Pages - Menu

Pages

Pages

ဖုန်းဆင်းကဒ်အတွက်စီတန်းသည့်နေရာ ရောင်းချမှုများရှိလာ


Photo: ဖုန်းဆင်းကဒ်အတွက် စီတန်းသည့်နေရာ ရောင်းချမှုများရှိလာ Tuesday, May 21, 2013   မန္တလေးတိုင်းဒေသကြီးအတွင်း ဒုတိယအကြိမ်ချထားပေးသည့် ကျပ် ၁၅၀၀ တန် တန်ဖိုးနည်းမိုဘိုင်းဖုန်းဆင်း ကဒ်များအတွက် တန်းစီစောင့်ဆိုင်းရသည့် နေရာအား ကျပ် (၅၀၀၀) ဖြင့် ရောင်းချမှုများ ရှိလာကြောင်း စုံစမ်းသိရှိရသည်။   “ မနက်(၆)နာရီလောက်မှ သွားတန်းလိုက်ရုံပဲလေ ၊ တစ်ညလုံးတော့ ပင်ပန်းတယ် ၊ ကျွန်တော်တော့ နေရာပဲဝယ်လိုက် တယ် ” ဟု အောင်မြေသာစံမြို့နယ်မှ အဆိုပါဖုန်း သွားရောက် လျှောက်ထားသူတစ်ဦးက  ပြောသည်။   အဆိုပါ ဖုန်းများကို ၀ယ်သုံးစွဲတပ်ဆင်ရန်အတွက် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး ရုံးများတွင် မေလ (၁၉)ရက်နေ့ ညနေပိုင်းမှ စတင်ကာ တန်းစီမှုများရှိခဲ့ပြီး နေရာပြန်လည်ရောင်းချခြင်းများ ရှိခဲ့ခြင်းဖြစ်သည်။   မန္တလေးတိုင်းဒေသကြီးတွင်းရှိ မြို့နယ်များ၌ ကျပ် ၁၅၀၀ တန်ဆင်းကဒ်ရရှိမှု အချိန်ကြန့်ကြာမှုများဖြစ်ပေါ်ခဲ့ပြီးနောက် ဆင်းကဒ် ချထားပေးမည့် နေ့မတိုင်မှီ ညပိုင်းမှစတင်၍ တန်းစီးစောင့်ဆိုင်းခြင်းများရှိကာ နေရာကျော်ဖြတ်တန်းစီးသူများ၊ နီးစပ်ရာသို့ ရောင်းချပေးခြင်းတို့ကြောင့် ခိုက်ရန်ဖြစ်ပွားမှုများဖြစ်လာနိုင်ကြောင်း ဖုန်းဆင်းကဒ် လျှောက်ထားသူတို့က ဆိုသည်။   “ကျွန်တော်တို့မြို့နယ်တွေအားလုံးအတွက် ဖုန်းကဒ်တွေ တစ်ပြိုင်တည်းမရခဲ့လို့ ရောင်းဖို့အခက်အခဲဖြစ်ပါတယ် ၊ နေ့လည်ပိုင်းမှာ ပြန်လည်ရောင်းချပေးသွားမှာ ဖြစ်ပါတယ် ” ဟု အောင်မြေသာစံမြို့နယ် အုပ်ချုပ်ရေးမှူးက ပြောသည်။   ဖုန်းဆင်းကဒ်တန်းစီစောင့်ဆိုင်းသူများတွင် မလိုလားအပ်သည့် ပြသာနာဖြစ်ပေါ်ခဲ့ခြင်းကြောင့် ဖုန်းရောင်းချမှု ယာယီ ရွှေ့ဆိုင်းမှုများ ရှိခဲ့ကြောင်းကိုလည်း သိရသည်။   “စပြီး တန်းစီတုန်းက နံပါတ်က (၁၀) နောက်တော့ တဖြေးဖြေး အနောက်ရောက်သွားရာကနေ ဒီနေ့ နေ့လည်ပိုင်း ဖုန်းစ ရောင်းတော့ ဖုန်းကဒ်မရလိုက်ဘူး ဖြစ်သွားတယ် ” ဟု ပြည်ကြီးကျက်သရေအနောက် ရပ်ကွက် မှ ဒေသခံတစ်ဦးက ပြောသည်။   အဆိုပါ ကျပ် (၁၅၀၀)တန်ဆင်းကဒ်များအား ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ ရပ်ကွက်ကျေးရွာများတွင် ပထမအကြိမ် အနေဖြင့် မတ်လ (၂၄)ရက်နေ့တွင် ရောင်းချပေးခဲ့ပြီး ပြင်ပဈေးကွက် ၄င်းဆင်းကဒ်များမှာ ကျပ် ၃၀၀၀၀ (သုံးသောင်း) မှ ကျပ် ၈၀၀၀၀ (ရှစ်သောင်း)၀န်းကျင်အထိ ဈေးကွက်ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။  http://myitmakhamediagroup.com/detail.php?newid=4624
မန္တလေးတိုင်းဒေသကြီးအတွင်း ဒုတိယအကြိမ်ချထားပေးသည့် ကျပ် ၁၅၀၀ တန် တန်ဖိုးနည်းမိုဘိုင်းဖုန်းဆင်း ကဒ်များအတွက် တန်းစီစောင့်ဆိုင်းရသည့် နေရာအား ကျပ် (၅၀၀၀) ဖြင့် ရောင်းချမှုများ ရှိလာကြောင်း စုံစမ်းသိရှိရသည်။
“ မနက်(၆)နာရီလောက်မှ သွားတန်းလိုက်ရုံပဲလေ ၊ တစ်ညလုံးတော့ ပင်ပန်းတယ် ၊ ကျွန်တော်တော့ နေရာပဲဝယ်လိုက် တယ် ” ဟု အောင်မြေသာစံမြို့နယ်မှ အဆိုပါဖုန်း သွားရောက် လျှောက်ထားသူတစ်ဦးက ပြောသည်။



