Pages - Menu

Pages

Pages

မြန်မာ – စင်ကာပူ ခြေစမ်းပွဲ ရုပ်သံမှ တိုက်ရိုက် ထုတ်လွှင့်မည်


  မြန်မာ-စင်ကာပူ ခြေစမ်းပွဲကို ရုပ် သံမှ တိုက်ရိုက်ပြသမည်ဟု ဘောလုံး အဖွဲ့ချုပ်မှ သိရသည်။
အဆိုပါ ခြေစမ်းပွဲကို လာမည့် ဇွန် လ ၄ ရက်နေ့တွင် ရန်ကုန်မြို့၊ သုဝဏ္ဏ ဘောလုံးကွင်း၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။လောလော ဆယ်တော့ MRTV-4 နဲ့ Channel -7 တို့နဲ့ ညှိနှိုင်းဆွေးနွေးနေပါတယ်”ဟု ဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦး ကပြောသည်။

ကွင်း၌ လာရောက် ကြည့်ရှုသူများ ကို ကွင်းဝင်ကြေး များအပြင် ရိုးရိုးတန်း ၅ဝဝ၊ အထူးတန်း ၁ဝဝဝ ကျပ်ဟူ၍ ကောက်ခံ သွားမည်ဖြစ်ပြီး ကြည့်ရှုသူ များ ခရီးသွားလာမှု အဆင်ပြေရန် အတွက် မ.ထ.သ ယာဉ်လိုင်း များအား စီစဉ်ပေးသွားမည်ဟု သိရသည်။
”ခြေစမ်းပွဲ အတွက် ကစားသမား တွေကတော့ ယူ ၂၃ ကစားသမား နဲ့လက်ရွေးစင် စီနီယာ ကစားသမားတွေ ပေါင်း ပြီး ယှဉ်ပြိုင် သွားဖို့ရှိပါတယ်။ လူရွေးချယ်မှုကိုတော့ တောင်ကြီးမှာ လေ့ကျင့် နေတဲ့ ယူ-၂၃ အသင်းပြန်လာမှ ရွေး ချယ်မှာ ဖြစ်ပါတယ်”ဟု ၄င်းက ဆက် လက်ပြောသည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေဖြင့် စင်ကာပူ လက်ရွေးစင် အသင်း ခြေစမ်းပွဲကို မြန်မာနိုင်ငံမှ ဖိတ်ခေါ်ခြင်း ဖြစ်ပြီး ဆီးဂိမ်း ယှဉ်ပြိုင်မည့် ယူ-၂၃ အသင်း အတွက် အထောက် အကူပြုနိုင် မည့် အပြင် မြန်မာ့ လက်ရွေးစင် အသင်း ၏ ကမ္ဘာ့အဆင့် သတ်မှတ်ချက် လျော့ ကျ မသွားရန်ရည်ရွယ်၍ ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အောင်ဇော်
ပေါ်ပြူလာမြန်မာ