Pages - Menu

Pages

Pages

မိန်းကလေးတွေရဲ့ စိတ်ကို ဖောက်ထွင်းမြင်ချင်ပါသလား။

၁) မနှိုင်းနဲ့

“သူ့မိန်းမက အိမ်ထောင်မှု ဘယ်လောက်ထိန်းနိုင်တယ်၊ သူ့ချစ်သူက ဘယ်လိုကြင်နာတတ်တယ်”လို့ ကိုယ့်မိန်းမ၊ ကိုယ့်ချစ်သူကို တစ်ခြားမိန်းကလေးတွေနဲ့ မနှိုင်းနဲ့။ ကိုယ်ချစ်တဲ့သူနဲ့ အတူနေခွင့်ရတာ မင်္ဂလာတစ်ပါးပါ။ မိန်းကလေးအများက ကိုယ်ချစ်တဲ့လူဆီက ကြားရတဲ့ ချီးကျူးစကား တစ်ခွန်းကို အခြားလူတွေဆီက ကြားရတဲ့ ချီးကျူးစကားတွေထက် ပိုတန်ဖိုးပါတယ်။

၂) လျှစ်လျှူမရှူနဲ့

မိန်းကလေးတွေရဲ့ ခံစားမှုအာရုံက လှုပ်ရှားလွယ်တယ်။ ကိုယ်ချစ်တဲ့လူနဲ့ ပတ်သက်လာရင် မကောင်းတဲ့ဖက် တွေးမြင်လွယ်တယ်။ သဝန်တို၊ အူတိုလွယ်တယ်။ ကိုယ်အခက်အခဲ ကြုံတဲ့အခါ သူ့ကို ဖွင့်ပြောတိုင်ပင်ပြီး မျှဝေခံစားမယ်။ သူဝမ်းနည်းအားငယ်တဲ့အခါ လက်ကို တင်းတင်းဆုပ်ကိုင်ပြီး အကြင်နာငွေ့တွေနဲ့ ကူညီအားပေးမယ်။ အလုပ်မသွားခင် ပုစဉ်းရေနား အနမ်းလေးနဲ့ နှုတ်ဆက်မယ်၊ အိမ်ရောက်ရင်လည်း ပြန်ရောက်ကြောင်း ပွေ့ဖက်နှုတ်ဆက်မယ်။ အဲဒီလိုကိုယ့်အတွက် အပန်းမကြီးတဲ့ နှုတ်ဆက်ခြင်းတွေ၊ အပြုအမှုတွေက မိန်းကလေးတွေအတွက် တစ်သက်လုံး တွေးတိုင်း ကြည်နူးစေနိုင်ပါတယ်။


၃) မျက်နှာထား မပြနဲ့

မိန်းကလေးတစ်ယောက်ကို ဒေါသမျက်နှာနဲ့ တင်းပြတတ်တဲ့ ယောက်ျားလောက် ကြည့်ရဆိုးတာ မရှိဘူး။ ကိုယ်က အပြင်မှာ မအားမလပ် စီးပွါးရှာနေသလို သူလည်း အိမ်မှုကိစ္စ၊ ကလေးတွေနဲ့ အလုပ်ရှုပ်နေတယ်ဆို သတိရပေးပါ။ နောက်ကနေ လိုအပ်သမျှ ဖြည့်ဆည်းပေးတဲ့ သူရှိလို့ အပြင်မှာ ကိုယ်စိတ်ချလက်ချ အလုပ်လုပ်နိုင်တယ်ဆိုတာ သတိရပေးပါ။ ကိုယ်အလုပ်က ပြန်ရောက်ရင် “ မိန်းမရေ.. ပင်ပန်းနေပြီလား” နဲ့ “ မပင်ပန်းပါဘူး.. အပြင်ထွက် အလုပ်လုပ်တဲ့ ယောက်ျားက ပိုပင်ပန်းတာ” ဆိုတဲ့ အပြန်အလှန် စကားပုံရိပ်တွေက လှပတဲ့ ပန်းချီကားတစ်ချပ်လိုပါပဲ လူကို ကြည်နူးစေပါတယ်။

၎) ပြိုင်ကြတယ်

ယောက်ျားတွေက အလုပ်ပြိုင်၊ ရာထူးပြိုင်သလို မိန်းကလေးတွေလည်း ကိုယ့်ယောက်ျား၊ ကိုယ့်ကလေးအကြောင်း ပြိုင်တတ်ကြတယ်။ ဒါကြောင့် လူတွေရှေ့မှာ မိန်းကလေးတွေကို မဟောက်၊ မအော်ဘဲ အကြင်နာတွေ၊ ဂရုစိုက်မှုတွေ ပေးပါ။ တစ်ခြားမိန်းကလေးတွေ မနာလိုဝန်တို ဖြစ်စေလောက်တဲ့ အချစ်ကို ရထားတဲ့ မင်းသမီးလို့ သူ့ကိုယ်သူ ထင်မြင်အောင် ကြင်နာပြပါ။ သူဟာထက်မြက်တဲ့ မိန်းကလေးဖြစ်ခဲ့ရင် ကိုယ့်အပေါင်းသင်းရှေ့မှာလည်း ကိုယ့်ဟာ မိန်းမကိုဂရုစိုက် ကြင်နာသူအဖြင့် သူမျက်နှာသာ ပြန်ပေးပါလိမ့်မယ်။

၅) ကြည့်တတ်တယ်

မိန်းမလှလေးတွေ မြင်ရင် ယောက်ျားလေးတွေ ကြည့်တတ်ကြသလို ယောက်ျားလေး ချောချောတွေကို မြင်ရင်လည်း မိန်းကလေးတွေ ကြည့်တတ်ပါတယ်။ ဒါကို သဝန်တို၊ စိတ်တိုနိုင်ပေမယ့် ချောတဲ့ ယောက်ျားကိုကြည့်တဲ့ မိန်းကလေးရဲ့အကြည့်က ချောတဲ့မိန်းကလေးကို ကြည့်တဲ့ ကိုယ့်အကြည့်ထက် ရိုးသားပါတယ်။ မိန်းကလေးတွေ ကြည့်တဲ့အကြည့်က လှတဲ့ပစ္စည်းတစ်ခု၊ ပန်းချီကားတစ်ချပ်ကို ကြည့်ရှုခံစား သလိုပဲ ယောက်ျားလေးတွေလို ကြည့်ပြီး စိတ်ကူးယဉ်တာတွေ မပါပါဘူး။

၆) မရိုက်နဲ့
မိန်းကလေးတစ်ယောက်ကို ရိုက်တတ်တဲ့ ယောက်ျားလောက် အောက်တန်းကျတာ မရှိဘူး။ သူ့ကိုတကယ်ချစ်ရင် အပြန်အလှန် လေးစားမှုဆိုတာ ရှိသင့်တယ်။ လက်မပါသင့်ဘူး။ သူ့ကို မချစ်တော့ရင် ကိုယ့်နှလုံးသားကို ပြန်မေးကြည့်ပါ။ သူ့ကိုပျော်အောင် ဆက်ထားနိုင်မလား? တကယ်လို့ မထားနိုင်ခဲ့ရင် ဆုပ်ကိုင်မထားပါနဲ့။ လက်လွတ်လိုက်ပါ၊ သူ လွတ်လပ်ပါစေ။
၇) နူးညံ့ပါ

မိန်းကလေးတစ်ယောက်ဟာ ဘယ်လောက်ပဲ ထက်မြက်နေပါစေ ယောက်ျားတစ်ဦးရဲ့ ဦးဆောင်ဆုံးဖြတ်မှုကို ပိုအလေးထားကြတယ်။ ဒါမှ ကိုယ့်အတွက် ဘေးကင်းလုံခြုံတယ်လို့ ထင်တတ်ကြတယ်။ မိန်းမတွေဟာ ယောက်ျားတွေရဲ့ နူးညံ့ သိမ်မွေ့တာကို မလွန်ဆန်နိုင်ဘူး။ တကယ်လို့ မိန်းမတစ်ယောက်ရဲ့ နူးညံ့သိမ်မွေ့မှုက ယောက်ျားတစ်ယောက်ကို ရင်ဆိုင်ဖို့ လက်နက်ဖြစ်ခဲ့တယ်ဆိုရင် ယောက်ျားတစ်ယောက်ရဲ့ နူးညံ့မှုက မိန်းကလေးအတွက် အဏှမြူပဲဖြစ်တယ်။ ဒါပေမယ့် မိန်းကလေးတွေမှာ မွေးရာပါ မိခင်စိတ်ရှိတာကြောင့် တစ်ခါတလေ ကိုယ့်ကို ကလေးလေးတစ်ယောက်လို အစစအရာရာ စိုးရိမ်စိတ်တွေပိုပြီး ဗျစ်တောက်ဗျစ်တောက် လိုက်ပြောမယ်။ အလိုလိုက်တတ်သလို၊ ဟိုဟာမလုပ်နဲ့ ဒီလိုလုပ်လို့ လိုက်စွက်ဖက်မယ်။ ဒါတွေကို အပြစ်မမြင် ဗွေမယူ၊ ဒေါသမထွက်ဘဲ နူးညံ့ပေးပါ။ သူဟာ မိခင်စိတ်ရှိတဲ့ မိန်းမသားဖြစ်နေလို့ပါပဲ။

၈) မိသားစုဟာ ပထမ

ယောက်ျားတွေဟာ အလုပ်ကို တာဝန်ယူရတယ်။ အလုပ်အတွက် စာရိတ္တ ကောင်းရတယ်။ အလုပ်ထဲမှာ ပျော်ရွှင်အောင် နေတတ်ဖို့နဲ့ အလုပ်ရဲ့ ကျေးကျွန်မဖြစ်ဖို့ သိတတ်ရတယ်။ အလုပ်လုပ်တာဟာ မိသားစု ပျော်ရွှင်ဖို့အတွက်၊ မိသားစု စားဝတ်နေရေးအတွက်ဆိုရင် ကိုယ်ချစ်တဲ့သူနဲ့ ကိုယ့်သားသမီးတွေ ပျော်ရွှင်ဖို့ ကိုယ်နဲ့အတူနေခွင့် အချိန်ကို မကြာခဏပေးပါ။

၉) ယောက္ခမဆိုတာလည်း မိဘပဲ

မိန်းမကို တကယ်ချစ်ရင် သူ့မိဘတွေကိုလည်း ချစ်ပါ။ စိတ်ထဲမှာ ဒါကိုယ့်မိဘတွေပဲလို့ ထည့်ထားပါ။ ယောက္ခမတွေကို ကိုယ့်မိဘအရင်းလို သဘောထားနိုင်ရင် သူတို့ကလည်း ကိုယ့်ကို သားအရင်းလို သဘောထားကြပါလိမ့်မယ်။ လူတွေက အသက်ကြီး အိုမင်းလာရင် ကလေးလေးနဲ့ တူသွားတတ်သတဲ့။ ဒါကြောင့် တစ်နေ့တစ်ခြား အိုမင်းလာတဲ့ ယောက္ခမ၊ မိဘတွေကို ကလေးတစ်ယောက် သဘောထားပြီး ဂရုစိုက်ပါ၊ ပြုစုပါ။ သူတို့ပျော်ရွှင်အောင် ချော့မြူပါ။ ကိုယ်လဲ တစ်နေ့နေ့မှာ အိုမင်းလာနိုင်တဲ့အတွက် ကြည့်မှန်တစ်ချပ်ကို ပြုလုပ်နေသလိုပဲ ကိုယ့်သားသမီးတွေ အတုယူနိုင်ဖို့ လူအိုတွေကို ဘယ်လိုဂရုစိုက် လေးစားရမယ်ဆိုတာကို သူတို့ သိမြင်ပါစေ။ ဒါမှ နောင်တစ်ချိန်မှာ ကိုယ့်ကို သူတို့ပြန်လေးစားပါလိမ့်မယ်။

၁ဝ) သစ္စာ၊ ယုံကြည်ခြင်း၊ ခွင့်လွတ်ခြင်း၊ နားလည်ခြင်း

လူနှစ်ယောက် ပေါင်းစပ်ဖို့ ဒါတွေ လိုအပ်ပါတယ်။ ကိစ္စတိုင်းကို ဖွင့်ပြော တိုင်ပင်သင့်တယ်ဆိုပေမယ့် တစ်ခါတလေ မတတ်သာတဲ့အချိန်မှာ ချိုသာတဲ့ မုသားကိုလည်း သုံးနိုင်ပါတယ်။ ပြဿနာတစ်ခုခု ရင်ဆိုင်ရပြီဆိုရင် မိန်းကလေးကို အပြစ်မတင်ခင် ကိစ္စတစ်ခုရဲ့ အတိမ်၊ အနက်ကို ဝေဖန်ပိုင်းခြားတတ်ဖို့ လိုပြီး ရှုထောင့် အဖက်ဖက်ကနေ အရင်ကြည့်ရှုခံစားပေးပါ။ မိန်းကလေးဖက်ကနေ ဝင်ရောက်ခံစားတတ်ဖို့လည်း လိုပါလိမ့်မယ်။ ကိုယ်ဟာ သူ့ရဲ့အချစ်ရဆုံးဖြစ်တဲ့အတွက် သူ့ကိုနားလည်ပေးပါ။ အားပေးပါ။ ခွင့်လွတ်ပေးပါ။
ဟာဒရမှပြန်လည်မျှဝေခြင်းဖြစ်ပါသ
ည်။

ဘ၀မှာ အချိန်တစ်နာ၇ီလောက်ပိုအိပ်ရင် ဘာတွေပြောင်းလဲနိုင်သလဲ

ကျွမ်းကျင်သူတွေကတော့ ဘဝ မှာအချိန်တစ်နာရီ ပိုအိပ်ရုံဖြင့် ပြောင်း လဲနိုင်တာတွေဟာ အများကြီးပါလို့ ဖြေခဲ့ပါတယ်။ အချိန်တစ်နာရီပို၍ အိပ်စက်ရုံဖြင့် သင့်ရဲ့ကျန်းမာရေး၊ ကိုယ်အလေးချိန် ၊ အိမ်ထောင်ရေး သာ ယာ မှုတို့အပေါ် သက်ရောက်မှုရှိပါ တယ်။ တကယ်လို့ သင့်ရဲ့ အချိန်ဟာ (၇)နာရီနဲ့ (၈)နာရီအောက်ရောက်နေ ရင်တော့အောက်မှာ ကွန်ပျူတာစော စော ပိတ်ပြီး စောစော အိပ်သင့် တဲ့ အ ကြောင်းပြချက် (၉)မျိုးကိုဖော်ပြလိုက် ပါတယ်။

(၁) လုံလောက်စွာ အိပ်စက်ခြင်းက ကျန်းမာရေးကို ပိုကောင်းစေတယ်
လုံလောက်စွာမအိပ်သူတွေမှာ သွေးတိုး၊ ဆီးချို၊ ကိုယ်အလေးချိန်တိုး ခြင်း နှလုံးရောဂါစတဲ့ ဆိုးဝါးတဲ့ရော ဂါတွေ ပိုဖြစ်လေ့ရှိတယ်လို့ ဆိုပါ တယ်။ လေ့လာမှုတစ်ခုအရ နေ့ဆိုင်း အလုပ်ဆင်းသူ ကျန်းကျန်းမာမာ အလုပ်သမားလူငယ် (၁ဝ)ဦးကို ည တိုင်းဆင်းခိုင်းပြီးရက်အနည
်းငယ်ကြာ သောအခါ ထိုသူတို့၏သွေးတွင်း သကြားဓာတ်မှာ ဆီးချိုဖြစ်ခါနီး လူ တစ်ယောက်ရဲ့သကြားဓာတ်နီးပါးမြင့် တက်နေကြောင်းတွေ့ ရပါတယ်။
(၂) လုံလောက်စွာအိပ်စက်ခြင်းက အိပ်ထောင်ရေးသုခပိုရနိုင်
National Sleep Founda tion မှ ပြောပြချက်အရ လူအားလုံးရဲ့ ၂၆%ဟာအိပ်ရေးမဝဘဲ ပင်ပန်းနွမ်း နယ်နေမှုကြောင့် အိမ်ထောင်ရေး သုခလုံလောက်စွာမရကြောင်း တွေ့ ရ တယ်။ အိပ်ချိန်လုံလောက်စွာ မရ သောသူများတွင် testosterone ဟုခေါ်သည့် လိင်နှင့်ပတ်သက်သော hormone ကျလာကြောင်းလည်း သိရပါတယ်။
(၃) အိပ်စက်ခြင်းဖြင့် နာကျင်မှုဝေ ဒနာများကို သက်သာစေနိုင်
တကယ်လို့များ သင့်မှာ လတ် တလောဒါမှမဟုတ် ယခင်ရရှိခဲ့သော ဒဏ်ရာတစ်ခုခုကြောင့် နာကျင်မှု ဝေဒနာခံစားနေရတယ်ဆိုရင် အိပ် ပျော်အောင်သာအိပ်လိုက်ပါ။ အိပ်စက်ခြင်းဖြင့် နာကျင်မှုဝေဒနာ ခံစားရမှုလျော့နည်းလာကြောင်းကို လေ့လာမှုတွင်အများကြီး လုပ်ပြီး သက်သေပြခဲ့ပါတယ်။ ဒါပေမယ့် ကံမကောင်းစွာဘဲ နာကျင်နေခြင်းက အိပ်စက်ခြင်းကို အနှောင့်အယှက်ပေး ပါတယ်။
(၄) လုံလောက်စွာအိပ်စက်ခြင်းက မတော်တဆထိခိုက်ဒဏ်ရာရမှုကိုလည်း လျော့ကျစေနိုင်
US Institute of Medicine မှ လေ့လာမှုတစ်ခုအရှ့ တွင် ယာဉ်တိုက်မှု(၅)မှုဖြစ်တိုင်း (၁)မှုမှာ အိပ်ရေးမဝသည့်အတွက်ကြောင့် ဖြစ်ရသည်ဟုသိရပါတယ်။
(၅) အိပ်ရေးဝလျှင် တက်တက်ကြွကြွရှိစေပါတယ်။
အိပ်ရေးဝဝအိပ်တဲ့နေ့တိုင်း စိတ် ချမ်းသာဖွယ်ရာ တက်တက်ြွကြွက ရှိလိမ့်မယ်လို့တော့ အာမခံနိုင်ပေမယ့် အိပ်ရေးမဝလျှင်တော့ စိတ်တိုလွယ်၊ ဒေါသထွက်လွယ်တယ်ဆိုတာ သတိ ထားမိမှာပါ။ သင့်ရဲ့ သူဌေးကို စိတ်မ ထိန်းနိုင်ဘဲ နင်ပဲငဆပြန်ပြောမိတာ မျိုးတွေ၊ စိတ်ကိုထိန်းချုပ်ရခက်ခဲတာ မျိုးတွေဟာ အိပ်ရေးမဝတဲ့နေ့တွေမှာ ပိုဖြစ်တတ်ပါတယ်။
(၆) အိပ်ရေးဝဝအိပ်ခြင်းက ကိုယ်အ လေးချိန်ထိန်းနိုင်
အိပ်ရေးဝဝအိပ်လျှင် ကိုယ်အ လေးချိန် ထိန်းနိုင်ပါတယ်။ အပြန်အ လှန်အားဖြင့်ကောင်းကောင်းမအိပ်တဲ့ သူတွေမှာ ကိုယ်အလေးချိန်ပိုတိုးတတ် ပါတယ်။ ဘာကြောင့်လဲ။
(က) သင်ပင်ပန်းတဲ့နေ့တွေမှာ ပင်ပန်း တာကိုပြေပျောက်စေရန် အရသာရှိတဲ့ အစားအစာတွေကို ပိုစားဖြစ်ပါတယ်။
(ခ) Leptin ဆိုတဲ့ hormone က ကျွန်တော်တို့ရဲ့ အစာစားချင်စိတ်ကို တင်းတိမ်စေရန် ဆောင်ရွက်ပေးပါ တယ်။ တကယ်လို့အိပ်ရေးဝဝမအိပ် ထားတဲ့ သူတွေမှာတော့ Leptin ပမာဏကျသွားပါတယ်။ ဒါကြောင့် အိပ်ရေးမဝပင်ပန်းနေတဲ့လူတွေဟာ တင်းတိမ်တယ်မရှိဘဲအဆက်မပြတ် အဆီများတဲ့အစာတွေ၊ကယ်လိုရီများတဲ့ အစာတွေ စားလေ့ရှိပါတယ်။
(၇) အတွေးအခေါ်များကို ပိုကြည် လင်စေ
အိပ်ရေးပျက်ခြင်းက သင့်ရဲ့ အတွေးအခေါ်၊ သင်ယူနိုင်စွမ်း၊ ဆုံးဖြတ်ချက်ရမှုတို့အပေါ်မှာ သက် ရောက်မှုရှိပါတယ်။
(၈) မှတ်ဉာဏ်ပိုကောင်းစေနိုင်
သင်ခဏခဏမေ့တတ်နေပြီး လား၊ အဲဒါဆိုရင်တော့ ကိုယ့်ရဲ့အိပ် ရေးပျက်ခံတတ်တဲ့ အကျင့်ကို အရင် ဆုံးအပြစ်တင်လိုက်ပါ။ လေ့လာမှု တစ်ခုအရအိပ်ပျော်နေစဉ်မှာကျွန်တော် တို့ဦးနှောက်ကနေ့ခင်းကဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို စနစ်တကျသို လှောင်ပေးပါတယ်၊၊အိပ်ရေးပျက်သူတွေ မှာတော့ဦးနှောက်ကကောင်းကောင်းသို လှောင်ချိန်မရှိတဲ့အတွက် မှတ်ဥာဏ် ကိုကျစေနိုင်ပါတယ်။
(၉) ခုခံအားစနစ်ကိုအားပေးပါတယ်
လေ့လာမှုအသေးစားတစ်ခု တွင် လူ(၁၅ဝ)ဦးအား နှစ်ပတ်ကြာ သူတို့ရဲ့ အိပ်စက်မှုကိုစောင့်ကြည့်ပြီး ထိုသူများအား အအေးမိခြင်းဖြစ်စေ သည့် Cold Virus နှင့် ထိတွေ့ စေ သည့်အခါ တစ်ညလျှင် ည၇နာရီသာ အိပ်သောသူများသည် ၈နာရီအိပ် သောသူများထက် အအေးမိခြင်း ဖြစ်နိုင်ချေသုံးဆခန့်ပိုများကြောင်း တွေ့ ရပါတယ်။ ဒီလေ့လာမှုက သေး ငယ်တဲ့အပြင် တရားဝင်ထုတ်လွှင့်ဖို့ ဆိုရင်တော့ လေ့လာမှုတွေအများကြီး လုပ်ဖို့လိုပါသေးတယ်။
အဝင်း Ref: WMD

