Pages - Menu

Pages

Pages

“အမေရိကသို့ ပထမဆုံးခြေချခဲ့သည့် ဗြိတိန်နွယ်ဝင်များ ဇာတ်တူသားစားခဲ့”


Photo: “အမေရိကသို့ ပထမဆုံးခြေချခဲ့သည့် ဗြိတိန်နွယ်ဝင်များ ဇာတ်တူသားစားခဲ့”  အမေရိကတိုက်သို့ ပထမဆုံး ခြေချခဲ့သည့် ဗြိတိန်နွယ်ဝင်များသည် ဇာတ်တူသား စားသူများဖြစ်ကြောင်း သုတေသီများက ခိုင်ခိုင်မာမာ ဖော်ထုတ်လာနိုင်ခဲ့သည်။ (၁၆၀၉)ခုနှစ်က အမေရိကတွင် ကြောက်ခမန်းလိလိ ဆိုးရွားလွန်းသော ဆောင်းရာသီကို ကြုံတွေ့ခဲ့စဉ်က ဆက်လက် အသက်ရှင် ရပ်တည်ရေးအတွက် အမေရိကရောက် ဗြိတိသျှ လူမျိုးများ ဇာတ်တူသား စားခဲ့ကြောင်း ပညာရှင်များက ဆိုသည်။   အသက်(၁၄)နှစ် အရွယ်ရှိ မိန်းကလေးငယ် တစ်ဦး၏ အရိုးများကို လေ့လာခဲ့ပြီးနောက် ထိုစဉ်က သူမသည် ဇာတ်တူသားစားမှု သားကောင် ဖြစ်ခဲ့ကြောင်း သုတေသီများက ပြောကြားခဲ့သည်။ (၁၆၀၉)နှင့် (၁၆၁၀)ပြည့်နှစ်များ အတွင်းက ဆောင်းရာသီနှင့်အတူ ကပ်ပါလာသည့် အငတ်ဘေးကြောင့် အမေရိကသို့ ကိုလိုနီ ချဲ့ထွင်သူ ရာပေါင်းများစွာ သေဆုံးခဲ့ကြသည်။  Read more http://www.planet.com.mm/news/read.cfm/id/21574

အမေရိကတိုက်သို့ ပထမဆုံး ခြေချခဲ့သည့် ဗြိတိန်နွယ်ဝင်များသည် ဇာတ်တူသား စားသူများဖြစ်ကြောင်း သုတေသီများက ခိုင်ခိုင်မာမာ ဖော်ထုတ်လာနိုင်ခဲ့သည်။ (၁၆၀၉)ခုနှစ်က အမေရိကတွင် ကြောက်ခမန်း လိလိဆိုးရွားလွန်းသော ဆောင်းရာသီကို ကြုံတွေ့ခဲ့စဉ်က ဆက်လက် အသက်ရှင် ရပ်တည်ရေးအတွက် အမေရိကရောက် ဗြိတိသျှ လူမျိုးများ ဇာတ်တူသား စားခဲ့ကြောင်း ပညာရှင်များက ဆိုသည်။
အသက်(၁၄)နှစ် အရွယ်ရှိ မိန်းကလေးငယ် တစ်ဦး၏ အရိုးများကို လေ့လာခဲ့ပြီးနောက် ထိုစဉ်က သူမသည် ဇာတ်တူသားစားမှု သားကောင် ဖြစ်ခဲ့ကြောင်း သုတေသီများက ပြောကြားခဲ့သည်။ (၁၆၀၉)နှင့် (၁၆၁၀)ပြည့်နှစ်များ အတွင်းက ဆောင်းရာသီနှင့်အတူ ကပ်ပါလာသည့် အငတ်ဘေးကြောင့် အမေရိကသို့ ကိုလိုနီ ချဲ့ထွင်သူ ရာပေါင်းများစွာ သေဆုံးခဲ့ကြသည်။

From...
Planet Myanmar Network