနာဂတ်လူမှု အဖွဲ့စည်းတွက် အန္တရာယ် ရှိလာနိုင်ပါတယ်။
နည်းပညာကို အကျိုးရှိရှိ သုံးတတ်ပြီးတော့ လူပီသတဲ့၊ လူသားစိတ်ရှိတဲ့ လူသားလေးတွေ ဖြစ်လာစေဖို့ အတွက် ကျမတို့ စည်းကမ်းကလေး ထားပြီးတော့ ကလေးတို့ကို တီဗီတွေ၊ ကွန်ပျူတာတွေကို သုံးခိုင်းကြရမှာပါ။
(ခေတ်ဘုန်းသစ် သည် စာရေးဆရာမ ပန်းရိပ်ဖြူ၏ ကလောင်ခွဲဖြစ်သည်။ ခေတ်ဘုန်းသစ် ကလောင်အမည်ဖြင့် ကလေးစာပေ၊ ပုံပြင်၊ ကဗျာများရေးသား နေသကဲ့သို့ ပန်းရိပ်ဖြူ ကလောင်အမည်ဖြင့် ရသစာပေ ၀တ္ထုတို၊ ၀တ္ထုရှည်နျင့် ကဗျာများ ရေးသားလျက် ရှိသည်။)
ဧရာဝတီ Aung Ko Min
ပြည်တွင်း လေကြောင်း လိုင်းသစ်များ ထပ်မံ ထွက်ပေါ်ဖွယ်ရှိ
နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုအဖြစ် ပြည်တွင်း လေကြောင်းလိုင်း အသစ်များ ထပ်မံ တိုးလာဖွယ် ရှိနေကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာနမှ ပြောသည်။
“သမ္မတကြီးကလည်း ပြည်တွင်း လေကြောင်းလိုင်းတွေကို နေပြည်တော် အခြေစိုက် ပြေးဆွဲဖို့ ခွင့်ပြုထားတာ ရှိပါတယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီး ကိုယ်စားပြုပြေးဆွဲဖို့ လေကြောင်းလိုင်း ၅ ခု ခွင့်ပြုချက် တင်ထားတာတွေ ရှိပါတယ်” ဟု လေကြောင်းဦးစီးဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။
ပြည်တွင်းတွင် လက်ရှိပြေးဆွဲနေသည့် လေကြောင်းလိုင်းများမှာ MAI Airway ၊ Air Bagan ၊ Air Mandalay ၊ Asian Wings ၊ Air KBZ ၊ Yangon Airway နှင့် Golden Myanmar တို့ ဖြစ်သည်။
ထို့အပြင် ပြည်ပနိုင်ငံများမှ လေကြောင်းလိုင်း ၂၂ လိုင်းက ရန်ကုန်လေဆိပ်သို့ ဆိုက်ရောက် ပြေးဆွဲလျက် ရှိသည်။
မြန်မာနိုင်ငံတွင် လေယာဉ်ကွင်း ၃၃ ကွင်း ရှိသည့်အနက် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ကွင်းတို့မှာ အပြည်ပြည်ဆိုင်ရာလေယာဉ်ကွင်းများ ဖြစ်ကြသည်။
“မြန်မာနိုင်ငံထဲကို ဝင်ထွက်သွားလာနေတဲ့ ပြည်ပခရီးသွားတွေ၊ ဖွံ့ဖြိုးတိုးတက်လာတဲ့ ပြည်တွင်း ခရီးသွားတွေ အတွက် လေကြောင်းလိုင်းတွေ အများကြီး လိုအပ်လာမှာပါ။ လုပ်သာကိုင်သာ လုပ်ငန်း ဖြစ်တာကြောင့် ဝင်ရောက် ရင်းနှီးမြှုပ်နှံသူတွေလည်း ရှိလာနိုင်ပါတယ်” ဟု ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူ ဦးအေးထွန်း က မျှော်လင့်ထားသည်။