ချွေးအလွန်အကျွံ ထွက်ခြင်းကို ဘယ်လို ကုသမလဲ

ချွေးအလွန် အကျွံ ထွက်ခြင်း Hyperhidrosis ဆိုတာ ကတော့ အေးနေတဲ့ အချိန်နဲ့ အနားယူနေ စဉ်မှာ ချွေးများ ထွက်နေခြင်း  ဖြစ်ပါ တယ်။

 ချွေးအလွန် အကျွံ ထွက်ခြင်းဟာ ချွေးဂလင်းအိတ် အလုပ်လုပ်မှုများတဲ့ သူတွေမှာ ဖြစ်တတ်ပြီး အခြားသော ကျန်းမာရေးပြဿနာ တစ်ခုခုကြောင့် ဥပမာ- စိတ်လှုပ်ရှားခြင်း၊  နှလုံးရော ဂါ၊ သွေးဆုံးခြင်း သို့မဟုတ် ကင်ဆာ ရောဂါ ခံစားနေရသူတွေ မှာလည်း ဖြစ်တတ်ပါတယ်။ထိုကဲ့သို့သော သူများအတွက် ဆရာဝန် များဟာ မကြာခဏ အလူမီနီယမ် ကလိုရိုက် ပါဝင်တဲ့ ချွေးနံ့ပျောက်ဆေး ကို အသုံးပြုဖို့ ညွန်ကြားလေ့ရှိကြပါ တယ်။  Anticholinergic Drugs ကဲ့သို့သောဆေးဝါးများဟာ ချွေး ဂလင်းများအား လှုံ့ဆော်မှုကို ကာ ကွယ်ပေးနိုင်တာကြောင့် အဆိုပါ ဆေးဝါးများကိုလည်း ဆရာဝန်များက ညွှန်ကြားလေ့ရှိပါတယ်။

ဒါပေမယ့် ထို ဆေးဝါးများရဲ့ဘေးထွက်ဆိုးကျိုးက တော့ အာခေါင်ခြောက်ခြင်း၊  မူးဝေ ခြင်း၊ ဆီးသွားရတာ ခက်ခဲခြင်းတို့ ဖြစ်စေနိုင်ပါတယ်။Iontophoresis ဆိုတဲ့နည်းလမ်းကတော့ လျှပ်စစ် ဓာတ်ကို အသုံးပြုပြီး ချွေးဂလင်းများ ကို ယာယီပိတ်ဆို့သွားစေကာ ချွေး ထွက်လွန်ခြင်းပြဿနာကို  ဖြေရှင်းနိုင် ပါတယ်။

အရေးအကြောင်းပျောက် စေတဲ့ Botox ထိုးဆေးကို အသုံးပြု ပြီး ချိုင်းချွေးအလွန်အကျွံ ထွက်ခြင်း ပြဿနာကို ဖြေရှင်းနိုင်ပေမယ့် အခြားသော  ခန္ဓာကိုယ်အစိတ်အပိုင်း များတွင် ထိုးပါက ထိုအစိတ်အပိုင်း ရှိ ကြွက်သားများ အင်အားချည့်နဲ့ သွားပြီး ပြင်းထန်စွာ နာကျင်မှုကို ခံစားရစေနိုင်ပါတယ်။
ဒါ့ကြောင့် ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ ချွေး အလွန်အကျွံထွက်ခြင်း အခြေအနေ ကို စနစ်တကျ ကုသသင့်ပါတယ်။
 
From- ရွှေမြန်မာ

ခေတ်စားလာသော အလှအပဆိုင်ရာခွဲစိတ်ပြုခြင်းများထဲမှ ရင်သားပြုပြင်ခြင်းအကြောင်း


ယခုခေတ်တွင် plastic Sur gery နည်းဖြင့် ခွဲစိတ်၍အလှပြု ပြင်မှုမှာ မထူးဆန်းတော့သော ဓလေ့ တစ်ခုပင်ဖြစ်သည်။ အဓိကအားဖြင့် ရင်သားပြုလုပ်ခြင်းက ပိုများလေ သည်။ ရင်သားခွဲစိတ်ပြုပြင်ရာ၌
(၁) ရင်သားတင်းရင်းလှပစေရန် ခွဲစိတ်ခြင်း(Breast Augmentation Sur gery)
(၂) အလွန်အကျွံကြီးနေသူများအား လုံလောက်သောပမာဏလောက်ထိ လျော့ချပေး (Breast Reduc tion Surgery)
(၃) ရင်သားတွဲကျနေမှုအား ပြန်၍မြှင့် တင်ပေးသော ခွဲစိတ်မှု(Breast lift)နဲ့
(၄) ကျန်းမာရေးကြောင့် ရင်သားဖြတ် ထုတ်လိုက်ရသူများတွင် ရင်သားပြန် လည်တည်ဆောက်ပေးမှု (Breast Reconstruction Surgery)ဆိုပြီး ရှိပါတယ်။

(၁) Breast Augmentation (Augmentation Mammoplasty)
ရင်သားတင်းရင်းလှစရာ၌ အဓိကအားဖြင့် ရင်သားအရွယ် အစား၊ အချိုးကျမှု စသည်တို့ကိုပို၍ အကျိုးရှိစေပါတယ်။ Breast Augmentation ကို အကြောင်း အမျိုးမျိုးကြောင့် လုပ်ကြပါတယ်။ တခိျု့က ရင်သားသေးနေလို့၊ တခိျု့က ကိုယ်ဝန်ဆောင်စဉ် ရင်သားပြောင်းလဲ သွားလို့၊တခိျု့ကတော့တစ်ဖက်နှင့်တစ် ဖက်မညီလို့စသဖြင့် အသီးသီးရှိကြပါ တယ်။ရင်သားတင်းရင်းအောင်ပြုလုပ် ခြင်းဆိုသည်မှာမိမိရင်သားအောက်သို့ ဆီလီကွန်အိတ်ထဲ၌ Normal Saline သို့မဟုတ်ဆီလီကွန် gel ကိုမိမိလိုအပ် သောအရွယ်အစားရောက်ရန်ထည့်ပြီး ထိုအရည်အိတ်အား ချိုင်းအောက်သို့ ရင်သားအောက်ခြေ၌ခွဲကြောင်းရာခပ် သေးသေးပေး၍ ထိုနေရာမှတစ်ဆင့် ထည့်ခြင်းဖြစ်သည်။ ရင်သားတင်းရင်း အောင်ခွဲစိတ်မှုမှာ လွယ်ကူရိုးရှင်း သောခွဲစိတ်မှုဖြစ်ပြီး တခိျု့မမျှော်လင့် နိုင်တဲ့ အန္တရာယ်အခိျု့ကလွဲလို့ အန္တရာယ် မရှိနိုင်ပါဘူး။ ဒါပေမယ့် ခွဲစိတ်ပေး မယ့်ဆရာဝန်နဲ့လည်း သေချာတိုင်ပင် ဆွေးနွေးထားရင်ပိုပြီး အဆင်ပြေပါ လိမ့်မယ်။
၂။ Breast Redution Surgery
ရင်သားပမာဏ လျော့ချပေးရ သည့် ခွဲစိတ်မှုဆိုသည်မှာ ကြားရသည့် အခါ အနည်းငယ်စိမ်းနေနိုင်သော် လည်း၊ အတွေ့ရများတဲ့ ခွဲစိတ်မှုပါ။ အခိျု့မိန်းမများမှာ ရင်သားသည် ခန္ဓာ ကိုယ်နှင့်မမျှဘဲ အလွန်ကြီးနေတတ် သည်။ ထိုအခါများတွင် ခါးနာခြင်း၊ လည်ပင်းနာခြင်း၊ ထုံကျင်ခြင်း၊ြွကက် သားများအား လျော့လာခြင်းတို့ဖြစ် တတ်ပါတယ်။ အဲဒီလိုလူနာများတွင် တော့ ပိုနေတဲ့ အရေပြားအဆီတွေနဲ့ တစ်သျှူးတွေကို ဖယ်ထုတ်ပေးဖို့လိုပါ တယ်။ ဒါပေမယ့် ဆိုးကျိုးအနေနဲ့က တော့ ရင်သား၏အာရုံခံစားနိုင်မှုတွေ၊ နို့ချိုတိုက်ကျွေးမှုတွေမှာ ပြဿနာ တွေ့နိုင်ပါတယ်။
၃။ Breast Reconstruction
ရင်သားပြန်လည်တည်ဆောက် ပေးရမှုကိုတော့ ရင်သားကင်ဆာ ကြောင့် ရင်သားဖြတ်ထုတ်လိုက် ရသော (mastectomy)လုပ်ထား သော လူနာများတွင် လုပ်ပေးရတတ် ပါတယ်။ အဲဒီလိုပြန်လည်တည် ဆောက်ပေးတဲ့အခါလူနာရဲ့ ပင်ကိုယ် ရှိအခြားနေရာများမှ တစ်သျှူး(ဥပမာ ဝမ်းဗိုက်အောက်ပိုင်းမှ တစ်သျှူးများ၊ ကျောဘက်မှတစ်သျှူးများနှင့်တင်ပါးမှ အဆီနှင့်တစ်သျှူး)များဖြင့် အစားထိုး ပေးလေ့ရှိပါတယ်။ အစားထိုးသည့် တစ်သျှူးများကို လူနာ၏ရင်ဘက်ြွကက်သားအောက်ဘက်တွင် အစား ထိုးပေးလေ့ရှိပါတယ်။ ဤကဲ့သို့ အစားထိုးခြင်းဖြင့် တစ်ဖက်ရှိရင်သား နှင့်အရွယ်ပမာဏ၊ နို့သီးခေါင်းစ သည်ဖြင့် အတတ်နိုင်ဆုံးတူသည့် အနေအထားထိရနိုင်ပါတယ်။ ရင်သားပြန်လည်တည်ဆောက်ခြင်း ကိုတော့ ရင်သားဖြတ်ထုတ်ပြီး မည် သည့်အချိန်မှာမဆို ပြုလုပ်နိုင်ပါ တယ်။ ဒါ့အပြင် ယင်းခွဲစိတ်မှုသည် ကင်ဆာပြန်ဖြစ်၊ မဖြစ်နှင့်လည်း မည်သို့မျှမသက်ဆိုင်ပါ။ သို့သော်ရက် ချိန်းတော့ မှန်မှန်လာပြသင့်ပါတယ်။ မည်သည့်ကင်ဆာရောမဆို။
Mastopery
ရင်သားမြှင့်တင်ပေးခြင်းကို တော့ အရေပြားတင်းရင်းမှုအား နည်းသောအမျိုးသမီးများတွင်ရင်သား တင်းရင်းမှုအားနည်းပြီး တွဲကျနေလေ့ ရှိသော သူများတွင် လုပ်ပေးရလေ့ရှိ ပါတယ်။ အဲဒီလိုအခြေအနေကို ptasis လို့ခေါ်ပြီး၊ ကုသပုံကတော့ ပိုနေတဲ့အရေပြားကို ဖြတ်ထုတ်လိုက် တာပါပဲ။ နည်းကတော့ အမျိုမျိုးရှိပါ တယ်။
(၁) wise pattern - ရင်သားအောက် ခြေနှင့် ရင်သားအောက်ခြေတစ်ဝိုက်၌ ကျောက်ဆူးပုံခွဲကြောင်းပေးသောနည်း
(၂) Le Jeour- နို့သီးခေါင်းတစ်ဝိုက် မှ အောက်သို့ခွဲရာပေးပြီး ပြုပြင်သော နည်း
(၃) Donut or peri-areolar နို့သီးခေါင်းအောက်ခြေ အညိုတစ် ဝိုက် (periareolar)တွင် သာစွဲ ကြောင်းပေးပြီး ပြုပြင်သည့်နည်း။ ယခုနည်းကတော့အမာရွတ်ကျန်ခဲ့နိုင် ပါတယ်။ ဒါပေမယ့် အစွမ်းထက် လွန်းတဲ့ အမာရွတ်ပျောက်ဆေးတွေ ကတော့ သင့်ရဲ့အမာရွတ်လျော့နည်း စေမှာပါ။
Dr ဟိန်းဝင်းလတ် Ref: MNT
from -Health Updates Journal

သင့်ကို ဝစေသော အချက်ရှစ်ရပ်

၁။ ဖတ်ရှုလေ့လာနိုင်စွမ်း

အစားအသောက်တွေကို ပုံမှန် စားနေပေမယ့် ကိုယ်အလေးချိန် တက်မလာတဲ့သူတွေ ရှိနေသလို  အစားအသောက်ကို ထိန်းချုပ်ပြီး စားနေပေမယ့် ကိုယ်အလေးချိန် မကျသွားတဲ့ သူတွေလည်း ရှိနေပါ လိမ့်မယ်။ ဘာကွာခြားလို့လဲ ဆိုတာ သိချင်နေမှာပါ။ အကြောင်းကတော့ ကိုယ်အလေးချိန် တက်မလာတဲ့သူတွေက အစားအသောက်တွေကို ဝယ်ယူတဲ့အခါ အညွှန်းကို ဖတ်ရှုလေ့လာတဲ့ အလေ့အထ ရှိပြီး ပါဝင်ပစ္စည်းတွေထဲက ဆောင်ရန် ရှောင်ရန်တွေကိုပါ သိထားလို့ပါ။


၂။ ဆော်ဒါသောက်သော အလေ့အထ


လေ့လာမှုတွေအရ တစ်နေ့မှာ ဆော်ဒါ အချိုရည် နှစ်ခွက်နဲ့ အထက် သောက်ရင် မသောက်တဲ့သူတွေထက် ခါးအတိုင်းအတာ ခြောက်ဆလောက် ပိုတုတ်လာတယ်လို့ သိရပါတယ်။

၃။ အိပ်ရေးပျက်ခြင်း


လေ့လာမှုအသစ်တစ်ရပ်အရ အိပ်ရေးပျက်တဲ့အခါ နောက်တစ်နေ့မှာ စိတ်ပိုင်းဆိုင်ရာ တက်ကြွမှု မရှိတော့ဘဲ အစာကို အလွန်အကျွံ စားချင်တဲ့ ဓာတ်တွေ အထွက်များလာတာကြောင့် အစာ စားသုံးမှု များပြီး ကိုယ်အလေးချိန် များလာရတယ်လို့ သိရပါတယ်။ အိပ်ရေးပျက်တဲ့သူတွေက ကောင်းကောင်း အိပ်ရေးဝသူတွေထက် ကယ်လိုရီ လောင်ကျွမ်းနှုန်း ပိုမို လျော့နည်းတယ်လို့ ရုစဗဲ့ဆေးရုံရဲ့ လေ့လာမှုအရ သိရပါတယ်။

