Pages - Menu

Pages

Pages

ပြည်တွင်းထုတ် ဆူဇူကီးပစ်ကပ်များ ဇွန်လစရောင်းမည်

Photo: ပြည်တွင်းထုတ် ဆူဇူကီးပစ်ကပ်များ ဇွန်လစရောင်းမည် Friday, May 10, 2013  ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်ထားသည့် ဆူဇူကီးပစ်ကပ်များကို ဇွန်လ တွင် စတင်ရောင်းချရန် စီစဉ်ထားကြောင်း Myanmar Suzuki Motor Co.,Ltd အုပ်ချုပ်မှုမန်နေဂျာ ဦးရဲထွန်းဦးက ပြောကြားခဲ့သည်။ ယခုလ ကုန် တွင် တပ်ဆင်ထုတ်လုပ်မည် ဖြစ်သော်လည်း ရောင်းချမည့် အစီ အစဉ် .နှင့် ဈေးနှုန်း သတ်မှတ်ရန် ဈေးကွက် စစ်တမ်း ကောက်ခြင်းများ ပြုလုပ် ရမည် ဖြစ်သောကြောင့် ဇွန်လတွင်မှ စတင်ရောင်းချရန် စီစဉ်ခြင်းဖြစ်ကြောင်း ၄င်းကရှင်းပြသည်။ “ထုတ်လုပ်ပြီးတာနဲ့ တန်းရောင်းမှာပါ။   ဈေးကတော့ အခုပြောလို့ မရသေးဘူး။ ဈေးကွက်အနေအထား ကြည့်ပြီးမှ သတ်မှတ်ရ မှာမို့ပါ” ဟု ဦးရဲထွန်းဦးက ဆိုသည်။ လောလောဆယ် ဆူဇူကီး ပစ်ကပ်များ ကိုသာ ထုတ်လုပ်ရောင်းချသွားမည် ဖြစ်ပြီး လစဉ်ထုတ်လုပ်မည့် အရေ အတွက် မှာလည်း ဈေးကွက်အနေအထားကို မူတည်၍ ထုတ်လုပ်သွားမည် ဟု ၄င်းက ပြောဆိုသည်။   လက်ရှိ ပြင်ပမော်တော်ယာဉ် ဝယ်ရောင်းဈေးကွက် တွင် ဆူဇူကီးပစ်ကပ်များနှင့် အလားသဏ္ဍာန်တူသည့် ဂျပန်တစ်ပတ်ရစ် ကားတစ်စီးလျှင် ကျပ်သိန်း ၇၀ ခန့်ဖြင့် အရောင်းအဝယ် ပြုလုပ်လျက် ရှိကြောင်း အဆိုပါ ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ဆူဇူကီး ကုမ္ပဏီ သည် မြန်မာနိုင်ငံ၌ ဆူဇူကီးပစ်ကပ်နှင့် Wagon (R+) မော်တော် ယာဉ်များ .နှင့် မော်တော်ဆိုင်ကယ်များ ရောင်းချခဲ့ဖူးသည်။  The Voice Weekly နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်ထားသည့် ဆူဇူကီးပစ်ကပ်များကို ဇွန်လ တွင် စတင်ရောင်းချရန် စီစဉ်ထားကြောင်း Myanmar Suzuki Motor Co.,Ltd အုပ်ချုပ်မှုမန်နေဂျာ ဦးရဲထွန်းဦးက ပြောကြားခဲ့သည်။ ယခုလ ကုန် တွင် တပ်ဆင်ထုတ်လုပ်မည် ဖြစ်သော်လည်း ရောင်းချမည့် အစီ အစဉ် .နှင့် ဈေးနှုန်း သတ်မှတ်ရန် ဈေးကွက် စစ်တမ်း ကောက်ခြင်းများ ပြုလုပ် ရမည် ဖြစ်သောကြောင့် ဇွန်လတွင်မှ စတင်ရောင်းချရန် စီစဉ်ခြင်းဖြစ်ကြောင်း ၄င်းကရှင်းပြသည်။ “ထုတ်လုပ်ပြီးတာနဲ့ တန်းရောင်းမှာပါ။
ဈေးကတော့ အခုပြောလို့ မရသေးဘူး။ ဈေးကွက်အနေအထား ကြည့်ပြီးမှ သတ်မှတ်ရ မှာမို့ပါ” ဟု ဦးရဲထွန်းဦးက ဆိုသည်။ လောလောဆယ် ဆူဇူကီး ပစ်ကပ်များ ကိုသာ ထုတ်လုပ်ရောင်းချသွားမည် ဖြစ်ပြီး လစဉ်ထုတ်လုပ်မည့် အရေ အတွက် မှာလည်း ဈေးကွက်အနေအထားကို မူတည်၍ ထုတ်လုပ်သွားမည် ဟု ၄င်းက ပြောဆိုသည်။

လက်ရှိ ပြင်ပမော်တော်ယာဉ် ဝယ်ရောင်းဈေးကွက် တွင် ဆူဇူကီးပစ်ကပ်များနှင့် အလားသဏ္ဍာန်တူသည့် ဂျပန်တစ်ပတ်ရစ် ကားတစ်စီးလျှင် ကျပ်သိန်း ၇၀ ခန့်ဖြင့် အရောင်းအဝယ် ပြုလုပ်လျက် ရှိကြောင်း အဆိုပါ ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ဆူဇူကီး ကုမ္ပဏီ သည် မြန်မာနိုင်ငံ၌ ဆူဇူကီးပစ်ကပ်နှင့် Wagon (R+) မော်တော် ယာဉ်များ .နှင့် မော်တော်ဆိုင်ကယ်များ ရောင်းချခဲ့ဖူးသည်။

The Voice Weekly
  Myanmar Online News