ခင်မျိုးသွယ်
မဇ္ဈိမ
မဇ္ဈိမ
ပါရာစီတမောသည် သွေးကင်ဆာများ နှင့် ဆက်နွှယ်မှု ရှိကြောင်း တွေ့ရှိ
ပါရာစီတမောသည် သွေးကင်ဆာများ နှင့် ဆက်နွှယ်မှု ရှိကြောင်း တွေ့ရှိ
ပါရာစီတမောတွင် ပါဝင်သော ဓာတုဓာတ် တစ်မျိုးသည် သွေးကင်ဆာ ရောဂါများ နှင့် ဆက်နွှယ် နေကြောင်း သုတေသန ပညာရှင်များ က တွေ့ရှိ ခဲ့သည်။ ပါရာစီတမော ပုံမှန် သုံးစွဲသူများ ၌ သွေးကင်ဆာ ရောဂါများ ဖြစ်ပွားနိုင်ခြေ ပိုမို မြင့်မားသည် ဟု ဆိုသည်။ ပါရာစီတမော တွင် အက်စီတာ မီနိုဖင် ဟု ခေါ်သော ဓာတ်တစ်မျိုး ပါဝင်ပြီး ယင်းသည် သွေးကင်ဆာ ရောဂါများနှင့် ဆက်နွှယ်နေ ကြောင်း တွေ့ရှိခဲ့ ရခြင်း ဖြစ်သည်။ အစောပိုင်း လေ့လာချက်များ အရ အက်စပရင် သည် အူကင်ဆာ ရောဂါ ဖြစ်ပွား ခြင်းကြောင့် သေဆုံးနိုင်ခြေကို လျှော့ချ ပေးနိုင်ကြောင်း တွေ့ရှိရ သော်လည်း သွေးထွက်စေသည့် အနာများ ဖြစ်ပေါ် နိုင်ခြေ မြင့်မားကြောင်း တွေ့ရှိရသ...ည်။ အကိုက်အခဲ ပျောက်ဆေးများ အနက် ပါရာစီတမောတွင် ပါဝင်သော အစီတာ မီနိုဖင် သည် အခြား အရာများ နှင့် ကွဲပြား သည်ဟု ဆိုသည်။ စီတယ်ရှိ ဖရက်ဒ် ဟက်ချီဆင် ကင်ဆာသုတေသန ဌာန မှ အီမီလီဝှိုက်က ဦးဆောင်လျက် အဆိုပါ သုတေသနကို လုပ်ဆောင် ခဲ့ခြင်း ဖြစ် သည်။ သုတေသန ပညာရှင်များသည် ၀ါရှင်တန် ပြည်နယ်ရှိ အသက်ကြီး အုပ်စု များ၌ ရှိသော အမျိုးသား နှင့် အမျိုးသမီး ပေါင်း ၆၅,၀၀၀ ကို လွန်ခဲ့သည့် ၁၀ နှစ် အတွင်း အကိုက်အခဲ ပျောက်ဆေးများ သုံးစွဲခဲ့မှုကို လေ့လာကာ သုတေသန ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။်from-SweSone Media Group
ပါရာစီတမောတွင် ပါဝင်သော ဓာတုဓာတ် တစ်မျိုးသည် သွေးကင်ဆာ ရောဂါများ နှင့် ဆက်နွှယ် နေကြောင်း သုတေသန ပညာရှင်များ က တွေ့ရှိ ခဲ့သည်။ ပါရာစီတမော ပုံမှန် သုံးစွဲသူများ ၌ သွေးကင်ဆာ ရောဂါများ ဖြစ်ပွားနိုင်ခြေ ပိုမို မြင့်မားသည် ဟု ဆိုသည်။ ပါရာစီတမော တွင် အက်စီတာ မီနိုဖင် ဟု ခေါ်သော ဓာတ်တစ်မျိုး ပါဝင်ပြီး ယင်းသည် သွေးကင်ဆာ ရောဂါများနှင့် ဆက်နွှယ်နေ ကြောင်း တွေ့ရှိခဲ့ ရခြင်း ဖြစ်သည်။ အစောပိုင်း လေ့လာချက်များ အရ အက်စပရင် သည် အူကင်ဆာ ရောဂါ ဖြစ်ပွား ခြင်းကြောင့် သေဆုံးနိုင်ခြေကို လျှော့ချ ပေးနိုင်ကြောင်း တွေ့ရှိရ သော်လည်း သွေးထွက်စေသည့် အနာများ ဖြစ်ပေါ် နိုင်ခြေ မြင့်မားကြောင်း တွေ့ရှိရသ...