၎။ အခန်း အပူချိန်


ကိုယ်အလေးချိန် လျော့ကျလိုပါသလား။ အခန်း အပူချိန်ကို လျှော့ချလိုက်ပါ။ နွေးထွေးထွေးရှိတဲ့ အိမ်မှာနေရင် ကိုယ်အလေးချိန် တက်လာစေတယ်လို့ အဝလွန်မှုဆိုင်ရာ ဂျာနယ်ရဲ့ လေ့လာမှုအရ သိရပါတယ်။ ခန္ဓာကိုယ်က အေးနေတဲ့အခါ ကြွက်သားတွေက အပူထုတ်နိုင်ဖို့ ကျုံ့ရတာကြောင့် ကယ်လိုရီကို လောင်ကျွမ်းစေတာ ဖြစ်ပါတယ်။

၅။ ဝသော သူငယ်ချင်းများ ရှိခြင်း


နယူးအင်္ဂလန် ဂျာနယ်ရဲ့ လေ့လာမှုအရ လူတွေမှာ အဝလွန်တဲ့ သူငယ်ချင်းရှိရင် အဝလွန်တာမျိုး ဖြစ်နိုင်ခြေ များတယ်လို့ သိရပါတယ်။ အသက် ၃၂ နှစ်ကျော်သူ ၁၂၀၆၇ ဦးကို လေ့လာမှုအရ အဝလွန်သူတွေရဲ့ ရင်းရင်းနှီးနှီး ပေါင်းဖော်လေ့ ရှိသူတွေက အဝလွန်နိုင်ခြေ ၁၇၁ ရာခိုင်နှုန်း ပိုမြင့်လာနိုင်ခြေရှိကြောင်း တွေ့ရှိရပါတယ်။ ဒါက သူငယ်ချင်း အပေါင်းအသင်းတွေရဲ့ လွှမ်းမိုးမှုကြောင့် ဖြစ်ရတာ ဖြစ်ပါတယ်။ တကယ်လို့ သင်က သွယ်လျပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်ကို စားသူနဲ့ ပေါင်းဖော်နေရင် သင်ပါ ကိုယ်အလေးချိန် လျော့ကျလာနိုင်ပါတယ်။

၆။ အစာကို အလွန်အမင်း စားခြင်း


တစ်နေ့လုံး အစာကို နည်းနည်းနဲ့ မကြာခဏ စားနေတာက ကယ်လိုရီအများစုကို လျော့ကျဖို့ လွယ်ကူပါတယ်။ တကယ်လို့ အစာကို တစ်ချိန်တည်းမှာ အများကြီး စားတတ်တဲ့ အလေ့အထရှိရင်တော့ ကိုယ်အလေးချိန် မြင့်တက်လာနိုင်ပါတယ်။

၇။ အဆိပ်ရှိသော ဓာတုပစ္စည်းများ


ကျန်းမာနေတဲ့ ကိုယ်ခံစွမ်းအားစနစ်က ဝစေတဲ့ ဓာတုပစ္စည်းတွေရဲ့ အန္တရာယ်ကို လျော့ကျစေပါတယ်။ သင့်အနေနဲ့ အစားအသောက်တွေကို ပလတ်စတစ်ထဲ ထည့်ပြီး စားရင် ပလတ်စတစ်ထဲမှာ phthalate ဆိုတဲ့ ဓာတ် ပါဝင်ကာ အဲဒီဓာတ်ဟာ အဝလွန်စေတဲ့ ဓာတုပစ္စည်းတွေကို ထွက်နှုန်း တိုးစေပါတယ်။

၈။ စိတ်ဖိစီးမှု အဆင့်


နာတာရှည် ဖိစီးမှုခံစားနေရင် သင့်ခန္ဓာကိုယ်ကနေ ကော်တီဆောနဲ့အတူ အင်ဆူလင် ထွက်နှုန်း များစေပါတယ်။ ဒီဓာတ်တွေက အစာစားချင်စိတ်ကို တိုးစေပါတယ်။ အဲဒီအခါ ကယ်လိုရီများတဲ့ အချိုစာနဲ့ အဆီစာတွေကို များများ စားဖြစ်နိုင်ပါတယ်။ ဒါကြောင့် အစာနဲ့ ဖိစီးမှုကို ဖြေဖျောက်ရာက စိတ်ကျေနပ်မှုကို ရနိုင်ပေမယ့် ကိုယ်အလေးချိန်တော့ မြင့်တက်လာပါလိမ့်မယ်။

ကြယ်စင်
(Ref:RD)
By Good Health

သင့်ကျန်းမာရေးအတွက် ရေချိုးသင့်သော အကြောင်းများ


ပင်ပန်းနွမ်းနယ် နေချိန်မှာ ရေစိမ်ကန်ထဲ စိမ်ချိုးတာက ပင်ပန်းမှု ပြေလျော့ပြီး စိတ်ကို လန်းဆန်းသွားစေပါတယ်။  ချိုးရေထဲ ရေချိုးပေါင်ဒါမှုန့် ဒါမှမဟုတ် ရေချိုးဆီ ထည့်ပေးတာက စိတ်နဲ့ခန္ဓာကို အနားရစေပါတယ်။ ဆေးပညာ ကုထုံးဂျာနယ်ရဲ့ လေ့လာ မှုအရ စိတ်ပူပင်သောက များနေသူတွေအတွက် နေ့စဉ် ကြက်သီးနွေးရေထဲ စိမ်ပြီးချိုးတာ ရှစ်ပတ်ကြာတဲ့အခါ ရရှိတဲ့ အာနိသင်ဟာ ဆရာဝန် ညွှန်ကြားတဲ့ ဆေးသောက်တာထက်
ပိုမိုအာနိသင် ရရှိနိုင်တယ်လို့ သိရပါတယ်။ ရေချိုးသင့်တဲ့ တခြား အကြောင်းရင်းတွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။

(၁) အရေပြား ခြောက်သွေ့ ညစ်နွမ်းမှုကို ကင်းဝေးပါတယ်

ရေထဲကို ဂျုံမှုန့်အနည်းငယ်ထည့်ပြီး ရေချိုးပေးတဲ့အခါ ယားယံ ရောင်ရမ်းနေတဲ့ အရေပြားကို အနာကျက်စေပြီး အရေပြား ခြောက်သွေ့ ညစ်နွမ်းမှုကို ကင်းဝေးစေပါတယ်။ ဂျုံမှုန့်ထဲမှာ ပါဝင်တဲ့ ဓာတ်ပေါင်းဟာ အနာကျက်စေတဲ့ အာနိသင်ရှိလို့ပါ။ ဂျုံမှုန့်ကို သန့်ရှင်းခြောက်သွေ့တဲ့ ခြေအိတ်ထဲကို ထည့်ပြီး သားရေကွင်းနဲ့ ချည်ပြီး ပိတ်လိုက်ပါ။ အဲဒီအိတ်ကို ရေနွေး ဒါမှမဟုတ် ရေအေးထည့်ထားတဲ့ ရေချိုးကန်ထဲ ထည့်လိုက်ပြီး အချိန် ၁၅-၂၀ မိနစ်ခန့် စိမ်ပြီး ချိုးပေးရမှာ ဖြစ်ပါတယ်။

(၂) ဦးနှောက်ကို အားဖြည့် ပေးနိုင်ပါတယ်

ရေချိုးကန်ထဲကို မရှိမဖြစ်ဆီ (Essential Oil) ထည့်ပြီး ရေထဲစိမ်ချိုးပေးပါ။ မွှေးရနံ့ဆီတွေက မှတ်ဉာဏ်ကို တိုးတက် ကောင်းမွန်စေသလို စိတ်ဖိစီးမှုကိုလည်း ပြေလျော့ သွားစေပါတယ်။

(၃) အအေးမိဝေဒနာကို တွန်းလှန်နိုင်ပါတယ်

ကြက်သီးနွေးရေ ချိုးပေးတာက နှာခေါင်းပိတ်တာကို သက်သာစေပြီး ခန္ဓာကိုယ် ကိုက်ခဲနာကျင်မှုကို လျော့ပါးစေပါတယ်။ ရေချိုးရင်း အပန်းဖြေတာက ဦးနှောက်ထဲက နာကျင်ကိုက်ခဲမှု လျော့ကျစေတဲ့ အန်ဒေါ်ဖင် ဟော်မုန်းကို အထွက်တိုးစေလို့ပါ။

(၄) ညဘက် ကောင်းကောင်း အိပ်မောကျစေပါတယ်

ညဘက်မှာ ရေချိုးလိုက်တဲ့အခါ ခန္ဓာကိုယ် အပူချိန် လျော့ကျသွားပြီး ခန္ဓာကိုယ်ကနေ မယ်လတိုနင်လို့ခေါ်တဲ့ ဟော်မုန်း အထွက်တိုးစေပါတယ်။ အိပ်ရာမဝင်ခင် ကြက်သီးနွေးရေ ချိုးပေးတာက စိတ်နဲ့ခန္ဓာကို လန်းဆန်း သွားစေတာကြောင့် ကောင်းကောင်း အိပ်မောကျစေပါတယ်။

(၅) ပင်ပန်းမှုကင်းပြီး လန်းဆန်း သွားစေပါတယ်

တစ်နေကုန် ပင်ပန်းနွမ်းနယ် နေချိန်မှာ ရေချိုးလိုက်ရင် ဦးနှောက်ထဲမှာ စိတ်ခံစားမှု ကောင်းပြီး အပန်းပြေ လန်းဆန်းစေတဲ့ ဟော်မုန်းတွေ ထွက်လာစေပါတယ်။

ဇွန်
Ref:Good Health

သန္ဓေတားဆေး သောက်နေသလား

ပရိုဂျက်စတင် (Progestin)  နဲ့ အီစထရိုဂျင် (Estrogen) ဆိုတဲ့ ဟော်မုန်းနှစ်မျိုး ကို ပမာဏ အနည်းငယ်စီ ထည့်သွင်းထားတဲ့ ဟော်မုန်းပါ သန္ဓေတားဆေးကို သောက်နေသူ အိမ်ထောင်ရှင် အမျိုးသမီးတွေ အနေနဲ့ ကိုယ်ဝန်မရစေဖို့ တစ်နေ့တစ်လုံးမှန်မှန် သောက်သုံးဖို့ လိုပါတယ်။ ဒီဟော်မုန်းတွေက သားဥအိမ်ကနေ သားဥမကြွေအောင် တားဆီးပေးပါတယ်။ ဒါပေမဲ့ ဒီဆေးတွေကို သောက်တာကြောင့် လိင်ကနေတစ်ဆင့် ကူးစက်ရရှိနိုင်တဲ့ ရောဂါပိုးတွေကိုတော့ မကာကွယ်နိုင်ပါဘူး။


သန္ဓေတားသောက်ဆေး သောက်ခြင်းဖြင့် ရရှိနိုင်သော ကောင်းကျိုးများ

သန္ဓေတား သောက်ဆေးကို အညွှန်းအတိုင်း နေ့စဉ်မှန်မှန် (Sex ကိစ္စ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ
သောက်ပေးရပါမယ်) သောက်ပေးရင် အမျိုးသမီး အားလုံးနီးပါး (အမျိုးသမီး ၁၀၀ မှာ တစ်ဦးပဲ ကိုယ်ဝန်ရနိုင်ခြေရှိ) ကို ကိုယ်ဝန်မရရှိအောင် တားဆီး ပေးနိုင်ပါတယ်။ ရရှိနိုင်တဲ့ တခြားကောင်းကျိုးတွေကတော့-

  • ရာသီအကြိုနဲ့ ရာသီလာစဉ် ဖြစ်တတ်တဲ့ နာကျင်ကိုက်ခဲမှု ဝေဒနာကို သက်သာစေတယ်၊
  • သားအိမ်ကင်ဆာကို ကာကွယ်ပေးတယ်၊
  • အတွင်းပိုင်းရှိ မျိုးဆက်ပွားအင်္ဂါတွေ မရောင်ရမ်းအောင် ကာကွယ်ပေးတယ်၊   
  • သားဥအိမ်မှာ ရေအိတ်မတည်အောင် ကာကွယ်ပေးနိုင်သလို ရေအိတ်ငယ်တွေ ရှိရင်လည်း ရောဂါလက္ခဏာတွေကို သက်သာစေပါတယ်။
ဒီဆေးကို တိတိကျကျနဲ့ မှန်မှန်ကန်ကန် သောက်မယ်ဆိုရင် အလွန်ထိရောက်စွာ သန္ဓေတားနိုင်ပါတယ်။ ဒီဆေးကို ရပ်ပြီးတာနဲ့ ချက်ချင်း ကိုယ်ဝန်ရနိုင်ခြေ ရှိပါတယ်။

သန္ဓေတားသောက်ဆေး သောက်ခြင်းဖြင့် ရရှိနိုင်သော ဆိုးကျိုးများ

နေ့စဉ် မပျက်မကွက်၊ မမေ့မလျော့ သောက်နေရပါတယ်။ သန္ဓေတားဆေး သောက်သုံးတဲ့ အမျိုးသမီး တချို့မှာ အောက်ပါ ဆိုးကျိုးတွေ ရရှိတတ်ပါတယ်။

  • ပျို့ချင်အန်ချင်ဖြစ်တယ်။
  • စိတ်ခံစားမှု အပြောင်းအလဲတွေ ဖြစ်နိုင်ပါတယ်။
  • ဝက်ခြံတွေ ပိုဆိုးလာတယ် (တချို့အမျိုးသမီးတွေမှာ ဝက်ခြံသက်သာလာပါတယ်)။
  • ကိုယ်အလေးချိန် တက်လာတာ၊ ကျသွားတာ ဖြစ်တတ်တယ်။
  • ခေါင်းကိုက်တာနဲ့ ခေါင်းမူးတာ ဖြစ်နိုင်ပါတယ်။ ရာသီလာတဲ့ ပုံစံပြောင်းလဲတာ (ဥပမာ- ရာသီပုံမှန် မလာတာ၊ ရာသီသွေး နည်းသွားတာ၊ ရာသီလာတဲ့ အကြိမ်ရေ ပုံမှန် မဟုတ်တော့တာ) ဖြစ်တတ်ပါတယ်။ ရင်သားတွေ တင်းမာတာ စတဲ့ ဆိုးကျိုးတွေ ဖြစ်နိုင်ပါတယ်။
Tip! သန္ဓေတားဆေး သောက်တဲ့အတွက် အမျိုးသမီးတွေမှာ လိင်ပိုင်းဆိုင်ရာ အပြုအမူတွေ ပြောင်းလဲတာမျိုး မဖြစ်တတ်ပါဘူး။ အမျိုးသမီးအများစုဟာ သန္ဓေတားဆေးကို အန္တရာယ်ကင်းကင်း သောက်နိုင်ပေမယ့် သွေးခဲတာ၊ လေဖြတ်တာ၊ နှလုံးရောဂါထတာ၊ အဝလွန်တာ၊ ခေါင်းတစ်ခြမ်းကိုက်တာ၊ ဆီးချိုရောဂါရှိတာ၊ ရင်သားကင်ဆာရှိတာ၊ အသည်းရောဂါနဲ့ သည်းခြေရောဂါရှိတာ စတဲ့ အခြေအနေတွေ ရှိရင်တော့ ဆရာဝန်နဲ့ အရင်ဆုံး တိုင်ပင်ဆွေးနွေးပြီးမှ သန္ဓေတားဆေးကို သောက်သင့်ပါတယ်။

