Pages - Menu

Pages

Pages

အီရတ်နိုင်ငံအတွင်း ဂိုဏ်းဂဏကွဲ တိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာ

အီရတ်နိုင်ငံအတွင်း ဂိုဏ်းဂဏကွဲ တိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာ Wednesday, 22 May 2013  အီရတ်နိုင်ငံအတွင်း ဂိုဏ်းဂဏကွဲ တိုက်ခိုက်မှုတွေဟာ ပိုမိုပြင်းထန် လာလျက်ရှိတယ် လို့သိရပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့ကရှီအိုက်လူမျိုး အများဆုံးနေထိုင်ရာ ဒေသတွေမှာ ဗုံးပေါက်ကွဲမှုတွေ ၁၂ကြိမ်ထက် မနည်းဖြစ်ပွားခဲ့တဲ့အတွက် လူ ၄၈ဦးကျော် သေဆုံးခဲ့ပါတယ်။ ပေါက်ကွဲမှုတွေဟာ နာရီအတော်ကြာ ဆက်တိုက် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။  လုံခြုံရေးအရာရှိတွေရဲ့ ပြောကြားချက်အရ အဆိုပါ ပေါက်ကွဲမှုတွေဟာ ဆွန်နီလူမျိုးတွေနဲ့ ပတ်သက်နေတယ်လို့ သိရပါတယ်။ ဗုံးပေါက်ကွဲမှုတွေဟာ ဘဂ်္ဂဒက်မြို့ရှိ နေရာ ၁၀ခုမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် လူ ၂၂ဦး ထက်မနည်း သေဆုံးခဲ့ပြီး၊ ၁၂၀ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီဗုံးတွေကို မော်တော်ကားပေါ်နဲ့ လမ်းဘေးတွေမှာ ထောင်ထားခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတောင်ပိုင်းရှိ Basra မြို့နဲ့ မြောက်ပိုင်းရှိ Tikrit မြို့တွေမှာလည်း ဗုံးပေါက်ကွဲမှုတွေ တစ်ပြိုင်နက်တည်း ဖြစ်ပွားခဲ့ပြီး လုံခြုံရေး ၀န်ထမ်းတွေနဲ့ ဒေသခံပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။  အဆိုပါ တိုက်ခိုက်မှုတွေကြောင့် လူ ၂၆ ဦး သေဆုံးပြီး ၆၀ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ မကြာသေးမီကလည်း ရှီအိုက်ဝန်ကြီးချုပ် Nuri al- Maliki နဲ့ အုပ်ချုပ်ရေးအဖွဲ့ကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဆွန်နီအစ္စလာမ်မစ်များ နေထိုင်ရာ ဒေသမှာလည်း ပြီးခဲ့တဲ့ သီတင်းပတ်က ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့အတွက် လူ ၄၀ကျော် သေဆုံးခဲ့ရပါတယ်။ အီရတ်လုံခြုံရေး တပ်ဖွဲ့တွေဟာ နိုင်ငံတွင်းရှိ ဂိုဏ်းဂဏကွဲ တိုက်ခိုက်မှုတွေကို အမြစ်ပြတ် ချေမှုန်းလျက်ရှိကြောင်း သိရပါတယ်။  MRTV-4:Myanmar Online News
အီရတ်နိုင်ငံအတွင်း ဂိုဏ်းဂဏကွဲ တိုက်ခိုက်မှုတွေဟာ ပိုမိုပြင်းထန် လာလျက်ရှိတယ် လို့သိရပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့ကရှီအိုက်လူမျိုး အများဆုံးနေထိုင်ရာ ဒေသတွေမှာ ဗုံးပေါက်ကွဲမှုတွေ ၁၂ကြိမ်ထက် မနည်းဖြစ်ပွားခဲ့တဲ့အတွက် လူ ၄၈ဦးကျော် သေဆုံးခဲ့ပါတယ်။ ပေါက်ကွဲမှုတွေဟာ နာရီအတော်ကြာ ဆက်တိုက် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
လုံခြုံရေးအရာရှိတွေရဲ့ ပြောကြားချက်အရ အဆိုပါ ပေါက်ကွဲမှုတွေဟာ ဆွန်နီလူမျိုးတွေနဲ့ ပတ်သက်နေတယ်လို့ သိရပါတယ်။ ဗုံးပေါက်ကွဲမှုတွေဟာ ဘဂ်္ဂဒက်မြို့ရှိ နေရာ ၁၀ခုမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် လူ ၂၂ဦး ထက်မနည်း သေဆုံးခဲ့ပြီး၊ ၁၂၀ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီဗုံးတွေကို မော်တော်ကားပေါ်နဲ့ လမ်းဘေးတွေမှာ ထောင်ထားခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတောင်ပိုင်းရှိ Basra မြို့နဲ့ မြောက်ပိုင်းရှိ Tikrit မြို့တွေမှာလည်း ဗုံးပေါက်ကွဲမှုတွေ တစ်ပြိုင်နက်တည်း ဖြစ်ပွားခဲ့ပြီး လုံခြုံရေး ၀န်ထမ်းတွေနဲ့ ဒေသခံပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုတွေကြောင့် လူ ၂၆ ဦး သေဆုံးပြီး ၆၀ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ မကြာသေးမီကလည်း ရှီအိုက်ဝန်ကြီးချုပ် Nuri al- Maliki နဲ့ အုပ်ချုပ်ရေးအဖွဲ့ကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဆွန်နီအစ္စလာမ်မစ်များ နေထိုင်ရာ ဒေသမှာလည်း ပြီးခဲ့တဲ့ သီတင်းပတ်က ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့အတွက် လူ ၄၀ကျော် သေဆုံးခဲ့ရပါတယ်။ အီရတ်လုံခြုံရေး တပ်ဖွဲ့တွေဟာ နိုင်ငံတွင်းရှိ ဂိုဏ်းဂဏကွဲ တိုက်ခိုက်မှုတွေကို အမြစ်ပြတ် ချေမှုန်းလျက်ရှိကြောင်း သိရပါတယ်။

MRTV-4:Myanmar Online News