ည်။ အကိုက်အခဲ ပျောက်ဆေးများ အနက် ပါရာစီတမောတွင် ပါဝင်သော အစီတာ မီနိုဖင် သည် အခြား အရာများ နှင့် ကွဲပြား သည်ဟု ဆိုသည်။ စီတယ်ရှိ ဖရက်ဒ် ဟက်ချီဆင် ကင်ဆာသုတေသန ဌာန မှ အီမီလီဝှိုက်က ဦးဆောင်လျက် အဆိုပါ သုတေသနကို လုပ်ဆောင် ခဲ့ခြင်း ဖြစ် သည်။ သုတေသန ပညာရှင်များသည် ၀ါရှင်တန် ပြည်နယ်ရှိ အသက်ကြီး အုပ်စု များ၌ ရှိသော အမျိုးသား နှင့် အမျိုးသမီး ပေါင်း ၆၅,၀၀၀ ကို လွန်ခဲ့သည့် ၁၀ နှစ် အတွင်း အကိုက်အခဲ ပျောက်ဆေးများ သုံးစွဲခဲ့မှုကို လေ့လာကာ သုတေသန ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။်from-SweSone Media Group
ဟာသလေးတွေ.......
အမေရိကန်နိုင်ငံ၌ ၀က်မွေးမြူသူတစ်ဦးထံသို့ တစ်နေ့သောအခါ လူကြီးလူကောင်းတစ်ဦး ရောက်ရှိလာပြီး စုံစမ်းလေ၏။
“ခင်ဗျားရဲ့ဝက်တွေကို ဘယ်လိုအစာတွေ ကျွေးသလဲဗျ
“ကျွန်တော့်ဝက်တွေကို ထမင်းကျန်၊ ဟင်းကျန်တွေနဲ့ ဟင်းသီးဟင်းရွက်အပုပ်တွေ ရောစပ်ပြီး ကျွေးပါတယ်” “ကြားရတာ စိတ်မကောင်းစရာပဲ။ ကျွန်တော်က ကမ္ဘာ့တိရစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့
ဒဏ်ငွေဆောင်ပြီး (၃) လခန့် ကြာပြန်သော် နောက်ထပ် လူကြီးလူကောင်းတစ်ဦး ရောက်လာပြီး စုံစမ်းပြန်၏။
“ခင်ဗျား ၀က်တွေကို ဘယ်လိုအစာတွေ ကျွေးသလဲဗျ”
“ဟုတ်ကဲ့။ ပေါင်မုန့်ပူတင်း၊ ဒိန်ခဲ၊ အာလူး၊ ကြက်ပေါင်းနဲ့ ဗိုက်တာမင်အားဆေးတွေ ရောစပ်ပြီး ကျွေးပါတယ် ခင်ဗျာ”
“အားပါး- အံ့သြစရာပဲ။ ကျွန်တော်က ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က အရာရှိပါ။ ကမ္ဘာကြီးရဲ့ လူဦးရေ လေးပုံတစ်ပုံလောက် နှစ်စဉ် အငတ်ဘေးကြုံနေရတာကိုတောင်မှ ခင်ဗျားက ခြိုးခြံမှုမရှိဘဲ ဖြုန်းတီးပစ်နေတာ အဲဒီအတွက် ခင်ဗျားကို ဒေါ်လာ (၁၀၀၀) ဒဏ်ငွေရိုက်ပါတယ်”
ဒဏ်ငွေဆောင်ပြီး များမကြာမီ နောက်တစ်ဦး လာပြန်လေ၏။
“ခင်ဗျားဝက်တွေကို ဘယ်လိုအစာတွေ ကျွေးပါသလဲ ခင်ဗျား”
“တစ်ကောင်ကို တစ်ဒေါ်လာစီပေးပြီး ကြိုက်တာဝယ်စားလို့ ပြောလိုက်တယ်”
..............................