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

တစ်ခေတ်ဆန်း လာသော ဘဝကြင်ဖော် ရှာဖွေနည်း


  ပြိုးပြိုးပြက်ပြက် ရောင်စုံခြယ် မီးရောင်အောက် တွင် ဆယ်ကျော်သက် လူငယ်များ ပျော်ရွှင် ယစ်မူးစွာ ကခုန်နေကြသည်။ မြူးကြွကြွရက်ပ် သီချင်း အင်္ဂလိပ် စာသားကို ကခုန်ရင်း ပြိုင်တူဟစ် လိုက် သေးသည်။ စကပ်တိုတို၊ အင်္ကျီကျပ်ကျပ် ဆယ်ကျော်သက် မိန်းကလေးများမှာလည်း သီချင်း သံနှင့် အပြိုင် စည်းဝါးညီညီ ကနေကြသည်။ ယင်းမြင်ကွင်းမှာ အားလပ်ရက် ဆူပါ ဆန်းဒေး မတိုင်မီ စနေနေ့ည စက်တင်ဘာလ ၉ ရက်နေ့ တွင် အင်းလျားလိတ်ဟိုတယ်ရှိ ဝင်ကြေးပေးစရာ မလိုသော နိုက်ကလပ် အခန်းတွင် ဖြစ်သည်။ ထိုနေ့ ထိုနေရာတွင် လာရောက် ကခုန်ကြ သည့် လူငယ်များ အထူး စည်ကားခဲ့ပြီး စီးလာ သည့် ကားများမှာလည်း မြန်မာနိုင်ငံတွင် တရားဝင် တင်သွင်းခွင့် ရလာသော မော်ဒယ်လ်မြင့်ကားများ ကားပါကင်၌ ပြည့်နှက် နေခြင်းက လာရောက်ကြ သော လူငယ်တို့၏ လူနေမှုအသိုင်းအဝိုင်းကို ညွှန်း ဆိုပြ နေသည်။ နှလုံးကို ရိုက်ခတ်စေသည့် ရက်ပ်တီးလုံး သံ လွှမ်းနေသော ခန်းမပြင်ပတွင် ဆေးလိပ်ကိုယ်စီ ခဲ ထားသည့် ဆယ်ကျော်သက် လူငယ်များက မိန်းမ ပျို လေးများနှင့် ရယ်ရယ်မောမော စကားစမြည် ပြောနေသည်ကိုလည်း တွေ့ရသည်။ “ကျွန်တော်တို့က ညတိုင်း လာကကြတယ်။ ကောင်မလေးတွေလည်း ပါတယ်” ဟု
အသက် ၁၇ နှစ်အရွယ် လူငယ် တစ်ဦးက ဆိုသည်။ ယင်းလူငယ်များသည် အွန်လိုင်းမှ တစ်ဆင့် ချိန်းဆိုပြီး လူစုဖွဲ့ကာ လာရောက်ကြခြင်း ဖြစ်သည်။ ထိုကဲ့သို့ ပွင့်လင်းနေသည့် လူငယ် အသိုင်း အဝိုင်းနှင့် တိုးတက် လာသော အွန်လိုင်းခေတ်တွင် တွက်ခြေ ကိုက်နိုင်သော စီးပွားရေး လုပ်ငန်း လုပ်လို သူများက ဝန်ဆောင်မှုများ အတွက် ပုံစံသစ်များ ဖန်တီး လာကြသည်။ ထိုဝန်ဆောင်မှု လုပ်ငန်းတွင် မြန်မာ့ရိုးရာ ဓလေ့၌ စကားလုံး အဆန်းဖြစ်သော ဘဝကြင်ဖော် ရှာဖွေရေး ဝန်ဆောင်မှု လုပ်ငန်းသည် ဈေးကွက် ဝေစုတစ်ခု ဖြစ်လာစေရန် တာစူ ပြင်ဆင်လုပ်ကိုင် လာသည်ကို တွေ့ရသည်။ ထိုကဲ့သို့ လုပ်ဆောင်ခြင်းမှာ 1 Section (3 hour) ခြောက်ထောင်ကျပ် နှုန်းဖြင့် စုံတွဲများ တည်းခို နိုင်သော တည်းခိုခန်းနှင့် မိုတယ်များကဲ့သို့ မဟုတ်ဘဲ ပွင့်ပွင့်လင်းလင်း ရုံးခန်း ဖွင့်လှစ်၍ လုပ်ကိုင်နေ သည့် စီးပွားရေး လုပ်ငန်းဟု ဆိုရမည် ဖြစ်သည်။ “အွန်လိုင်းမှာ Member ဝင်အချင်းချင်း ကိုယ်လိုချင်တဲ့ အိမ်ထောင်ဖက်၊ ကိုက်ညီနိုင်မယ့် လူကိုရွေးချယ်ပြီး Invite လုပ်နိုင်တယ်။ တစ်ဖက် က လက်မခံရင်တော့ မရဘူးပေါ့။ လက်ခံလို့ အဆင် ပြေသွားရင်တော့ အပြင်မှာ တွေ့ပြီး လေ့လာကြ ပေါ့”ဟု Skylark ဘဝကြင်ဖော်ရှာဖွေရေး ဝန်ဆောင်မှု လုပ်ဆောင် ပေးနေသော ဦးဇော်မင်းသန့်က ပြော ကြားသည်။ http://www.skylark-vivahaa.com ကို တည်ထောင်အပြီး လပိုင်း အတွင်းတွင်ပင် Member နှစ်ထောင် ကျော်လာပြီဖြစ်ပြီး ဝင်ရောက်ကြည့် ရှုသူပေါင်း ၂ သိန်း နီးပါး ရှိပြီဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ ထိုကဲ့သို့ ဝန်ဆောင်မှု လုပ်ဆောင်ပေးခြင်းသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးနှင့် တစ်ခုတည်းသော ဝန်ဆောင်မှု ဝက်ဘ်ဆိုက်ဖြစ်ကြောင်း ယင်းဝက်ဘ် ဆိုက်တွင် ဖော်ပြထားသည်။ယင်းဝက်ဘ်ဆိုက်မျိုးသည် အိန္ဒိယနိုင်ငံတွင် စတင် လုပ်ဆောင်ခဲ့ပြီး www.vivahaa.com,www.shadi.com တို့တွင် အဖွဲ့ဝင် လူဦးရေမှာ သန်း ၃၀၀ ဝန်းကျင် ရှိနေသည်။ တရုတ်နှင့် ကိုရီးယား နိုင်ငံတို့ တွင်လည်း ဘဝကြင်ဖော် ရှာဖွေရေး အေဂျင်စီများ ကို တရားဝင် ဖွင့်လှစ်ကာ လုပ်ဆောင်လျက် ရှိသည်။မြန်မာနိုင်ငံ တွင်လည်း အွန်လိုင်း သုံးစွဲမှု တွင်ကျယ်လာသည့် ၂၀၀၉ ခုနှစ် ဝန်းကျင်ခန့်က မြားနတ်မောင် ဝက်ဘ်ဆိုက်သည်လည်း အထက်ပါ ကဲ့သို့ပင် ချိတ်ဆက် ပေးခဲ့ပြီး လူငယ်များ အကြား ပေါ်ပင် ဖြစ်ခဲ့ကာ နောက်ပိုင်းတွင် ငုတ်လျှိုးသွားခဲ့ သည်။ “နိုင်ငံတကာ မှာတော့ ဒီလိုအွန်လိုင်း ဆိုက်တွေ ဟာ Single အမျိုးသား၊ အမျိုးသမီးတွေ အတွက် အဖော်မွန် ရှာရာ၊ Casual Romance or Love အတွက် စိတ်လှုပ်ရှားစရာ ပလက်ဖောင်း တစ်ခုပါ ပဲ။ အဓိကကတော့ အွန်လိုင်းကနေ အသက်၊ နေရာ (လိပ်စာ)၊ ကိုယ်ဟန် အနေအထား၊ လူမျိုးနဲ့ တွေ့မယ့် ဆုံရပ်ကို အဓိကထား ပြောဆိုပြီး ရှာကြတယ်။ မြန်မာပြည်မှာတော့ အခုမှ ခေတ်စမ်းစ ဆိုတော့ ယဉ်ကျေးမှု ဆိုတဲ့ တံတိုင်းကို ဘယ်သို့ ဘယ်ပုံ သွေးတိုး စမ်းမလဲမသိနိုင်ဘူး” ဟု အမေရိကန် ပြည်ထောင်စု အော်ရီဂွန်ပြည်နယ် ပို့တ်လန်းမြို့တွင် နေထိုင်သော မြန်မာနိုင်ငံသား ဘလော့ဂါ ဒူကဘာက မှတ်ချက် ပေးသည်။ ထိုကဲ့သို့ ဝန်ဆောင်မှု လုပ်ဆောင်ပေးသည့် ကုမ္ပဏီများ မြန်မာနိုင်ငံတွင် တရားဝင် မှတ်ပုံတင် ခြင်း မရှိသေးကြောင်း ၎င်းင်းတို့ထံမှ သိရသည်။ “တခြားနိုင်ငံမှာ ဒီလို လုပ်ငန်းတွေ ဖြစ်ထွန်း နေပြီ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း လူငယ် တွေ ပွင့်လင်းလာတဲ့ ကာလမှာ အွန်လိုင်းကနေ လမ်းလွဲတွေ မမှားရအောင်လို့ တီထွင် ကြံဆပြီး လုပ်ဆောင်ထားတာပါ” ဟု ဦးဇော်မင်းသန့်က ယင်းဝက်ဘ်ဆိုက် တည်ထောင်ရခြင်းနှင့် ပတ်သက် ၍ ရှင်းပြသည်။ မြန်မာနိုင်ငံတွင် လုပ်ဆောင်သည့် http://www.skylark-vivahaa.com တွင် ဘဝ ကြင်ယာဖော် အဖြစ် ရွေးချယ် နိုင်သည့် အပြင် မင်္ဂလာ ခန်းမများ၊ ဝတ်စုံများကို ဈေးနှုန်း သက်သာစွာဖြင့် ရွေးချယ်နိုင် ရန် ဆိုင်နာမည်နှင့် လိပ်စာများကိုလည်း ထည့်သွင်း ထားကြောင်း ၎င်းက ဆိုသည်။ ယင်းဝက်ဘ်ဆိုက်မှ တစ်ဆင့် ချိတ်ဆက်တာ အဆင်ပြေ သွားခဲ့သည့် ပထမဦးဆုံး စုံတွဲမှာ မင်္ဂလာ ဆောင်ရန် စီစဉ်နေပြီ ဖြစ်ပြီး မင်္ဂလာဆောင်စီစဉ် ပေးရန်အတွက် သိန်း ၂၃၀ ဖြင့် ညှိနှိုင်း နေကြောင်း၊ ယင်းမင်္ဂလာဆောင်ကို ခန်းမတွင် ကျင်းပရန် မဟုတ်ဘဲ မြက်ခင်းပြင်၌ သတို့သားနှင့် သတို့သမီး တို့က ဟယ်လီကော်ပတာ ရဟတ်ယာဉ်ဖြင့် ဆင်း လာသည့် ပုံစံ စီစဉ်ထားပြီး အခမ်းအနား အပြင် အဆင်များကိုလည်း အမှောင်ချထားကာ ဆလိုက် မီးများနှင့် နတ်ပြည်ပုံစံ စီစဉ်ထားကာ ကားအပု လေးဖြင့် မင်္ဂလာစုံတွဲကို ခေါ်ဆောင်သွားသည့် သဏ္ဌာန် စီစဉ်ထားကြောင်း ၎င်းထံမှ သိရသည်။ “မြန်မာနိုင်ငံမှာ ပထမဦးဆုံးသော ဆန်းသစ် တဲ့ မင်္ဂလာ အခမ်းအနား ဖြစ်အောင်လုပ်ဖို့အတွက် စီစဉ်နေတာပါ။ မင်္ဂလာရက် မရွေးရသေးလို့ မကြေ ညာ သေးတာပါ” ဟု ဦးဇော်မင်းသန့်က ဆိုသည်။ သို့သော် ဘဝကြင်ဖော် ရွေးချယ်ရာတွင် အွန်လိုင်းပေါ်မှ တွေ့ဆုံ ဆွေးနွေးပြီး လူချင်း တွေ့ရ သည့် အလုပ်မှာ အွန်လိုင်း သုံးစွဲသူများ အတွက် အထူးအဆန်း မဟုတ်ပေ။ ယင်းဝက်ဘ်ဆိုက်တွင် တွေ့ဆုံပြီး ဖြစ်ပေါ်လာသည့် ပြဿနာများကို ယင်း ဝက်ဘ်ဆိုက် တည်ထောင်သူတို့က တာဝန်ယူမည် မဟုတ်ပေ။ ၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်း ကာလကပင် စီးပွားရေး မြို့တော် ရန်ကုန်မြို့တွင် တရုတ် လူမျိုး များအတွက် ကြင်ယာဖော် ရှာပေးသော အေဂျင်စီ ရှိခဲ့သည်။ ထိုအေဂျင်စီမှာ အွန်လိုင်းမှ မဟုတ်။ အမှန်တကယ် လူချင်း တွေ့ပေးပြီး ညှိနှိုင်းပေးကြ ခြင်းဖြစ်သည်။ထိုကဲ့သို့ လုပ်ဆောင်ပေးခြင်းသည် ဝန်ဆောင် မှု အခကြေးငွေ အတွက် မဟုတ်။ ထိုကဲ့သို့ ညှိနှိုင်း ဆောင်ရွက်ပေးခြင်းဖြင့် မင်္ဂလာဆောင် အတွက် ကန်ထရိုက် ယူခြင်းသာ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ယင်းလုပ်ငန်း လုပ်ဆောင်နေသူ တို့၏ အဆိုအရ သိရသည်။ “ဒီလုပ်ငန်းဟာ မြန်မာ့ ယဉ်ကျေးမှုနဲ့ မကိုက် ညီဘူးလို့တော့ ပြောလို့မရဘူး။ အဓိကတော့ လူတစ်ယောက်ရဲ့ပင်ကိုယ်ဗီဇနဲ့ပဲ သက်ဆိုင်ပါလိမ့် မယ်” ဟု အသက် ၂၇ နှစ်အရွယ် အွန်လိုင်း သုံးစွဲသူ တစ်ဦးက ဆိုသည်။ မြန်မာလူမျိုးတို့တွင် အာဝါဟ ဝိဝါဟ ဟူသော ထိမ်းမြား လက်ထပ်ခြင်းသည် မင်္ဂလာ တစ်ပါးဟု ဆိုကြသည့် အတိုင်း အမျိုးမျိုး ပြောင်းလဲ လာသော လူမှု ဝန်းကျင်၌ တစ်သက်တွင် တစ်ခါ ဆောင်ကြ သော ဘဝကြင်ယာ ဖော်အတွက် ကိုယ်ပိုင်ဥာဏ် စွမ်းဖြင့် တွေးဆ ဆင်ခြင်ဆုံးဖြတ်ရမည် သာဖြစ် သည်။ ရောင်စုံ မီးရောင်အောက်တွင် ရက်ပ် သီချင်း၊ ဒစ်စကို တီးလုံးသည် နံနက် ၂ နာရီ ထိုးချိန် အထိ မြူးကြွ နေဆဲဖြစ်ပြီး ဆယ်ကျော်သက် လူငယ် ခြောက်ဦးမှာ ချွေးသံ တရွှဲရွှဲဖြင့် ထွက်လာသည်။ ထိုလူငယ်များထဲမှ အသက် ၂၁ နှစ်အရွယ် လူငယ် တစ်ဦး၏ ရင်ခွင်ထဲတွင် ကိုယ်လုံးကိုယ်ပေါက် အချိုးအစား ပြေပြစ်သော အင်္ကျီအနက်၊ စကပ်တိုတို ဝတ်ဆင်ထားသည့် ဆယ်ကျော်သက် မိန်းကလေး တစ်ဦး ရောက်ရှိနေပြီး မော်ဒယ်လ်မြင့် Probox Toyota ကားနှင့် ထွက်ခွာ သွားကြသည်။

Google အမှုဆောင်ဥက္ကဋ္ဌ အဲရစ်ရှမစ် ရန်ကုန်မြို့သို့ ရောက်ရှိ၊ ပြည်တွင်းအိုင်တီ လုပ်ငန်းရှင်များ၊ အိုင်တီဝါသနာရှင်များနှင့် MICT Park ၌ တွေ့ဆုံဆွေးနွေးနေ


Google အမှုဆောင်ဥက္ကဋ္ဌ အဲရစ်ရှမစ် ရန်ကုန်မြို့သို့ ရောက်ရှိ၊ ပြည်တွင်းအိုင်တီ လုပ်ငန်းရှင်များ၊ အိုင်တီဝါသနာရှင်များနှင့်  MICT Park ၌ တွေ့ဆုံဆွေးနွေးနေ Friday, March 22, 2013       Google ၏ အမှုဆောင်ဥက္ကဋ္ဌ အဲရစ်ရှမစ်သည် မတ်လ ၂၂ ရက်(ယနေ့) နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။ အဲရစ်ရှမစ်သည် ၄င်း၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ပထမဆုံးအဖြစ် အိုင်တီနယ်ပယ်မှ လုပ်ငန်းရှင်များ၊ ပညာရှင်များ၊ အိုင်တီဝါသနာရှင်များနှင့် MICTDC ရှိ Conference Hall တွင် တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ်ကို မတ်လ ၂၂ ရက်(ယနေ့) နံနက် ၉နာရီ ခွဲခန့်တွင် စတင်ပြုလုပ်လျှက် ရှိကြောင်း သိရှိရပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ အခြားနယ်ပယ် အသီးသီးမှ စိတ်ပါဝင်စား သူများလည်း တက်ရောက်လေ့လာ နိုင်ကြောင်း သိရသည်။  ယင်းတွေ့ဆုံ ဆွေးနွေးပွဲတွင် အင်တာနက်ကို အသုံးချ၍ မြန်မာနိုင်ငံ၏ အနာဂတ်ဖွံ့ဖြိုး တိုးတက်ရန် ဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့် ပတ်သက်ပြီး အဓိကထား ဆွေးနွေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်မှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။  အဲရစ်ရှမစ်သည် ၂၀၁၃၊ ဇန်န၀ါရီလ အတွင်းက မြောက်ကိုရီးယား နိုင်ငံသို့ သွားရောက်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံသို့ မလာရောက်မီ အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့ကြောင်းလည်း သိရသည်။  Google သည် အင်တာနက် ရှာဖွေရေး အင်ဂျင်အဖြစ်သာမက Gmail, Google+ စသည့် အခြားဝန်ဆောင်မှုများနှင့် Google Nexus စသည့် ထုတ်ကုန်များပါ ကျော်ကြားမှုရှိနေပြီး ယင်းဝန်ဆောင်မှုများကို ပြည်တွင်း၌ သုံးစွဲမှုများစွာ ရှိနေကြောင်း သိရသည်။  Google Company ကို ၁၉၉၈ ခုနှစ်တွင် Larry Page နှင့် Sergey Brin တို့က စတင်တည်ထောင်ခဲ့ပြီး လက်ရှိတွင် Larry Page က စီအီးအိုအဖြစ် တာဝန်ယူ လုပ်ကိုင်လျက်ရှိသည်။ အဲရစ်ရှမစ် အနေဖြင့် Google တွင် စီအီးအိုအဖြစ် ၂၀၀၁ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ လုပ်ကိုင်ခဲ့ပြီး ၂၀၁၁ ခုနှစ်၊ ဧပြီလတွင် Larry Page က စီအီးအိုအဖြစ် ပြောင်းလဲတာဝန်ယူ လုပ်ကိုင်ခဲ့သည်။  Google အမှုဆောင်ဥက္ကဋ္ဌ အဲရစ်ရှမစ် မြန်မာနိုင်ငံသို့ မလာရောက်မီ တစ်ရက်အလို မတ်လ ၂၁ ရက်နေ့၌ Google ၀က်ဘ်ဆိုက်ကို www.google.com.mm ဟူသော မြန်မာနိုင်ငံ ကိုယ်စားပြု ဒိုမိန်းဖြင့် စတင်အသုံးပြု လာနိုင်ကြောင်း သိရသည်။  Eleven Media Group
 Google ၏ အမှုဆောင်ဥက္ကဋ္ဌ အဲရစ်ရှမစ်သည် မြန်မာနိုင်ငံသို့ မတ်လ ၂၂ ရက်(ယနေ့) နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။ အဲရစ်ရှမစ်သည် ၄င်း၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ပထမဆုံး အဖြစ် အိုင်တီနယ်ပယ်မှ လုပ်ငန်းရှင်များ၊ ပညာရှင်များ၊ အိုင်တီဝါသနာ ရှင်များနှင့် MICTDC ရှိ Conference Hall တွင် တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ်ကို မတ်လ ၂၂ ရက်(ယနေ့) နံနက် ၉နာရီ ခွဲခန့်တွင် စတင်ပြု လုပ်လျှက်ရှိကြောင်း သိရှိရပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ အခြားနယ်ပယ်အသီးသီးမှ စိတ်ပါဝင်စား သူများလည်း တက်ရောက်လေ့လာ နိုင်ကြောင်း သိရသည်။

ယင်းတွေ့ဆုံ ဆွေးနွေးပွဲတွင် အင်တာနက်ကို အသုံးချ၍ မြန်မာနိုင်ငံ၏ အနာဂတ်ဖွံ့ဖြိုး တိုးတက်ရန် ဆောင် ရွက်နိုင်မည့် နည်းလမ်းများနှင့်ပတ်သက်ပြီး အဓိကထား ဆွေးနွေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်မှ တာဝန်ရှိသူများ၏ ပြောကြားချက်အရသိရသည်။

အဲရစ်ရှမစ်သည် ၂၀၁၃၊ ဇန်န၀ါရီလအတွင်းက မြောက်ကိုရီးယား နိုင်ငံသို့ သွားရောက် ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံသို့ မလာရောက်မီ အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့ကြောင်းလည်း သိရသည်။

Google သည် အင်တာနက် ရှာဖွေရေး အင်ဂျင်အဖြစ်သာမက Gmail, Google+ စသည့် အခြားဝန်ဆောင် မှုများနှင့် Google Nexus စသည့် ထုတ်ကုန်များပါ ကျော်ကြားမှုရှိနေပြီး ယင်းဝန်ဆောင်မှုများကို ပြည်တွင်း၌ သုံးစွဲမှုများစွာ ရှိနေကြောင်း သိရသည်။