အဆိုပါ ဖုန်းများကို ၀ယ်သုံးစွဲတပ်ဆင်ရန်အတွက် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး ရုံးများတွင် မေလ (၁၉)ရက်နေ့ ညနေပိုင်းမှ စတင်ကာ တန်းစီမှုများရှိခဲ့ပြီး နေရာပြန်လည်ရောင်းချခြင်းများ ရှိခဲ့ခြင်းဖြစ်သည်။

မန္တလေးတိုင်းဒေသကြီးတွင်းရှိ မြို့နယ်များ၌ ကျပ် ၁၅၀၀ တန်ဆင်းကဒ်ရရှိမှု အချိန်ကြန့်ကြာမှုများဖြစ်ပေါ်ခဲ့ပြီးနောက် ဆင်းကဒ် ချထားပေးမည့် နေ့မတိုင်မှီ ညပိုင်းမှစတင်၍ တန်းစီးစောင့်ဆိုင်းခြင်းများရှိကာ နေရာကျော်ဖြတ်တန်းစီးသူများ၊ နီးစပ်ရာသို့ ရောင်းချပေးခြင်းတို့ကြောင့် ခိုက်ရန်ဖြစ်ပွားမှုများဖြစ်လာနိုင်ကြောင်း ဖုန်းဆင်းကဒ် လျှောက်ထားသူတို့က ဆိုသည်။

“ကျွန်တော်တို့မြို့နယ်တွေအားလုံးအတွက် ဖုန်းကဒ်တွေ တစ်ပြိုင်တည်းမရခဲ့လို့ ရောင်းဖို့အခက်အခဲဖြစ်ပါတယ် ၊ နေ့လည်ပိုင်းမှာ ပြန်လည်ရောင်းချပေးသွားမှာ ဖြစ်ပါတယ် ” ဟု အောင်မြေသာစံမြို့နယ် အုပ်ချုပ်ရေးမှူးက ပြောသည်။

ဖုန်းဆင်းကဒ်တန်းစီစောင့်ဆိုင်းသူများတွင် မလိုလားအပ်သည့် ပြသာနာဖြစ်ပေါ်ခဲ့ခြင်းကြောင့် ဖုန်းရောင်းချမှု ယာယီ ရွှေ့ဆိုင်းမှုများ ရှိခဲ့ကြောင်းကိုလည်း သိရသည်။

“စပြီး တန်းစီတုန်းက နံပါတ်က (၁၀) နောက်တော့ တဖြေးဖြေး အနောက်ရောက်သွားရာကနေ ဒီနေ့ နေ့လည်ပိုင်း ဖုန်းစ ရောင်းတော့ ဖုန်းကဒ်မရလိုက်ဘူး ဖြစ်သွားတယ် ” ဟု ပြည်ကြီးကျက်သရေအနောက် ရပ်ကွက် မှ ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ကျပ် (၁၅၀၀)တန်ဆင်းကဒ်များအား ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ ရပ်ကွက်ကျေးရွာများတွင် ပထမအကြိမ် အနေဖြင့် မတ်လ (၂၄)ရက်နေ့တွင် ရောင်းချပေးခဲ့ပြီး ပြင်ပဈေးကွက် ၄င်းဆင်းကဒ်များမှာ ကျပ် ၃၀၀၀၀ (သုံးသောင်း) မှ ကျပ် ၈၀၀၀၀ (ရှစ်သောင်း)၀န်းကျင်အထိ ဈေးကွက်ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။

http://myitmakhamediagroup.com/detail.php?newid=4624