တစ်နေ့မှာ အဘွားတစ်ယောက်ဟာ ကုန်စုံဆိုင်တစ်ဆိုင်ကိုသွားပြီ
” ကျွန်မတို့ဆိုင်မှာ ခွေးစာဝယ်မယ်ဆိုရင် အဘွားရဲ့ခွေးကို ပြနိုင်မှ ရောင်းပေးလို့ရပါမယ် ” လို့ ပြောတယ်။
ဒါနဲ့ အဘွားလည်း အိမ်ပြန်ပြီး အိမ်က သူ့ခွေးကိုယူလာခဲ့ပါမှ ခွေးစာဝယ်ယူခွင့်ရသွားပါတယ်။
... နောက်တစ်နေ့မှာလည်း အဘွားက အဲ့ဒီဆိုင်မှာပဲ သူ့အိမ်က ပူစီလေးအတွက် ကြောင်စာ လာဝယ်ပြန်ပါတယ်။ဒီအခါမှာလည်း ကောင်တာက ငွေကိုင် မိန်းကလေးက မနေ့ကလို အလားတူ ပဲ… ” ကျွန်မတို့ဆိုင်မှာ ကြောင်စာဝယ်မယ်ဆိုရင် အဘွားရဲ့ကြောင်ကို ပြနိုင်မှ ရောင်းပေး လို့ရပါ့မယ် ” လို့ ပြောပြန်တယ်။
အဘွားလည်း ဒီမိန်းကလေး တယ်ရစ်ပါလားလို့တောင် မစဉ်းစားတော့ပဲ အိမ်ပြန်ပြီး သူ့ကြောင်မလေးကို ခေါ်ယူလာပြပါတယ်။ ဒါနဲ့ နောက်ဆုံး အဘွားလည်း ကြောင်စာ ၀ယ်ခွင့်ရခဲ့ပါတယ် ။
တတိယနေ့မှာ အဘွားဟာ ကုန်စုံဆိုင်လေးကို ထပ်မံရောက်ရှိခဲ့ပြန်ပါတယ်။ ဒီတစ်ခါတော့ အဘွားလက်ထဲမှာ ကဒ်ထူပုံးငယ်လေး တစ်ခု ပါလာ ပါတယ်။ အဘွားက ကောင်တာက ငွေကိုင် မိန်းကလေးဆီ တန်းသွားလိုက်တယ်။ နောက်.. သူ့ကောင်တာရှေ့မှာရပ်လျှက်က လက်ထဲက ကဒ်ထူပုံး လေးကို ဆန့်တန်းပေးရင်း…
” ငါ့မြေး.. အထဲကို လက်ကလေးနှိုက် စမ်းကြည့်လိုက်စမ်း” လို့ ပြောလိုက်ပါတယ်။ မိန်းကလေး လဲ သူလက်ကလေးဆန့်တန်းလို့ ပုံးထဲ နှိုက်ကြည့် လိုက်တော့ ပူနွေးပြီး နူးညံ့နေတဲ့ အတွေ့ အထိကို သူလက်ဖျားလေးတွေမှာ ခံစားမိလိုက်ပါတော့တယ်။ ဒါနဲ့ မိန်းကလေးလည်း ဇဝေဇ၀ါဖြစ်နေတုန်း အဘွားက အခုလိုပြောလာပါတယ်။
” အဘွားကို အိမ်သာသုံး စက္ကူ တစ်လိပ်လောက်ရောင်းပါကွယ် ” ..တဲ့။
ရီမောပျော်ရွှင်ပါစေ....