Google Company ကို ၁၉၉၈ ခုနှစ်တွင် Larry Page နှင့် Sergey Brin တို့က စတင်တည်ထောင်ခဲ့ပြီး လက်ရှိတွင် Larry Page က စီအီးအိုအဖြစ် တာဝန်ယူ လုပ်ကိုင်လျက်ရှိသည်။ အဲရစ်ရှမစ် အနေဖြင့် Google တွင် စီအီးအိုအဖြစ် ၂၀၀၁ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ လုပ်ကိုင်ခဲ့ပြီး ၂၀၁၁ ခုနှစ်၊ ဧပြီလတွင် Larry Page က စီအီးအိုအဖြစ် ပြောင်းလဲတာဝန်ယူ လုပ်ကိုင်ခဲ့သည်။

Google အမှုဆောင်ဥက္ကဋ္ဌ အဲရစ်ရှမစ် မြန်မာနိုင်ငံသို့ မလာရောက်မီ တစ်ရက်အလို မတ်လ ၂၁ ရက်နေ့၌ Google ၀က်ဘ်ဆိုက်ကို www.google.com.mm ဟူသော မြန်မာနိုင်ငံ ကိုယ်စားပြု ဒိုမိန်းဖြင့် စတင် အသုံးပြု လာနိုင်ကြောင်း သိရသည်။

မြန်မာအမျိုးသမီများဒါဖတ်ပြီးမှယုံပါ။



ပြည်ပနိုင်ငံများတွင် ရောက်နေကြသော မြန်မာအမျိုးသား လူလိမ် မြောက်များစွာရှိသည်။ သူတို့သည် အွန်လိုင်းပေါ်မှ တဆင့် မြန်မာမိန်းကလေးများကို ဆက်သွယ်ကာ ချစ်ချင် ကြိုက်ချင်ယောင်ဆောင် လက်ထပ်ပါရစေ အစချီ ခွင့်တောင်းကာ ကြိုက်တတ်သည်။ နိုင်ငံခြားသို့ လက်ထပ်ပြီး ခေါ်တော့မယောင် စပွန်စာ ပေးတော့မယောင် လုပ်တတ်သည်။ ထို့နောက် လူကို လာရောက်တွေ့ဆုံကာ လူကို ယူသည်။ ငွေကို ယူသည်။ အတွင်းပစ္စည်းပါ မချန် ကုန်အောင် သိမ်းပြီး ပြစ်ထားခဲ့တော့သည်။ အလိမ်ခံရသူ အများစုသည် ရှက်၍သော်လည်းကောင်း မည်သူ့ကို တိုင်ရမှန်း မသိ၍သော်လည်းကောင်း ပြင်ပအထိ သတင်းမရောက်လာတတ်ကြပေ။ 

သင်တွေ့နေသော လူသည် သင့်ကို ချစ်စကား ကြိုက်စကား ပြောနေသောသူသည် လူလိမ် ဟုတ်မဟုတ်ကို အောက်ပါ အချက်များနှင့် ဆန်းစစ်ပါ။ 

၁. လုပ်ငန်းကိုင်ငန်း ကြီးကြီးမားမား တစ်ခု ပြသခြင်း

ထိုသို့ အလုပ်ကြီး အကိုင်ကြီး ရှိသည် ဆိုလျှင် သေသေချာချာ ဂဂနန မေးပါ။ အလုပ်လိပ်စာ၊ ဖုန်းနံပါတ်၊ နှင့် အိမ်လိပ်စာများ ရအောင်တောင်းပါ။ မပေးလျှင် တစ်ခုခု လွဲနေပြီ ဖြစ်သည်။ အက်ယ၍ ပေးခဲ့လျှင် အမှန်ဧကန် အပြင်တွင် ရှိသော လိပ်စာ ဟုတ်မဟုတ်ကို ဂူဂယ်တွင် ရှာ၍ ရနိုင်သည်။ 

၂. အင်တာနက်တွင် အချိန်များစွာ ဖြုန်းနိုင်ခြင်း

ထိုသူသည် အလုပ်ကြီး အကိုင်ကြီး ရှိလျှင် အင်တာနက်တွင် အချိန်များစွာ ဖြုန်းနိုင်ခြင်း မရှိပါ။ အချိန်ဖြုန်းနေပြီ ဆိုလျှင် သူသည် ၁၀၉၊ ၁၁၀ ဆိုသည်ကို မမေ့ပါနှင့်။ နိုင်ငံခြားတိုင်းပြည်တွင် ကောင်းမွန်စွာ နေထိုင် လုပ်ကိုင်စားသောက်နေသူများမှာ မည်သူမျှ မအားလပ်ပါ။ ဒုက္ခသည်ဘဝနှင့် ရောက်လာပြီး အင်တာနက်တွင် ဂွင်ဖန်နေသူများသာ ဤသို့  အချိန်ဖြုန်းနိုင်ကြသည်။ 
 
၃. ဂုဏ်သရေရှိ လူကြီးလူကောင်းများနှင့် ဓါတ်ပုံများတွဲရိုက်ကာ လူမြင်အောင် ပြသခြင်း

သူတို့သည် ကောင်းမွန်စွာ ဝတ်စားတတ်၏။ စကားပြောလည်း အလွန်ညက်ပြီး လူကြီးလူကောင်းများလာတတ်သော ပွဲများကို တက်ခွင့်ရအောင် ကြိုးစား၏။ ထိုနောက် နာမည်ကြီးပုဂ္ဂိုလ်များဘေးတွင် ဓါတ်ပုံ အတင်းဝင်ရိုက်ကြ၏။ ထိုဓါတ်ပုံကို လူအများမြင်အောင် ထုတ်ဖေါ်ပြသ၏။ အမှန်တကယ် ဘဝအဆင်ပြေ ချောမွေ့ပြီး ဝင်ငွေဖြောင့်သော ယောင်္ကျားသည် အင်တာနက်တွင် မိန်းမ ရှာစရာ မလိုပါ။ ရှာနေပြီဆိုလျှင် သူရှာနေသူသည် သင်တစ်ယောက်တည်း မဟုတ်တော့ပါ။ 

၎. စကားပြော အလွန်ညက်သော်လည်း ရှေ့နောက် စကား မညီခြင်း

မိန်းမတစ်ယောက် ပစ်ကျသွားအောင် ပြောနိုင်သူဆိုလျှင် သတိထားပါ။ ဤမျှ အပြောကောင်းသောသူသည် ကိုယ်တစ်ယောက်ထဲကို ပြောမည် မဟုတ်ပါ။ မိန်းမတကာကို ပြောမည့်သူ စမ်းသပ်မည့်သူ ဖြစ်သည်။ ထိုသို့ ပြောနေသော်လည်း သူ့စကား များ မှန်မမှန် သူမမှတ်မိပါ။ လူလိမ်အများစုသည် ပြောရဖန်များလွန်းသဖြင့် ဘယ်သူ့ကို ဘာပြောမိမှန်း လုံးဝ မမှတ်မိသလို ဘယ်သူနှင့် ဘယ်တုန်းက ဘာဖြစ်ခဲ့သလဲ ဆိုသည်ကိုလည်း မမှတ်မိပါ။ သူ့ကို မေးခွန်းများများ မေးပြီး ရှေ့နောက် စကား ညီမညီ ပြန်လည် ဆန်းစစ်ပါ။ အမှားများစွာ ထွက်ပေါ်လာပါမည်။ 

မှတ်ချက်၊ ယောင်္ကျားကောင်းမှန်ပါက ပြောပြီးစကားကို မရုတ်သိမ်းပါ။ ထိုနည်းတူ အရေးကြီးသော အချက်အလက်များကိုလည်း မေ့မပြစ်ပါ။  

 
၅. ခရီးလွန်စွာ ထွက်တတ်ခြင်း
လိင်မှုကိစ္စ ဝါသနာအလွန်ပါ၍ ရှုတ်ပွေသူများသည် ခရီးထွက် ဝါသနာပါကြ၏။ ခရီးတွေထွက်၊ ဓါတ်ပုံတွေရိုက်၊ တွေ့ရာမှာ တွေ့သည့်မိန်းမကို ကြုံသလို ပြော၍ အိပ်သည်ကို ထမင်းစား ရေသောက်ကဲ့သို့ သဘောထားကြ၏။ ငွေကို ကြုံသလို ဖြစ်သလို ရှာပြီး ခရီးများစွာထွက် ဓါတ်ပုံများစွာ ရိုက်ကြပြီး အင်တာနက်ပေါ်သို့ တင်တော့သည်။ 

၆. နာမည်ကြီး တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရဟန်ဆောင်ထားခြင်း 

ဖေ့စ်ဘွတ်ပေါ်တွင် တွေ့ရလိမ့်မည်။ လူအချို့သည် နာမည်ကြီးတက္ကသိုလ် တစ်ခုခုတွင် တက်နေသယောင်၊ ကျောင်းပြီးခဲ့သယောင် ဟန်ဆောင်ထား၏။ ထိုသို့တက်ခဲ့ခြင်း ဟုတ်မဟုတ် ထောက်လှမ်းနိုင်သော နည်းများစွာ ရှိပါသည်။ မည်သည့်ဘာသာရပ်များကို လေ့လာသင်ယူခဲ့ပြီး မည်မျှ ငွေကုန်ကျကြောင်းကို သေသေချာချာ မေးမြန်းကြည့်ပါ။ 
 
၇. သူသည် သင့်ကို စပွန်ဆာခံပြီး ခေါ်နိုင်မခေါ်နိုင် ဆန်းစစ်ပါ။ 

သူသည် ရှေ့နေမဟုတ်ပါက လူခေါ်သော လိုင်စင် မရနိုင်ပါ။ အကယ်၍ လက်ထပ်ပြီး ခေါ်ချင်သည် ဆိုပါက သူ့တွင် နှစ်စဉ် အခွန်ထမ်းဆောင်ထားသော ငွေကြေး ကြီးကြီးမားမား ရှိရမည် ဖြစ်သည်။ အခွန်ဆောင်ထားသော စာရွက် ရှိမရှိ မေးပါ။ နှစ်စဉ်မည်မျှ အခွန်ဆောင်မဆောင် မေးပါ။ ပြသခိုင်းပါ။ ထိုသို့ ခိုင်လုံသော အချက် မရှိပါက သင့်ကို သူနေထိုင်သော နိုင်ငံသို့ ခေါ်ခွင့် မရှိပါ။ အနောက်နိုင်ငံမှ ဥပဒေများသည် သင်ထင်ထားသည်ထက် များစွာ တင်းကြပ်ပြီး ခက်ခဲပါသည်။ သူက သင့်ထံမှ ငွေတောင်းပြီ သို့မဟုတ် သင့်ကို သူနေသောနိုင်ငံသို့ မခေါ်နိုင်သေးပဲ သင်နှင့် အိပ်ရန် ကြိုးစားပြီ ဆိုလျှင် ထိုသူသည် လူလိမ်ဧကန် ဖြစ်သည်။
                      မြန်မာအမျိုးသမီး အပျိုလေးများအား ဖျက်ဆီးနေသော ထက်ရာဇာMyanmar Express

ဖေ့စ်ဘွတ်ခ်သည် ယောက်ျားလေးများအား ဖြားယောင်းအနိုင်ကျင့်မှု အများဆုံးဖြစ်ပွားရာ လူမှုကွန်ရက်ဖြစ်ကြောင်း လေ့လာတွေ့ရှိ

ဖေ့စ်ဘွတ်ခ်သည် ယောက်ျားလေးများအား ဖြားယောင်းအနိုင်ကျင့်မှု အများဆုံးဖြစ်ပွားရာ လူမှုကွန်ရက်ဖြစ်ကြောင်း လေ့လာတွေ့ရှိ Wednesday, March 20, 2013  ဖေ့စ်ဘွတ်ခ်သည် အင်တာနက်မှတစ်ဆင့် လိင်ပိုင်ဆိုင်ရာ ဖြားယောင်း အနိုင်ကျင့်မှု အများဆုံးဖြစ်ပွားရာ လူမှုကွန်ရက်ဖြစ်ပြီး အနိုင်ကျင့်ခြင်း သည် ပြင်ပနေရာများထက် အွန်လိုင်းပေါ်တွင် ပိုမိုပျံ့နှံ့ ဖြစ်ပွား နေကြောင်း လေ့လာချက်တစ်ရပ်က ဆိုသည်။  ယင်းလေ့လာမှုကို အင်တာနက် အသုံးပြုသူများအတွက် အကြံပေး ၀က်ဘ်ဆိုက် Knowthenet က ဆယ်ကျော်သက်လူငယ်ပေါင်း၂၀၀၀ ကျော်နှင့် ဆွေးနွေးမေးမြန်းမှုများအပေါ် အခြေခံခဲ့ခြင်း ဖြစ်သည်။  ဆိုက်ဘာ အလွဲသုံးစား ပြုခံရသည်ဟုဆိုသော ဆယ်ကျော်သက် လူငယ် ၈၇ ရာခိုင်နှုန်းခန့်သည် မာ့ခ်ဇူကာဘာ့ဂ်ထူထောင်ထားသော ဖေ့စ်ဘွတ်ခ်ဝက်ဘ်ဆိုက်မှတစ်ဆင့် ပစ်မှတ်ထား အနိုင်ကျင့်ခံရခြင်းဖြစ်ပြီး လူငယ်ငါးပုံတစ်ပုံဝန်းကျင်သည် တွစ်တာဝက်ဘ်ဆိုက်မှတစ်ဆင့် ပစ်မှတ်ထားခံရခြင်းဖြစ်ကြောင်း ယင်းအစီရင်ခံစာတွင် ဆိုသည်။  ယင်းသို့ မကြာခဏ အနိုင်ကျင့် အလွဲသုံးစားပြုမှု ခံရသူအများစုသည် အသက် ၁၉ နှစ်အရွယ် ယောက်ျားလေးများဖြစ်ကြသည်။  အနိုင်ကျင့်ခံရသူ ဆယ်ကျော်သက်များ၏ ၄၉ ရာခိုင်နှုန်းသည် ယင်းဝက်ဘ်ဆိုက်များအား အသုံးမပြုချိန် (အော့ဖ်လိုင်းဖြစ်နေစဉ်) အနိုင်ကျင့်ခံရပြီး ၆၅ ရာခိုင်နှုန်းသည် အွန်လိုင်းတွင်ရှိစဉ် အလွဲသုံးစားလုပ်ခံရခြင်းဖြစ်ကြောင်း သိရသည်။  ယင်းသို့ဖြားယောင်းမှုကို ကြုံတွေ့ခဲ့ဖူးသူများအနက် ၃၇ ရာခိုင်နှုန်း သာလျှင် သက်ဆိုင်ရာ လူမှုကွန်ရက်သို့ အကြောင်းကြား ခဲ့ကြောင်း လေ့လာတွေ့ရှိခဲ့သည်။ လူမှုကွန်ရက် ၀က်ဘ်ဆိုက် အမြောက်အမြားသည် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစား ပြုလိုသူများအတွက် အကြိုက်တွေ့စရာ အသုံးချခံနေရာများ ဖြစ်လာကြောင်း Knowthenet က ဆိုသည်။  အသက် ၁၃ နှစ်မှ ၁၉ နှစ်ကြားရှိ လူငယ်များ၏ ၁၃ ရာခိုင်နှုန်းခန့်သည် BlackBerry Messenger မှတစ်ဆင့် ပစ်မှတ်ထားခံရပြီး ရှစ်ရာခိုင်နှုန်းသည် Bebo မှတစ်ဆင့်နှင့် ၄ ရာခိုင်နှုန်းသည် Whatsapp မှတစ်ဆင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။ ၃၄ ရာခိုင်နှုန်းခန့်သည် တစ်လကျော်ကြာ ဖြားယောင်းအနိုင်ကျင့်ခံခဲ့ရကြောင်း ထွက်ဆိုခဲ့ကြသည်။  လူငယ်အများအပြားသည် အသံတိတ်ခံစားနေရကြောင်း အနိုင်ကျင့်မှု တိုက်ဖျက်ရေးအသင်းအဖွဲ့ Beat-Bullying တည်ထောင်သူ အမ်မာဂျိန်းခရော့စ်က ပြောကြားခဲ့သည်။  မိန်းကလေးများသည် အွန်လိုင်းမှတစ်ဆင့်ဖြားယောင်းခြင်းကို  ခုခံနိုင်မှု ပိုမိုအားနည်းသည်ဟု အချို့က ယူဆကြသော်လည်း ယောက်ျားလေးများသည် အွန်လိုင်းမှတစ်ဆင့် ဖြားယောင်းအလွဲသုံးစားပြု ခံရနိုင်ခြေ ပိုမိုများပြားနေသည်ကို ယင်းလေ့လာမှုက ပြသနေသည်။  Ref:DailyMail Eleven Media Group

ဖေ့စ်ဘွတ်ခ်သည် အင်တာနက်မှတစ်ဆင့် လိင်ပိုင်ဆိုင်ရာ ဖြားယောင်း အနိုင်ကျင့်မှု အများဆုံးဖြစ်ပွားရာ လူမှုကွန်ရက်ဖြစ်ပြီး အနိုင်ကျင့်ခြင်း သည် ပြင်ပနေရာများထက် အွန်လိုင်းပေါ်တွင် ပိုမိုပျံ့နှံ့ ဖြစ် ပွား နေကြောင်း လေ့လာချက်တစ်ရပ်က ဆိုသည်။
ယင်းလေ့လာမှုကို အင်တာနက် အသုံးပြုသူများအတွက် အကြံပေး ၀က်ဘ်ဆိုက် Knowthenet က ဆယ်ကျော်သက် လူငယ်ပေါင်း၂၀၀၀ ကျော်နှင့် ဆွေးနွေးမေးမြန်းမှုများအပေါ် အခြေခံ ခဲ့ခြင်း ဖြစ်သည်။

ဆိုက်ဘာ အလွဲသုံးစား ပြုခံရသည်ဟုဆိုသော ဆယ်ကျော်သက်လူငယ် ၈၇ ရာခိုင်နှုန်းခန့်သည် မာ့ခ်ဇူကာဘာ့ဂ်ထူထောင်ထားသော ဖေ့စ်ဘွတ်ခ်ဝက်ဘ်ဆိုက်မှ တစ်ဆင့် ပစ်မှတ်ထား အနိုင်ကျင့်ခံ ရခြင်းဖြစ်ပြီး လူငယ်ငါးပုံတစ်ပုံဝန်းကျင်သည် တွစ်တာဝက်ဘ်ဆိုက်မှတစ်ဆင့် ပစ်မှတ်ထားခံရခြင်းဖြစ်ကြောင်း ယင်းအစီရင်ခံစာတွင် ဆိုသည်။