(ကိုသောင်း ပုလဲမြေ - မှ ကူးယူတင်ပြပါသည်။)
အမေရိကန်ဒေါ်လာ ၆.၄သန်းတန် နပိုလီယံဓား
အမေရိကန်ဒေါ်လာ ၆.၄သန်းတန် နပိုလီယံဓား
ဧပြီလ ၁၂ ရက် ၂၀၁၃
၁၈၀၄ ကနေ ၁၈၀၅ ခုနှစ်အထိ ပြင်သစ် အင်ပါယာ
အာဏာရှင် ဖြစ်ခဲ့တဲ့ နပိုလီယံကို လူတိုင်း သိပါ တယ်။ သူရဲ့  တူမတူတဲ့ စစ်ရေး ပညာရပ်များ ကြောင့်ကမ္ဘာက ယနေ့တိုင် လေးစားရတဲ့ လူတစ်ယောက် ဖြစ်ပါတယ်။
နပိုလီယံ နေဝင်ခဲ့ပေမယ့်သူ့ရဲ့အောင်မြင်မှုနဲ့ အငွေ့ အသက်တွေဟာ ယနေ့တိုင် ကျန်ရှိနေပါ သေးတယ်။ ဒါကြောင့်သူ့ရဲ့ အသုံးအဆောင် အားလုံးကိုလည်း တန်ဖိုးထား လေးစားမြတ်နိုးကြပါတယ်။ ယင်းထဲမှာ သူ့ရဲ့ ဓားတစ်လက် ပါဝင်ပါတယ်။ နပိုလီယံဓားလို့ လူသိများပြီး ပြင်သစ်နိုင်ငံရဲ့  ရှေးဟောင်းအမွေ အနှစ်လို့ သတ်မှတ်ထားပါတယ်။
...
ဧပြီလ ၁၂ ရက် ၂၀၁၃
၁၈၀၄ ကနေ ၁၈၀၅ ခုနှစ်အထိ ပြင်သစ် အင်ပါယာ
အာဏာရှင် ဖြစ်ခဲ့တဲ့ နပိုလီယံကို လူတိုင်း သိပါ တယ်။ သူရဲ့  တူမတူတဲ့ စစ်ရေး ပညာရပ်များ ကြောင့်ကမ္ဘာက ယနေ့တိုင် လေးစားရတဲ့ လူတစ်ယောက် ဖြစ်ပါတယ်။
နပိုလီယံ နေဝင်ခဲ့ပေမယ့်သူ့ရဲ့အောင်မြင်မ
...