ယင်းသို့ မကြာခဏ အနိုင်ကျင့် အလွဲသုံးစားပြုမှု ခံရသူအများစုသည် အသက် ၁၉ နှစ် အရွယ် ယောက်ျားလေးများဖြစ်ကြသည်။

အနိုင်ကျင့်ခံရသူ ဆယ်ကျော်သက်များ၏ ၄၉ ရာခိုင်နှုန်းသည် ယင်းဝက်ဘ်ဆိုက်များအား အသုံးမပြုချိန် (အော့ဖ်လိုင်းဖြစ်နေစဉ်) အနိုင်ကျင့်ခံရပြီး ၆၅ ရာခိုင်နှုန်းသည် အွန်လိုင်းတွင်ရှိစဉ် အလွဲသုံးစား လုပ်ခံ ရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ဖြားယောင်းမှုကို ကြုံတွေ့ခဲ့ဖူးသူများအနက်

၃၇ ရာခိုင်နှုန်းသာလျှင် သက်ဆိုင်ရာ လူမှုကွန်ရက်သို့ အကြောင်းကြား ခဲ့ကြောင်း လေ့လာတွေ့ရှိခဲ့သည်။ လူမှုကွန်ရက် ၀က်ဘ်ဆိုက် အမြောက်အမြားသည် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစား ပြုလိုသူများအတွက် အကြိုက်တွေ့စရာ အသုံးချခံနေရာများ ဖြစ်လာကြောင်း Knowthenet က ဆိုသည်။

အသက် ၁၃ နှစ်မှ ၁၉ နှစ်ကြားရှိ လူငယ်များ၏ ၁၃ ရာခိုင်နှုန်းခန့်သည် BlackBerry Messenger မှတစ်ဆင့် ပစ်မှတ်ထားခံရပြီး ရှစ်ရာခိုင်နှုန်းသည် Bebo မှတစ်ဆင့်နှင့် ၄ ရာခိုင်နှုန်းသည် Whatsapp မှတစ်ဆင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။ ၃၄ ရာခိုင်နှုန်းခန့်သည် တစ်လကျော်ကြာဖြားယောင်းအနိုင်ကျင့်ခံခဲ့ရကြောင်း ထွက်ဆိုခဲ့ကြသည်။

လူငယ်အများအပြားသည် အသံတိတ်ခံစားနေရကြောင်း အနိုင်ကျင့်မှု တိုက်ဖျက်ရေးအသင်းအဖွဲ့ Beat-Bullying တည်ထောင် သူ အမ်မာဂျိန်းခရော့စ်က ပြောကြားခဲ့သည်။

မိန်းကလေးများသည် အွန်လိုင်းမှတစ်ဆင့်ဖြားယောင်းခြင်းကို ခုခံနိုင်မှု ပိုမိုအားနည်းသည်ဟု အချို့က ယူဆကြသော်လည်းယောက်ျားလေးများသည် အွန်လိုင်းမှတစ်ဆင့် ဖြားယောင်းအလွဲသုံးစားပြု ခံရနိုင်ခြေ ပိုမိုများပြားနေသည်ကို ယင်းလေ့လာမှုက ပြသနေသည်။

သင့်ခန္ဓာကိုယ်၏ အံ့မခန်း လှည့်ကွက်များ


သင့်ခန္ဓာကိုယ်၏ အံ့မခန်း လှည့်ကွက်များ =========================== ၁) သင့်လည်ချောင်းထဲက ယားနေတယ်ဆိုရင် နားရွက်ကိုကုတ်လိုက်ပါ... နားရွက်မှာရှိတဲ့ အာရုံကြောတွေကိုလှုံ့ဆော်မိတဲ့အခါ အဲ့ဒီအာရုံကြော တွေဟာ လည်ချောင်းထဲက ကြွက်သားတွေကို အလိုအလျောက် ရုတ်တရက် တုံ့ပြန်စေပြီး ယားယံမှုကို ပျောက်ကင်းပါလိမ့်မယ်....  ၂) လူတွေဆူညံနေတဲ့ နေရာမှာ ဒါမှမဟုတ် ဖုန်းပြောတဲ့နေရာ တစ်ယောက်ယောက်ရဲ့ အသံကို မကြားနိုင် ဖြစ်နေပါသလား.... ရုတ်ချည်း ပြောလိုက်တဲ့အသံကိုကြားဖို့ဆိုရင်တော့ ညာဘက်နားကို အသုံးပြုပါ... ဂီတသံစဉ်တွေကိုနားထောင်ဖို့ဆိုရင်တော့ ဘယ်ဘက်နားကို အသုံးပြုပါ....  ၃) သန့်စင်ခန်း ဒါမှမဟုတ် တခြားသင့်တော်တဲ့ တစ်နေရာရာနဲ့ အလှမ်း ဝေးနေတဲ့အချိန်မှာ သင့်အနေနဲ့ အလွန်အမင်း အခင်းကြီးငယ် သွားချင် နေတယ်ဆိုရင် သင့်ရဲ့ ချစ်သံယောဇဉ်လေးတွေအကြောင်း စိတ်ကူးယဉ် လိုက်ပါ... ဒါက သင့်ဦးနှောက်ကို အာရုံလွှဲပြောင်းပေး နိုင်ပါတယ်....  ၄) ဆရာဝန်က သင့်ကိုဆေးထိုးတော့မယ်ဆိုရင် ဆေးထိုးအပ်ဝင်တာနဲ့ ချောင်းဟန့်လိုက်ပါ... ချောင်းဆိုးချောင်းဟန့်တာဟာ သင့်ရဲ့ ကျောရိုးပြွန် ထဲက ဖိအားကိုမြင့်တက်စေပြီး ဦးနှောက်ကို နာကျင်မှုဝေဒနာ ပေးပို့တဲ့ အခါမှာ ကန့်သတ်ထားစေနိုင်ပါတယ်...  ၅) နှာစေးနေလို့ နှာခေါင်းပိတ်နေတဲ့အခါမျိုး... အသက်ရှူ လမ်းကြောင်း ပိတ်နေတဲ့ အခါမျိုးမှာ သင့်လျှာကို ခံတွင်းအပေါ်ဘက်နံရံမှာဖိကပ်ထားပြီး မျက်ခုံးနှစ်ခုကြားမှာ လက်တစ်ခေါင်းနဲ့ဖိထားလိုက်ပါ... ဒီအနေအထား အတိုင်း စက္ကန့် ၂၀ လောက် ထားလိုက်ခြင်းဖြင့် သင့်နှာနုရိုးကို လှုပ်ခါ စေနိုင်ပြီး ပိတ်ဆို့နေတာတွေ လျော့ပါးပြီး ရှင်းလင်းသွားစေနိုင်ပါတယ်....  ၆) အစားကောင်း အသောက်ကောင်းတွေ အားပါးတရစားပြီး အရမ်းပြည့် အင့်ကာ အိပ်ချင်လာပြီဆိုရင် ဘယ်ဘက်ကို စောင်းပြီး လှဲလျောင်းပါ... ဒီပုံစံဟာ သင့်အစာအိမ်ကို အစာပြွန်ထက်ပိုနိမ့်တဲ့ အနေအထားမှာ ရှိတဲ့အတွက် အစာချေရည်အက်ဆစ်ပြောင်းပြန်စီးဆင်းမှုကို တားဆီးပေးပြီး အစာချေရည်တွေ သင့်လည်ချောင်းထဲက မထွက်လာအောင် ထိန်းပေးထား နိုင်ပါတယ်...  ၇) သင် သွားကိုက်တယ်ဆိုရင် ရေခဲတုံးတစ်တုံးနဲ့ လက်မနဲ့လက်ညိုး ကြားက လက်ဖမိုးနေရာလေးကို ပွတ်ပေးခြင်းဖြင့် ပျောက်ကင်းနိုင် ပါတယ်... အဲ့ဒီနေရာက အာရုံကြောဟာ ခံတွင်းကနာကျင်မှု ဝေဒနာကို သိတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းကို ပိတ်ဆို့အောင် လှုံ့ဆော်ပေးနိုင် ပါတယ်...  ၈) သင်အလွန်အကျွံအရက်မူးတဲ့အခါ အခန်းတစ်ခုလုံးချာချာလည်လာပြီး ဟန်ချက်ထိန်းနိုင်အောင် တစ်ခုခုကို ဆုပ်ကိုင်ထားရပါတယ်... ဘာကြောင့် လဲ ဆိုတော့ အရက်ဟာ cupula လို့ခေါ်တဲ့ နားထဲက ဟန်ချက်ထိန်းတဲ့ အစိတ်အပိုင်းရဲ့ သွေးကို ရေဓာတ်လျော့ပါးပြီး အားနည်းစေလို့ပါပဲ... တစ်ခုခုကို ဆုပ်ကိုင်လိုက်တဲ့အခါ ဦးနှောက်က နောက်ထပ်ရည်ညွန်း မှတ်တစ်ခုကို ရရှိသွားပြီး ချာချာလည်ခြင်းကရပ်အောင် လုပ်ဆောင် ပေးပါတယ်....  ၉) နှာခေါင်းသွေးယိုတဲ့အခါ နှာခေါင်းအောက်နားမှာရှိတဲ့ အပေါ်ဘက် သွားဖုံးပေါ်က အခွက်လေးထဲမှာ ဂွမ်းနည်းနည်းကိုခုပြီး ခပ်နာနာလေး ဖိပေးပါ... နှာခေါင်းကယိုတဲ့သွေးအများစုဟာ နှာခေါင်းအလည်က အရိုးနု (နှာနုရိုး) ကနေ လာတာဖြစ်တဲ့အတွက် ဒီလိုဖိလိုက်ရင် သွေးယိုရပ်သွား စေနိုင်ပါတယ်...  ၁၀) စိတ်လှုပ်ရှား ထိတ်လန့်နေသလား... သင့်နှလုံးခုန်နှုန်းကို လက်မကို မှုတ် (စုပ်) ရင်း လျှော့ချနိုင်ပါတယ်... vangus လို့အမည်ရတဲ့ အာရုံ ကြောဟာ နှလုံးခုန်နှုန်းကို ထိန်းချုပ်ပေးပြီး အသက်ရှူခြင်းဖြင့် သင် တည်ငြိမ်မှု ရလာပါလိမ့်မယ်...  ၁၁) ရေထဲမှာ ခဏလောက် အသက်ရှူချင်သလား... ရေထဲကိုမဆင်းခင် အသက် တဝကြီးရှူတာ ပုံမှန်ထက် မြန်မြန်ပြင်းပြင်း ရှူတာမျိုး လုပ်မယ့် အစား ရှူသွင်းရှူထုတ်ခြင်းကို အချိန်တို အတွင်းများများ လုပ်ဆောင် လိုက်ပါ... ဒီလိုလုပ်ခြင်းဟာ သင့်ဦးနှောက်ကို အောက်ဆီဂျင် ပိုရသလို ခံစားရစေပြီး အချိန် ၁၀ စက္ကန့်လောက် ပိုကြာကြာနေနိုင် ပါလိမ့်မယ်....  ၁၂) ရေခဲမုန့်တွေ အအေးတွေ စားသောက်ပြီးတဲ့ အခါမှာ ပါးစပ်အပေါ် နံရံကနေပြီး ခေါင်းထဲထိ ထိုးကိုက်တာမျိုး ဖြစ်တတ်ပါတယ်... အဲ့ဒါကို Brain freeze လို့ခေါ်ပါတယ်... အဲ့လိုဖြစ်တဲ့အခါ သင့်လျှာကို ပါးစပ်အပေါ်နံရံ အတိုင်း အပြားလိုက် ဖိကပ်ထားပါ... လျှာနဲ့ နေရာများများ ထိနိုင်သမျှ ထိအောင် ကပ်ထားပေးရပါမယ်... brain freeze ဟာ ခံတွင်းနံရံမှာရှိတဲ့ အာရုံကြောကို အလွန်အမင်း အေးစေတဲ့အခါ ဦးနှောက်က ခန္ဓာကိုယ် တစ်ခုလုံး အေးနေတယ်လို့ ယူဆသွားတဲ့ အတွက် ဖြစ်လာတာပါ... ဒါကြောင့် သင့်ဦးခေါင်းကို နာကျင် ကိုက်ခဲတဲ့အထိ အပူပေးတဲ့ လုပ်ဆောင်ချက်တွေ လုပ်နေတာဖြစ်ပါတယ်... ခံတွင်း အပေါ်နံရံကို လျှာနဲ့ကပ်ပြီး အနွေးဓာတ် ပေးခြင်းဖြင့် သင့်ဦးနှောက်ကို ပြန်အေးစေပြီး ကိုက်ခဲမှုက သက်သာစေ ပါတယ်....  ၁၃) သင့်ရဲ့လက်တွေ အိပ်ပျော်တဲ့အခါမှာ လက်တွေဟာ ဘေးတစ်ဘက် တစ်ချက်ကို လွှဲပြီးလှုပ်ရမ်းနေပါတယ်... ဒီအခါမှာ လက်တွေက ပြန်နိုးလာပြီး တစ်မိနစ်အတွင်းမှာပဲ အပေါ်ပြန်တက် လာပါတယ်... လက်တွေ ဘာကြောင့် အိပ်ပျော်လဲဆိုတော့ လည်ပင်းမှာရှိတဲ့ အာရုံကြောတွေကြောင့် ဖြစ်ပြီး လည်ပင်းကို အသာအယာ နှိပ်နယ် ပေးခြင်းဖြင့် ကုသနိုင်ပါတယ်... သင့်ခြေထောက်တွေ အိပ်ပျော်တယ်ဆိုတာ ခန္ဓာကိုယ် အောက်ပိုင်းကို ထိန်းချုပ်ထားတဲ့ အာရုံကြောတွေကြောင့် ဖြစ်ပါတယ်... ဒီလိုမဖြစ်အောင် ရပ်ဖို့နဲ့ လမ်းလျှောက်ဖို့ လိုပါလိမ့်မယ်....  ၁၄) ကြို့ထိုးနေသလား... လက်မနဲ့လက်ညိုးကို ကြို့ထိုးမရပ်မချင်း မျက်ခုံးပေါ်မှာဖိထားပါ... မကြာပါဘူး... ခဏနေရင် ရပ်သွားပါလိမ့်မယ်...


သင့်လည်ချောင်းထဲကယားနေတယ်ဆိုရင်နားရွက်ကိုကုတ်လိုက်ပါ... နားရွက်မှာရှိတဲ့ အာရုံကြောတွေကိုလှုံ့ဆော်မိတဲ့အခါ အဲ့ဒီ အာရုံကြော တွေဟာ လည်ချောင်းထဲက ကြွက်သားတွေကိုအလို အလျောက် ရုတ်တရက် တုံ့ပြန်စေပြီး ယားယံမှု ကို ပျောက်ကင်း ပါလိမ့် မယ်....



၂) လူတွေဆူညံနေတဲ့ နေရာမှာ ဒါမှမဟုတ် ဖုန်းပြောတဲ့နေရာ တစ်ယောက်ယောက်ရဲ့ အသံကို မကြားနိုင် ဖြစ်နေ ပါသလား.... ရုတ်ချည်း ပြောလိုက်တဲ့အသံကိုကြားဖို့ဆိုရင်တော့ ညာဘက်နားကို အသုံးပြုပါ... ဂီတသံစဉ်တွေကိုနားထောင်ဖို့ဆိုရင်တော့ ဘယ်ဘက်နားကို အသုံးပြုပါ....


၃) သန့်စင်ခန်း ဒါမှမဟုတ် တခြားသင့်တော်တဲ့ တစ်နေရာရာနဲ့ အလှမ်း ဝေးနေတဲ့အချိန်မှာ သင့်အနေနဲ့ အလွန်အမင်း အခင်းကြီးငယ် သွားချင် နေတယ်ဆိုရင် သင့်ရဲ့ ချစ်သံယောဇဉ်လေးတွေအကြောင်း စိတ်ကူးယဉ် လိုက်ပါ... ဒါက သင့်ဦးနှောက်ကို အာရုံလွှဲပြောင်းပေး နိုင်ပါတယ်....


၎) ဆရာဝန်က သင့်ကိုဆေးထိုးတော့မယ်ဆိုရင် ဆေးထိုး အပ်ဝင် တာနဲ့ ချောင်းဟန့် လိုက်ပါ... ချောင်း ဆိုးချောင်းဟန့်တာဟာ သင့်ရဲ့ ကျောရိုးပြွန် ထဲက ဖိအားကိုမြင့်တက်စေပြီး ဦးနှောက်ကို နာကျင် မှုဝေဒနာ ပေးပို့တဲ့ အခါမှာ ကန့်သတ်ထားစေနိုင်ပါတယ်...


၅) နှာစေးနေလို့ နှာခေါင်းပိတ်နေတဲ့အခါမျိုး... အသက်ရှူ လမ်းကြောင်း ပိတ်နေတဲ့ အခါမျိုးမှာ သင့်လျှာကို ခံတွင်းအပေါ်ဘက်နံရံမှာဖိကပ်ထားပြီး မျက်ခုံးနှစ်ခုကြားမှာ လက်တစ်ခေါင်းနဲ့ဖိထားလိုက်ပါ... ဒီအနေ အထားအတိုင်း စက္ကန့် ၂၀ လောက် ထားလိုက်ခြင်းဖြင့် သင့်နှာနုရိုးကို လှုပ်ခါ စေနိုင်ပြီး ပိတ်ဆို့နေ တာတွေ လျော့ပါးပြီး ရှင်းလင်းသွားစေနိုင်ပါတယ်....


၆) အစားကောင်း အသောက်ကောင်းတွေ အားပါးတရစားပြီး အရမ်းပြည့် အင့်ကာ အိပ်ချင်လာပြီဆိုရင် ဘယ်  ဘက်ကို စောင်းပြီး လှဲလျောင်းပါ... ဒီပုံစံဟာ သင့်အစာအိမ်ကို အစာပြွန်ထက်ပိုနိမ့်တဲ့ အနေအထားမှာ ရှိတဲ့အတွက် အစာချေရည်အက်ဆစ်ပြောင်းပြန်စီးဆင်းမှုကို တားဆီးပေးပြီး အစာချေရည်တွေ သင့် လည်ချောင်းထဲက မထွက်လာအောင် ထိန်းပေးထား နိုင်ပါတယ်...


၇) သင် သွားကိုက်တယ်ဆိုရင် ရေခဲတုံးတစ်တုံးနဲ့ လက်မနဲ့လက်ညိုး ကြားက လက်ဖမိုးနေရာလေးကို ပွတ်ပေးခြင်းဖြင့် ပျောက်ကင်းနိုင် ပါတယ်... အဲ့ဒီနေရာက အာရုံကြောဟာ ခံတွင်းကနာကျင်မှု ဝေဒနာကို သိတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းကို ပိတ်ဆို့အောင် လှုံ့ဆော်ပေးနိုင် ပါတယ်...