သို့ပေမယ့် လေလံဈေးထဲမှာ ဘီလျံနာ တစ်ဦးကို ရောင်းချလိုက်ပြီး ဖြစ်ပါတယ်။ ၂၀၀ ၇ ခုနှစ် နွေရာသီ ကာလက ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၆.၄ သန်းနဲ့ လေလံဈေးတင်ပြီး ဘီလျံနာ တစ်ဦးက ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာ့ဈေးအကြီးဆုံး လေလံတင် ဓားစာရင်းထဲမှာ ထိပ်တန်း ပါဝင်တဲ့ ဓားတစ်လက် ဖြစ်ပါတယ်။
တိုက်ပွဲတိုင်းမှာ နပိုလီယံဟာ ပစ်စတို တစ်လက်နဲ့ ဓားတစ်လက် အမြဲဆောင်ယူ တိုက်ခိုက်ပြီး ယခု ဓားကတော့ သူအမြဲဆောင်တဲ့ ဓား ဖြစ်တယ်လို့ သိရပါတယ်။
Yoyarlay
တိုက်ပွဲတိုင်းမှာ နပိုလီယံဟာ ပစ်စတို တစ်လက်နဲ့ ဓားတစ်လက် အမြဲဆောင်ယူ တိုက်ခိုက်ပြီး ယခု ဓားကတော့ သူအမြဲဆောင်တဲ့ ဓား ဖြစ်တယ်လို့ သိရပါတယ်။
Yoyarlay
ရေအားလျှပ်စစ် စက်ရုံငယ် ၈ဝ အမှောင်ထွန်းဒေသ အချို့တွင် တည်မည်

”စက်ရုံ တစ်ခုကို ကျပ် ခြောက်သန်း ခန့်မှန်း တွက်ချက်ထားပြီး ဒီဘဏ္ဍာနှစ် ထဲမှာ အပြီး ဆောင်ရွက်ပေးဖို့ လျာထား လိုက်ပါပြီ” ဟု ၄င်းက ဆိုသည်။ လက်ရှိ နိုင်ငံတွင် ကျေးရွာပေါင်း ၆ဝ,ဝဝဝ ကျော်ရှိရာ ၂ဝ,ဝဝဝ သာလျှင် လျှပ်စစ်မီး ရရှိနေကြောင်း၊ ထို့အတွက် ကြောင့် စီမံချက် ထားကာ ဆောင်ရွက် ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြော သည်။
ပအိုဝ်း၊ ပလောင်၊ ဓနုတို့တွင် ရှစ်ခုစီ၊ ကိုးကန့်နှင့် ဝ တို့၌ ၇ ခုစီ၊ နာဂ ၌ ၉ ခုနှင့် ကချင်၊ စစ်ကိုင်း၊ မကွေး၊ ရခိုင်နှင့် ရန်ကုန်တို့တွင် စုစု ပေါင်း ၁၇ ခုဖြင့် ရေအားလျှပ်စစ် စက်ရုံငယ်များ အသီးသီး တည်ဆောက် သွားမည်ဟု ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဦးစီးဌာန စာရင်းများအရ သိရသည်။ နယ်မြေဒေသ၏ တောင်းဆိုချက်၊ ရေအရင်းအမြစ်များဖြစ်သည့် ချောင်း၊ မြောင်း၊ စမ်းရေများရှိရာ အဆိုပါ ဒေသတို့၌ ရေအားလျှပ်စစ် စက်ရုံငယ်များ တည်ဆောက်သွား မည့်လုပ်ငန်းအပြင် အိမ်ခြေပေါင်း ၁၃,၆၃၁ ခုကို ဆိုလာ မီးပေးစနစ်များ တပ်ဆင်ပေး သွားမည်ဟုလည်း ညွှန်ကြားရေး မှူး ဒေါ်ကြူကြူခင်ထံမှ ထပ်မံသိရသည်။
ရေအားလျှပ်စစ် စက်ရုံငယ် ၈ဝ နှင့် ဆိုလာ မီးပေးစနစ် ၁၃,၆၃၁ ခုတို့ အတွက် လျာထားငွေ ကျပ် ၃,၂ဝ၆.၂ သန်း သတ်မှတ်ထားပြီး ယခင် ဘဏ္ဍာနှစ်ကကဲ့သို့ တင်ဒါ စနစ်ဖြင့် ကုမ္ပဏီတို့အား ဆောင်ရွက်ခိုင်းဖွယ် ရှိသည်ဟု သိရသည်။
ကျေးလက် မီးလင်းရေးအတွက် ဆိုလာဖြင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနက ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်မှ စ၍ ဆောင်ရွက်ပေးခဲ့ရာ ကျေးရွာပေါင်း ၁၆,ဝဝဝ ခန့်တွင် တပ်ဆင်ပေးခဲ့ပြီးဖြစ်သည်။