၈) သင်အလွန်အကျွံအရက်မူးတဲ့အခါ အခန်းတစ်ခုလုံးချာချာလည်လာပြီး ဟန်ချက်ထိန်းနိုင်အောင် တစ်ခုခု ကို ဆုပ်ကိုင်ထားရပါတယ်... ဘာကြောင့် လဲ ဆိုတော့ အရက်ဟာ cupula လို့ခေါ်တဲ့ နားထဲက ဟန်ချက် ထိန်း တဲ့ အစိတ်အပိုင်းရဲ့ သွေးကို ရေဓာတ်လျော့ပါးပြီး အားနည်းစေလို့ပါပဲ... တစ်ခုခုကို ဆုပ်ကိုင် လိုက်တဲ့ အခါ ဦးနှောက်က နောက်ထပ်ရည်ညွန်း မှတ်တစ်ခုကို ရရှိသွားပြီး ချာချာလည်ခြင်းကရပ်အောင် လုပ်ဆောင် ပေးပါတယ်....


၉) နှာခေါင်းသွေးယိုတဲ့အခါ နှာခေါင်းအောက်နားမှာရှိတဲ့ အပေါ်ဘက် သွားဖုံးပေါ်က အခွက်လေးထဲမှာ ဂွမ်းနည်းနည်းကိုခုပြီး ခပ်နာနာလေး ဖိပေးပါ... နှာခေါင်းကယိုတဲ့သွေးအများစုဟာ နှာခေါင်းအလည်က အရိုးနု (နှာနုရိုး) ကနေ လာတာဖြစ်တဲ့အတွက် ဒီလိုဖိလိုက်ရင် သွေးယိုရပ်သွား စေနိုင်ပါတယ်...


၁၀) စိတ်လှုပ်ရှား ထိတ်လန့်နေသလား... သင့်နှလုံးခုန်နှုန်းကို လက်မကို မှုတ် (စုပ်) ရင်း လျှော့ ချနိုင် ပါတယ်... vangus လို့အမည်ရတဲ့ အာရုံ ကြောဟာ နှလုံးခုန်နှုန်းကို ထိန်းချုပ်ပေးပြီး အသက်ရှူခြင်းဖြင့် သင် တည်ငြိမ်မှု ရလာပါလိမ့်မယ်...


၁၁) ရေထဲမှာ ခဏလောက် အသက်ရှူချင်သလား... ရေထဲကိုမဆင်းခင် အသက် တဝကြီးရှူတာ ပုံမှန် ထက် မြန်မြန်ပြင်းပြင်း ရှူတာမျိုး လုပ်မယ့် အစား ရှူသွင်းရှူထုတ်ခြင်းကို အချိန်တို အတွင်းများများ လုပ်ဆောင်လိုက်ပါ... ဒီလိုလုပ်ခြင်းဟာ သင့်ဦးနှောက်ကို အောက်ဆီဂျင် ပိုရသလို ခံစားရစေပြီး အချိန် ၁၀ စက္ကန့်လောက် ပိုကြာကြာနေနိုင် ပါလိမ့်မယ်....


၁၂) ရေခဲမုန့်တွေ အအေးတွေ စားသောက်ပြီးတဲ့ အခါမှာ ပါးစပ်အပေါ် နံရံကနေပြီး ခေါင်းထဲထိ ထိုးကိုက်တာမျိုး ဖြစ်တတ်ပါတယ်... အဲ့ဒါကို Brain freeze လို့ခေါ်ပါတယ်... အဲ့လိုဖြစ်တဲ့အခါ သင့်လျှာကို ပါးစပ်အပေါ်နံရံ အတိုင်း အပြားလိုက် ဖိကပ်ထားပါ... လျှာနဲ့ နေရာများများ ထိနိုင်သမျှ ထိအောင် ကပ်ထားပေးရပါမယ်... brain freeze ဟာ ခံတွင်းနံရံမှာရှိတဲ့ အာရုံကြောကို အလွန်အမင်း အေးစေတဲ့အခါ ဦးနှောက်က ခန္ဓာကိုယ် တစ်ခုလုံး အေးနေတယ်လို့ ယူဆသွားတဲ့ အတွက် ဖြစ်လာတာပါ... ဒါကြောင့် သင့်ဦးခေါင်းကို နာကျင် ကိုက်ခဲတဲ့အထိ အပူပေးတဲ့ လုပ်ဆောင်ချက်တွေ လုပ်နေတာဖြစ်ပါတယ်... ခံတွင်း အပေါ်နံရံကို လျှာနဲ့ကပ်ပြီး အနွေးဓာတ် ပေးခြင်းဖြင့် သင့်ဦးနှောက်ကို ပြန်အေးစေပြီး ကိုက်ခဲမှုက သက်သာစေ ပါတယ်....


၁၃) သင့်ရဲ့လက်တွေ အိပ်ပျော်တဲ့အခါမှာ လက်တွေဟာ ဘေးတစ်ဘက် တစ်ချက်ကို လွှဲပြီးလှုပ် ရမ်းနေ ပါတယ်... ဒီအခါမှာ လက်တွေက ပြန်နိုးလာပြီး တစ်မိနစ်အတွင်းမှာပဲ အပေါ်ပြန်တက် လာပါတယ်... လက်တွေ ဘာကြောင့် အိပ်ပျော်လဲဆိုတော့ လည်ပင်းမှာရှိတဲ့ အာရုံကြောတွေကြောင့် ဖြစ်ပြီး လည်ပင်းကို အသာအယာ နှိပ်နယ် ပေးခြင်းဖြင့် ကုသနိုင်ပါတယ်... သင့်ခြေထောက်တွေ အိပ်ပျော်တယ်ဆိုတာ ခန္ဓာ ကိုယ် အောက်ပိုင်းကို ထိန်းချုပ်ထားတဲ့ အာရုံကြောတွေကြောင့် ဖြစ်ပါတယ်... ဒီလိုမဖြစ်အောင် ရပ်ဖို့နဲ့ လမ်းလျှောက်ဖို့ လိုပါလိမ့်မယ်....


၁၄) ကြို့ထိုးနေသလား... လက်မနဲ့လက်ညိုးကို ကြို့ထိုးမရပ်မချင်း မျက်ခုံးပေါ်မှာဖိထားပါ... မကြာပါဘူး... ခဏနေရင် ရပ်သွားပါလိမ့်မယ်...

SIM Card အကြောင်း သိကောင်းစရာ


SIM Card အကြောင်း သိကောင်းစရာ  SIM ဆိုတာ မိုဘိုင်းဖုန်းတွေနဲ့ ကွန်ပျူတာတွေလိုမျိုး စက်ပစ္စည်းတွေမှာ Subscriber တွေအသုံးပြုနိုင်ဖို့ ID အလိုက် တိုက်ဆိုင်စစ်ဆေးတဲ့ သက်ဆိုင်ရာ key တွေနဲ့ International Mobile Subscriber Identity (IMSI) တို့ကို လုံခြုံစွာထိန်းသိမ်းထားနိုင်တဲ့ Integrated Circuit တစ်ခုပဲဖြစ်ပါတယ်။ Subscriber Identity Module ( Subscriber Identification Module) ရဲ့အတိုကောက်ပါ။ လွယ်လွယ်ကူကူသယ်ဆောင်နိုင်တဲ့ memory chip အမျိုးအစား ဖြစ်ပြီး GSM (Global System for Mobile Communications) network မှာသုံးတဲ့ cell phone တွေမှာ အသုံးများပါတယ်။ SIM Card တွေကို H1, H2, H3,H4 ဆိုပြီးအမျိုးအစားလေးမျိုးခွဲခြားထား ပါတယ်။  H1= Normal Network H2= Better Network , Means Strong H3= More Better Network , Means Stronger H4= Normal, Better, More Better Is Nothing In Front OF This Sim  များသောအားဖြင့်တော့ H4 SIM တွေကို အဖွဲ့အစည်းတွေနဲ့ စစ်ဘက်မှ အရေးကြီး ပုဂ္ဂိုလ်တွေအတွက် ထုတ်လုပ်လေ့ရှိပါတယ်။ မိုဘိုင်းကုမ္ပဏီတွေဟာ User တိုင်းအတွက် H4 SIM တွေ ထုတ်ပေးလေ့ မရှိပါဘူး၊ ဘာကြောင့်လဲဆိုတော့ ဒီ Card တွေက bandwidth ပိုစားလို့ ဖြစ်ပါတယ်။ ကိုယ် ဘယ် SIM card အမျိုးအစားကို အသုံးပြုနေသလဲ သိချင်ရင် SIM card ရဲ့ ကျောဘက်မှာပါတဲ့ Sim No. နဲ့ Sim Type ကိုကြည့်ပြီး သိနိုင်ပါတယ်။ SIM card အရွယ်အစားအမျိုးမျိုးရှိပြီး ဖုန်းအများစုကတော့ mini-SIM ဒါမှမဟုတ် micro-SIM card တွေကို အသုံးပြုပါတယ်။ mini-SIM ရဲ့အရွယ်အစားက 25mm x 15 mm ရှိပြီး micro-SIM ကတော့ 15 mm x 12 mm ရှိပါတယ်။ card အရွယ်အစားအားလုံးဟာ 0.76 mm အထူရှိပါတယ်။ ဘယ်အရွယ်အစား Sim card မျိုးမဆို သူ့မှာပါဝင်တဲ့ microchip က အရွယ်အစားနဲ့လုပ်ဆောင်ပုံ အတူတူပဲဖြစ်တဲ့အတွက် အရွယ်အစားသေးတဲ့ card တွေကိုလည်း (အံဝင်ဂွင်ကျသာတပ်ဆင်ရင်) card အကြီးသုံးတဲ့ ဖုန်းတွေမှာပါ သုံးစွဲနိုင်ပါတယ်။ SIM card တွေမှာ User ရဲ့အချက်အလက်တွေနဲ့ call log တွေ ဖုန်းအ၀င်အထွက်မှတ်တမ်းတွေကို တခြားသူတွေ မသိရှိနိုင်စေမယ့် လုံခြုံရေးအစီအမံတစ်ရပ်လည်းပါဝင်ပါတယ်။ SIM card ကို lock ချထားနိုင်ပြီး PIN လို့ ခေါ်တဲ့ Personal Identification Number ကို သိရှိသူမှသာ SIM card ကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။ SIM card ကိုသာ Lock လုပ်ထားမယ်ဆိုရင် ကိုယ့်ဖုန်းအခိုးခံရရင်တောင် PIN ကို မသိဘဲ SIM card ကို အသုံးပြုနိုင်မှာ မဟုတ်သလို (SIM card ထဲမှာရှိတဲ့) ကိုယ့်အချက်အလက်တွေကိုလည်း ရယူနိုင်မှာမဟုတ်ပါဘူး။  Tech & Security News SIM ဆိုတာ မိုဘိုင်းဖုန်းတွေနဲ့ ကွန်ပျူတာတွေလိုမျိုး စက်ပစ္စည်းတွေ မှာ Subscriber တွေအသုံးပြုနိုင်ဖို့ ID အလိုက် တိုက်ဆိုင်စစ်ဆေးတဲ့ သက်ဆိုင်ရာ key တွေနဲ့ International Mobile Subscriber Identity (IMSI) တို့ကို လုံခြုံစွာထိန်းသိမ်းထားနိုင်တဲ့ Integrated Circuit တစ်ခုပဲဖြစ်ပါတယ်။ Subscriber Identity Module ( Subscriber Identification Module) ရဲ့အတိုကောက်ပါ။ လွယ်လွယ် ကူကူ သယ်ဆောင်နိုင်တဲ့ memory chip အမျိုးအစား ဖြစ်ပြီး GSM (Global System for Mobile Communications) network မှာသုံးတဲ့ cell phone တွေမှာ အသုံးများပါတယ်။
SIM Card တွေကို H1, H2, H3,H4 ဆိုပြီးအမျိုးအစားလေးမျိုးခွဲခြားထား ပါတယ်။


H1= Normal Network
H2= Better Network , Means Strong
H3= More Better Network , Means Stronger
H4= Normal, Better, More Better Is Nothing In Front OF This Sim

များသောအားဖြင့်တော့ H4 SIM တွေကို အဖွဲ့အစည်းတွေနဲ့ စစ်ဘက်မှ အရေးကြီးပုဂ္ဂိုလ်တွေအတွက် ထုတ်လုပ်လေ့ရှိပါတယ်။ မိုဘိုင်းကုမ္ပဏီတွေဟာ User တိုင်းအတွက် H4 SIM တွေ ထုတ်ပေးလေ့ မရှိပါဘူး၊ ဘာကြောင့်လဲဆိုတော့ ဒီ Card တွေက bandwidth ပိုစားလို့ ဖြစ်ပါတယ်။ ကိုယ် ဘယ် SIM card အမျိုးအစားကို အသုံးပြုနေသလဲ သိချင်ရင် SIM card ရဲ့ ကျောဘက်မှာပါတဲ့ Sim No. နဲ့ Sim Type ကိုကြည့်ပြီး သိနိုင်ပါတယ်။
SIM card အရွယ်အစားအမျိုးမျိုးရှိပြီး ဖုန်းအများစုကတော့ mini-SIM ဒါမှမဟုတ် micro-SIM card တွေကို အသုံးပြုပါတယ်။ mini-SIM ရဲ့အရွယ်အစားက 25mm x 15 mm ရှိပြီး micro-SIM ကတော့ 15 mm x 12 mm ရှိပါတယ်။ card အရွယ်အစားအားလုံးဟာ 0.76 mm အထူရှိပါတယ်။ ဘယ် အရွယ်အစား Sim card မျိုးမဆို သူ့မှာပါဝင်တဲ့ microchip က အရွယ်အစားနဲ့လုပ်ဆောင်ပုံ အတူတူပဲဖြစ်တဲ့အတွက် အရွယ်အစားသေးတဲ့ card တွေကိုလည်း (အံဝင်ဂွင်ကျသာတပ်ဆင်ရင်) card အကြီးသုံးတဲ့ ဖုန်းတွေမှာပါ သုံးစွဲနိုင်ပါတယ်။
SIM card တွေမှာ User ရဲ့အချက်အလက်တွေနဲ့ call log တွေ ဖုန်းအ၀င်အထွက်မှတ်တမ်းတွေကို တခြားသူတွေ မသိရှိနိုင်စေမယ့် လုံခြုံရေးအစီအမံတစ်ရပ်လည်းပါဝင
်ပါတယ်။ SIM card ကို lock ချထားနိုင်ပြီး PIN လို့ ခေါ်တဲ့ Personal Identification Number ကို သိရှိသူမှသာ SIM card ကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။ SIM card ကိုသာ Lock လုပ်ထားမယ်ဆိုရင် ကိုယ့်ဖုန်းအခိုးခံရရင်တောင် PIN ကို မသိဘဲ SIM card ကို အသုံးပြုနိုင်မှာ မဟုတ်သလို (SIM card ထဲမှာရှိတဲ့) ကိုယ့် အချက် အလက်တွေကိုလည်း ရယူနိုင်မှာမဟုတ်ပါဘူး။

ကမ္ဘာ့အကြီးမားဆုံး နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ဖွင့်လှစ်


အဘူဒါဘီ မြို့တော် အနီးရှိ သဲကန္တာရအတွင်း တည်ရှိသော ဓာတ်အားပေးစက်ရုံသည် ဆိုလာပြားများကို တစ်နေရာထဲတွင် အကြီးမားဆုံး ဖြန့်ကျက်တည်ဆောက်ထားသည့် စက်ရုံလည်း ဖြစ်သည်။ စက်ရုံ၏ အကျယ်သည် (၂.၅)စတုရန်း ကီလိုမီတာရှိသည်။
ကမ္ဘာ့အကြီးမားဆုံး နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ဖွင့်လှစ်
UAE နိုင်ငံသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံး နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးကို စတင်ဖွင့်လှစ်လိုက်ပြီ ဟု သိရှိရသည်။ အရှေ့အလယ်ပိုင်း ဒေသရှိ နေရောင်ခြည် ပူပြင်းကောင်းမွန်စွာ ကျရောက်ရာ နိုင်ငံ၏ သမ္မတဖြစ်သော ရှိတ်စော်ဘွား ခါလီဖာ ဘင်ဇာယက်ဒ် အယ်လ်ညာဟန်သည် အဆိုပါ ဓာတ်အားပေးစက်ရုံ ဖွင့်လှစ်မှု အခမ်းအနားကို တနင်္ဂနွေနေ့က ကိုယ်တိုင်တက်ရောက်ခဲ့သည်။ Shams 1 အမည်ရှိ စက်ရုံသည် မဂ္ဂါဝပ်(၁၀၀) ရှိ လျှပ်စစ်ဓာတ်အားကို ထုတ်ပေးနိုင်မည် ဖြစ်သည်။

solar plant uae

အဘူဒါဘီ မြို့တော် အနီးရှိ သဲကန္တာရအတွင်း တည်ရှိသော ဓာတ်အားပေးစက်ရုံသည် ဆိုလာပြားများကို တစ်နေရာထဲတွင် အကြီးမားဆုံး ဖြန့်ကျက်တည်ဆောက်ထားသည့် စက်ရုံလည်း ဖြစ်သည်။ စက်ရုံ၏ အကျယ်သည် (၂.၅)စတုရန်း ကီလိုမီတာရှိသည်။ စက်ရုံအတွက် တည်ဆောက်မှုစရိတ် အမေရိကန်ဒေါ်လာ သန်း(၆၀၀) အကုန်အကျခံခဲ့ပြီး နေရောင်ခြည်ကို ခံယူသည့် ကြေးမုံငယ် (၂၅၈၀၀၀)ကျော်ကို ချပ်ပြား(၇၆၈)ခုတွင် တပ်ဆင်ထားသည်။

solar plant uae

ယင်းစက်ရုံသည် နေအိမ် (၂၀၀၀၀)ကျော်ကို လျှပ်စစ်ဓာတ်အား လုံလောက်စွာ ထောက်ပံ့နိုင်မည် ဖြစ်သည်။ သမ္မတက Shams 1ကို နိုင်ငံ၏ စွမ်းအင်ကဏ္ဍတွင် အရေးပါသော ဦးဆောင် အပြောင်းအလဲ တစ်ရပ်ဟု ချီးကျူးခဲ့သည်။ UAEသည် ကမ္ဘာပေါ်တွင် ရေနံတင်ပို့မှု အများဆုံး သူကြွယ်နိုင်ငံ တစ်ခုလည်း ဖြစ်သည်။ UAEအစိုးရသည် စွမ်းအင်ကဏ္ဍအတွက် ပြည်တွင်းထုတ် ရေနံနှင့် ဓာတ်ငွေ့တို့အပေါ် မှီခိုနေရမှုကို လက်ရှိ အနေအထားတွင် (၉၉)ရာခိုင်နှုန်း ရှိနေရာမှ (၂၀၃၀)ပြည့်နှစ်တွင် (၇၅)ရာခိုင်နှုန်းသို့ လျှော့ချသွားရန် ရည်ရွယ်ထားသည်။

solar plant uae

http://news.xinhuanet.com/english/world/2013-03/18/c_132241124.htm

Google အကြီးအကဲ မြန်မာခရီး ITလုပ်ငန်းရှင်တွေကြိုဆို

Google အကြီးအကဲ မစ္စတာ အဲရစ်ရှမစ် (Eric Schmidt)။
ကမ္ဘာပေါ်မှာ IT သတင်းနည်းပညာ နာမည်ကြီး ကုမ္ပဏီဖြစ်တဲ့ Google ရဲ့ အကြီးအကဲ ဟာ မြန်မာနိုင်ငံကို ဒီအပတ်ထဲ လာရောက်ဖို့ ရှိနေပါတယ်။ Google ကုမ္ပဏီ ဥက္ကဋ္ဌ အဲရစ်ရှမစ် (Eric Schmidt) ကိုယ်တိုင် ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံ အင်တာနက် သတင်းနည်းပညာကိစ္စ လာရောက်ဖလှယ်မှာမို့ အများက အထူးစိတ်ဝင်စားပြီး စိတ်လှုပ်ရှားနေကြတယ်လို့ ကွန်ပြူတာ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ခုလို Google ဥက္ကဋ္ဌ ကိုယ်တိုင်လာတာကြောင့် ဘယ်လိုအလားအလာတွေ မြန်မာနိုင်ငံအတွက် ရှိနေပါလဲ။ ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

မြန်မာနိုင်ငံမှာ အင်တာနက်သုံးစွဲခွင့် စတင်လွတ်လပ်လာချိန်မှာ မြန်မာနိုင်ငံသားတွေ အဓိကသုံးနေရတဲ့ Google အင်တာနက်လုပ်ငန်းရဲ့ ဦးဆောင်သူကိုယ်တိုင် သောကြာနေ့ မှာ ဆွေးနွေးပြောဆိုဖို့ရှိနေတာမို့ အများက စိတ်ဝင်တစား စိတ်လှုပ်ရှားနေတယ်ကြတယ်လို့ ဒီဆွေးနွေးပွဲမှာ ဦးဆောင်မေးမြန်းဆွေးနွေးပေးမယ့် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် အလုပ်မှုဆောင်အဖွဲ့ဝင် ကိုသောင်းစုငြိမ်းက ဆိုပါတယ်။

“ကျနော်တို့ ဒီမှာတော့ တော်တော်လေး စိတ်လှုပ်ရှားနေပါတယ်။ အစကတော့ ကိုယ်ကတော့ IT သမားဖြစ်တဲ့အတွက် ဒီလိုမျိုး Google က ဥက္ကဋ္ဌလာတယ်ဆိုတော့ ကျနော်တို့ စိတ်ဝင်စားတယ်လေ။ ဒါပေမဲ့ အခုဟာက အိုင်တီမဟုတ်တဲ့ တခြားနယ်ပယ်က လူတွေကပါ သူတို့လည်း တက်မယ် ဒီပွဲကို တက်ခွင့်ရှိလား။ သူတို့ကိုလည်း ဖိတ်စာပို့ပေးဦးဆိုပြီး လာပြောနေတာအများကြီးပဲ။ နိုင်ငံခြားသားတွေပါ ပါတယ်။ အားလုံးက ဒီမှာ ဒါကို အရမ်းစိတ်လှုပ်ရှားနေကြတယ် ဆိုတော့ ကျနော်တို့လည်း ၀မ်းသာပါတယ်။”

Google ကုမ္ပဏီဥက္ကဋ္ဌ အဲရစ်ရှမစ် အနေနဲ့ ရန်ကုန် လှိုင်တက္ကသိုလ်မှာရှိတဲ့ မြန်မာနိုင်ငံ သတင်းနဲ့ဆက်သွယ်ရေး နည်းပညာဌာနမှာလုပ်မယ့် ဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံက လူငယ်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ စွန့်ဦးတီထွင်သူတွေ ကွန်ပျူတာအသင်းအဖွဲ့ဝင်တွေနဲ့ ခေါင်းဆောင်တွေ အပါအ၀င် အားလုံး စုစုပေါင်း ၄၅၀ ခန့် တက်ရောက်ဖို့ရှိပြီး တနာရီခန့်ကာဆွေးနွေးဖို့ရှိတယ်လို့ ကိုသောင်းစုငြိမ်းက ပြောပါတယ်။ အဲဒီတော့ Google ကုမ္ပဏီရဲ့ ဥက္ကဋ္ဌ မစ္စတာ ရှမစ်ရဲ့ အခုလိုလာရခြင်း အကြောင်းရင်းကို မေးရာမှာတော့ ကိုသောင်းစုငြိမ်းက သူ့အနေနဲ့ အခြား အာရှနိုင်ငံတွေကိုလည်း သွားရာမှာ အဓိကဦးတည်ချက်ကတော့ လူငယ်ခေါင်းဆောင်တွေ နဲ့ တွေ့ပြီး အင်တာနက်အရေးပါပုံကို ရှင်းပြဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

“အင်တာနက် နည်းပညာတွေ သုံးပြီးတော့ မြန်မာနိုင်ငံရဲ့ နည်းပညာခေါင်းဆောင်တွေ အနေနဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့အတွက်ကို နည်းပညာတွေ၊ သတင်းအချက်အလက်တွေ၊ ဗဟုသုတတွေကို ဘယ်လိုသုံးရင်ရမယ် ဆိုတာ စဉ်းစားကြမိစေဖို့အတွက်လို့ သူက ဖြေခဲ့တယ်။”

မြောက်ကိုရီးယားနိုင်ငံကို မကြာခင်ကသွားခဲ့ပြီး အိန္ဒိယနိုင်ငံကိုလည်း ရှေ့မှာသွားဖို့ရှိတဲ့ မစ္စတာရှမစ်ကိုယ်တိုင် အခုလို မြန်မာနိုင်ငံကိုရွေးပြီး ထူးထူးခြားခြား လာလည်တယ်ကနေ ဘယ်လို အကျိုးကျေးဇူးတွေ ရလာနိုင်လဲလို့ မေးရာမှာတော့ ကိုသောင်းစုငြိမ်းက -

“Google ဆိုတာ အမေရိကန် IT ကုမ္ပဏီတွေထဲမှာ အကြီးဆုံးလို့ ပြောလို့ရတယ်ဆိုတော့ သူ့ရဲ့ အကြီးအကဲတယောက် လာတာဆိုတော့ ဒါ ကျနော်တို့ နောက်ထပ် လမ်းအများကြီးပွင့်သွားမယ်လို့ ထင်ပါတယ်။ နောက် သူလာပြီးတော့ ဒီလိုမျိုး အထူးသဖြင့် မြန်မာနိုင်ငံရဲ့ IT ကဏ္ဍနဲ့ ထိတွေ့ ဆက်ဆံသွားတဲ့အတွက် ကမ္ဘာအနေနဲ့လည်း အံ့အားသင့်စရာလည်း ဖြစ်ရင်ဖြစ်သွား မှာပါ။ မြန်မာနိုင်ငံမှာ ဒီလို IT ကဏ္ဍဆိုတာ လှုပ်ရှားမှုတွေ လုပ်နေသလား။ ဒီလိုမျိုးတွေ မရှိဘူးထင်ထားတဲ့ဟာတွေက ကျနော်တို့ အမြဲတမ်းကြားနေရတာဆိုတော့ အဲရစ်ရှမစ် လာတဲ့အတွက် ကျနော်တို့ဒါကို မီးမှောင်းထိုးပေးပြီးသား ဖြစ်သွားတဲ့အတွက် ကျနော်တို့ IT ကဏ္ဍအတွက်လည်း အများကြီး ကောင်းသွားမယ်။ နောက်ထပ် IT ကုမ္ပဏီကြီးတွေရော၊ နောက် တခြား စီးပွားရေးလုပ်ငန်းရှင်ကြီးတွေရဲ့ CEO တွေလည်း ဒီလိုပဲ ဆက်ပြီးလာကြလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။”

ဒါ့အပြင် ကိုသောင်းစုငြိမ်းကပဲ မြန်မာနိုင်ငံသားတွေ အနေနဲ့ အင်တာနက်သုံးပြီဆိုရင် ကင်းလို့မရတဲ့ ဒီ Google လုပ်ငန်းထိန်းချုပ်မှုတွေ လျော့နည်းသွားအောင်လည်း ကြိုးစားနိုင်တယ်လို့ ဆက်ပြောပါတယ်။

“Google ရဲ့ တချို့ ၀န်ဆောင်မှုတွေက သုံးလို့မရတာတွေ ရှိတယ်။ အထူးသဖြင့် ငွေကြေးနဲ့ ပတ်သက်တဲ့ Google Play လိုဟာမျိုးတွေ၊ အဲဒီလိုဟာမျိုးတွေက ကျနော်တို့ သုံးလို့မရသေးဘူး။ ဒီကနေ၀င်ရင် sanction နိုင်ငံဖြစ်နေတဲ့အတွက် မြန်မာပြည်ကနေ ချိတ်ဆက်ခွင့်မရှိပါဘူး ဆိုပြီးတော့ error တွေက ပြနေတယ်။ အဲဒါတွေကတော့ ဒီလိုဆက်ပြီးတော့ မဖြစ်တော့အောင် သူတို့လူကြီးကိုယ်တိုင် ဒီကိုလာသွားတော့ ကျနော်တို့ကလည်း ထပ်ပြောခွင့်ရတယ်ဆိုရင် သူလည်း သူ့ရဲ့သတင်းအဖွဲ့တွေကို နည်းနည်းပါးပါး မြန်မြန်ဆန်ဆန်လေး လုပ်ပေးဖို့အတွက် ညွှန်ကြားပေးနိုင်တာမျိုး ဖြစ်လာနိုင်တယ်။”

မြန်မာစာကို Google နဲ့ပတ်သက်တဲ့ စာမျက်နှာတွေမှာ သုံးဖို့အလားအလာ ရှိလာနိုင်တယ်၊ မြန်မာနိုင်ငံမှာက အခုလက်ကိုင်ဖုန်းတွေကနေ အင်တာနက်သုံးတာ များလာတာမို့ ကျေးလပ်ဖွံ့ဖြိုးရေးအတွက် ရှေ့မှာ အထောက်အကူ ဖြစ်လာနိုင်တယ်လို့လည်း ကိုသောင်းစုငြိမ်းက ထောက်ပြပါတယ်။

“ကိုယ့်ဆီမှာ နောက်နှစ်မှာလည်း မိုဘိုင်းဖုန်းတွေကို သောင်းနဲ့ချီ ရောင်းချတော့မှာဆိုတော့ ဒီလို မြန်မာစာ အလိုအလျောက်ပါပြီးသားစနစ်တွေ ပို ပေါ်လာမယ်ဆိုရင်တော့ ကိုယ်တွေဆီက ကျေးလပ်ဒေသကလူတွေက အင်တာနက်ခေတ် နည်းပညာခေတ်ကို အလွယ်တကူနဲ့ ၀င်ပါလာလို့ရမယ်လို့ မျှော်လင့်ပါတယ်။”

တကယ်တော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲတွေ ဖြစ်လာပြီး အနောက်နိုင်ငံတွေဘက်က ထိန်းချုပ်ထားမှုတွေ လျှော့ပေးလာချိန်မှာ Google ကုမ္ပဏီ ဥက္ကဋ္ဌအနေနဲ့လည်း ထိန်းချုပ်မှုတွေ လျှော့ပေးပြီး မြန်မာနိုင်ငံ အင်တာနက် တိုးတက်ရေး လုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက်ပေးဖို့ မြန်မာနိုင်ငံ ကွန်ပျူတာ အသိုင်းအ၀ိုင်းက မျှော်လင့်နေချိန်မှာ ဒီခရီးစဉ်ဖြစ်လာတာ ဖြစ်ပါတယ်။


လျှို့ဝှက် ကင်မရာကာကွယ်ရေး


အ၀တ်လဲခန်းထဲမှာ hidden camera (လျှို့ဝှက် ကင်မရာ) တပ်ဆင်ထားမထား ဘယ်လိုသိနိုင်မလဲ အ၀တ်အထည်စတိုးဆိုင်ကြီးတွေနဲ့ ပလာဇာတွေရဲ့ အ၀တ်အစားလဲခန်း (အ၀တ်အထည်အသစ်တွေကို စမ်းသပ်ဝတ်ဆင်ကြည့်တဲ့အခန်း) တွေမှာ မသမာသူတွေက hidden camera (လျှို့ဝှက် ကင်မရာ) တွေ တပ်ဆင်ထားနိုင်ပါတယ်။ ကင်မရာတွေဟာ သေးငယ်လွန်းတာကြောင့် ဘယ်နားမှာတပ်ဆင်ထားလဲဆိုတာ တော်ရုံတန်ရုံမသိနိုင်ပါဘူး။ ဒီပြဿနာကို ဖြေရှင်းဖို့ အလွယ်ကူဆုံး နည်းလမ်းကတော့ မိမိမှာပါလာတဲ့ mobile phone နဲ့စမ်းသပ်တဲ့နည်းပါပဲ။

1. အ၀တ်လဲခန်းထဲကိုမ၀င်မီ မိမိဖုန်းကို ဖုန်းခေါ်ဆိုမှု လုပ်လို့ရမရ စစ်ဆေးထားပါ။

2. အ၀တ်လဲခန်းထဲကိုရောက်သွားတဲ့အခါ မိမိရဲ့ mobile phone ကို ဖုန်းခေါ်ဆိုမှု ပြုလုပ်ကြည့်ပါ။

3. ဖုန်းခေါ်လို့မရဘူးဆိုရင် အဲဒီအ၀တ်လဲခန်းထဲမှာ hidden camera ရှိနေဖို့များသွားပါပြီ။ ဖုန်းခေါ်မရတဲ့အကြောင်းအရင်းကတော့ hidden camera ရဲ့ ဖိုင်ဘာကေဘယ်က mobile phone လိုင်းကို အနှောက်အယှက်ဖြစ်စေလို့ပါပဲ။

နှစ်ဘက်မြင်မှန် (two way mirror) နဲ့ ရိုးရိုးကြေးမုံမှန်ကို ဘယ်လိုခွဲခြားမလဲ

ဟိုတယ်တွေရဲ့ သန့်စင်ခန်းတွေ၊ စတိုးဆိုင်ကြီးတွေက အ၀တ်အစားလဲခန်းတွေ၊ ဟိုတယ်အိပ်ခန်းတွေ မှာတပ်ဆင်ထားတဲ့ မှန်တွေဟာ တကယ့်ကြေးမုံပြင်စစ်စစ်တွေလား၊ ဒါမှမဟုတ် နှစ်ဘက်မြင်မှန် (two way mirror) တွေလား ဆိုတာ သင် သံသယ၀င်ဖူးပါသလား? Two way mirror ဆိုတာကတော့ သင့်ဘက်ကကြည့်ရင် ကြေးမုံပြင်အနေနဲ့ သင့်ပုံရိပ်ကို သင်ပြန်မြင်နေရပေမယ့် အခြားတစ်ဘက်က ကြည့်ရင် သင်လုပ်သမျှကို တစ်ဘက်လူက အကုန်မြင်နေရမှာပါ။ ဟောလိဝုဒ် စုံထောက်ကားတွေမှာ တရားခံကို စစ်မေးတဲ့အခန်းထဲမှာ သုံးတဲ့မှန်မျိုးပေါ့။ အပေါ်ယံကြည့်ရုံနဲ့တော့ ကြေးမုံအစစ်လား၊ နှစ်ဘက်မြင်မှန်လားဆိုတာ သိနိုင်ဖို့ အင်မတန်ခဲယဉ်းပါတယ်။ ဒါပေမယ့် နှစ်ဘက်မြင်မှန်တွေကို သိနိုင်တဲ့ လွယ်ကူရိုးရှင်းသော စမ်းသပ်နည်းတစ်ခု ရှိပါတယ်။

1. သင့်ရဲ့ လက်ချောင်းတစ်ချောင်းကို မှန်ရဲ့ မျက်နှာပြင်နဲ့ ထိထားလိုက်ပါ။

2. သင့်ရဲ့ လက်ချောင်းထိပ်က လက်သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့ သင့်လက်ချောင်းလက်သည်းခွံကြားမှာ အနည်းငယ်ကွာဟနေတယ်ဆိုရင်၊ ဒါဟာ သာမန် ကြေးမုံပြင်ပါ။

3. သင့်ရဲ့လက်ချောင်းလက်သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့ လက်ချောင်းလက်သည်းခွံ နှစ်ခုဟာ တိုက်ရိုက်ထိစပ်နေသလိုဖြစ်နေတယ်၊ ကြားထဲမှာ အကွာအဝေးမရှိဘူးဆိုရင်တော့၊ ဒါဟာ နှစ်ဘက်မြင်မှန် (two way mirror) ပါပဲ။

ဒီလိုဖြစ်ရခြင်းရဲ့အကြောင်းအရင်းကတော့ သာမန်ကြေးမုံပြင်တွေမှာ မှန်ရဲ့ တစ်ဘက်မျက်နှာပြင်ကို ပြဒါးသုတ်လိမ်းထားပြီး မှန်ကြည့်သူဘက်က မျက်နှာပြင်မှာတော့ ပြဒါးသုတ်လိမ်းထားခြင်းမရှိပါဘူး။ ဒါ့ကြောင့် သင့်လက်ချောင်းထိပ်နဲ့ မှန်ထဲကပုံရိပ်ရဲ့ လက်ချောင်းထိပ်ကြားမှာ မှန်တစ်ချပ်စာ ကွာခြားနေမှာဖြစ်ပါတယ်။ နှစ်ဘက်မြင်မှန်မှာတော့ ပြဒါးကို မှန်ကြည့်သူဘက်က မျက်နှာပြင်မှာ သုတ်လိမ်းထားတာမို့ သင့်လက်ချောင်းနဲ့ မှန်ထဲကလက်ချောင်းကြားမှာ ကွာဟမှုမရှိတော့တာပါ။ ဒါ့ကြောင့် ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ မှန်ရှေ့ရောက်ရင် မှန်မျက်နှာပြင်ကို လက်သည်းထိပ်လေးနဲ့ ထိကြည့်ဖို့မမေ့ပါနဲ့။

ဒီစာလေးကို သင့်ရဲ့ "သူငယ်ချင်းတွေ၊ ညီအစ်ကို မောင်နှမ" တွေဆီကို forward လုပ်ပေးပါ။ ဒီစာလေးကိုမျှဝေခြင်းအားဖြင့် "အမျိုးကောင်းသမီးများစွာရဲ့ အရှက်နဲ့ သိက္ခာ" ကို ကယ်တင်နိုင်မှာဖြစ်ပါတယ်။