Pages - Menu

Pages

Pages

ယာဉ်တိုက်မှုကြောင့် ယခင်လအတွင်း လူ ၄ဝဝ နီးပါးသေဆုံး

Photo: ယာဉ်တိုက်မှုကြောင့် ယခင်လအတွင်း လူ ၄ဝဝ နီးပါးသေဆုံး ....................................................................... ရန်ကုန်၊ မေ ၄  မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် ဧပြီလ အတွင်း ယာဉ်တိုက်မှုပေါင်း ၁၃၀၀ ကျော် ဖြစ်ပွားပြီး လူ ၄၀၀ နီးပါးသေဆုံးကာ ဒဏ်ရာရသူ ၁၅၀၀ နီးပါးရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်ထံမှ သိရသည်။  တစ်နိုင်ငံလုံးတွင် ယာဉ်တိုက်မှုပေါင်း ၁၃၄၆ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၃၈၉ ဦးနှင့် ဒဏ်ရာရသူ ၁၄၈၆ ဦးအထိရှိကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးတွင် ယာဉ်တိုက်မှု အများဆုံးဖြစ်ပွားခဲ့ပြီး မန္တလေးတိုင်း ဒေသကြီးသည် ယာဉ်တိုက်မှု ဒုတိယအများဆုံး ဖြစ်ကြောင်း အဆိုပါ ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။  ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်တိုက်မှု ၂၂၄ ခုဖြစ်ပွားခဲ့ရာ ၃၉ဦး သေဆုံးပြီး ၄၇၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း၊ မန္တလေးတိုင်း ဒေသကြီးတွင် ယာဉ်တိုက်မှု ၁၇၇ခုဖြစ်ပွားခဲ့ရာ သေဆုံးသူ ၆၂ဦးရှိပြီး ၃၂၀ဦးဒဏ်ရာရ ခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။  ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်တိုက်မှုများတွင် မော်တော်ယာဉ်တိုက်မှု အများဆုံးဖြစ်ပြီး ဆိုင်ကယ်ထက် မော်တော်ယာဉ်များက ပိုမိုလုံခြုံမှု ရှိကြောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် မိတ္တီလာ၊ မြင်းခြံမြို့များကဲ့သို့ ဆိုင်ကယ် ကို အဓိကထား အသုံးပြုရသည့်မြို့များ ရှိသောကြောင့် ယာဉ်တိုက်မှု ဖြစ်ပွားပါက သေဆုံးမှု ရာခိုင်နှုန်း များကြောင်း မန္တလေးမြို့တော်ယာဉ်ထိန်း ရဲတပ်ဖွဲ့စခန်းမှ ယာဉ်ထိန်းရဲ အရာရှိတစ်ဦးက ပြောကြားသည်။  မန္တလေးတွင် သေဆုံးသူအများစုမှာ အရည်အသွေး မပြည့်မီသည့် ဆိုင်ကယ်ဦးထုပ်များကို ဆောင်းသဖြင့် ယာဉ်တိုက်မိ ချိန်တွင် ဦးခေါင်းဒဏ်ရာရကာ သေဆုံးမှု များ ရှိကြောင်း ၄င်းကထပ်မံပြောကြားသည်။  မတ်လအတွင်းက တစ်နိုင်ငံလုံးတွင် ယာဉ်တိုက်မှု ၁၁၇၁ ခုဖြစ်ပွားခဲ့ရာ ဒဏ်ရာရရှိသူ ၂၃၃၅ ဦးနှင့် ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၃၃၃ ဦးအထိ ရှိကြောင်း၊ ဧပြီလတွင် ယာဉ်တိုက်မှု ၁၇၅ ခုနှင့် သေဆုံး သူ ၅၆ ဦး အထိ မြင့်တက်ခဲ့ပြီး ဒဏ်ရာရရှိ သူ ၃၆၃ ဦး အထိ တိုးလာကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
မန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် ဧပြီလ အတွင်း ယာဉ်တိုက်မှုပေါင်း ၁၃၀၀ ကျော်
ဖြစ်ပွားပြီး လူ ၄၀၀ နီးပါးသေဆုံးကာ ဒဏ်ရာရသူ ၁၅၀၀ နီးပါးရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်ထံမှ သိရသည်။
တစ်နိုင်ငံလုံးတွင် ယာဉ်တိုက်မှုပေါင်း ၁၃၄၆ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၃၈၉ ဦးနှင့် ဒဏ်ရာရသူ ၁၄၈၆ ဦးအထိရှိကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးတွင် ယာဉ်တိုက်မှု အများဆုံးဖြစ်ပွားခဲ့ပြီး မန္တလေးတိုင်း ဒေသကြီးသည် ယာဉ်တိုက်မှု ဒုတိယအများဆုံး ဖြစ်ကြောင်း အဆိုပါ ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်တိုက်မှု ၂၂၄ ခုဖြစ်ပွားခဲ့ရာ ၃၉ဦး သေဆုံးပြီး ၄၇၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း၊ မန္တလေးတိုင်း ဒေသကြီးတွင် ယာဉ်တိုက်မှု ၁၇၇ခုဖြစ်ပွားခဲ့ရာ သေဆုံးသူ ၆၂ဦးရှိပြီး ၃၂၀ဦးဒဏ်ရာရ ခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်တိုက်မှုများတွင် မော်တော်ယာဉ်တိုက်မှု အများဆုံးဖြစ်ပြီး ဆိုင်ကယ်ထက် မော်တော်ယာဉ်များက ပိုမိုလုံခြုံမှု ရှိကြောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် မိတ္တီလာ၊ မြင်းခြံမြို့များကဲ့သို့ ဆိုင်ကယ် ကို အဓိကထား အသုံးပြုရသည့်မြို့များ ရှိသောကြောင့် ယာဉ်တိုက်မှု ဖြစ်ပွားပါက သေဆုံးမှု ရာခိုင်နှုန်း များကြောင်း မန္တလေးမြို့တော်ယာဉ်ထိန်း ရဲတပ်ဖွဲ့စခန်းမှ ယာဉ်ထိန်းရဲ အရာရှိတစ်ဦးက ပြောကြားသည်။
မန္တလေးတွင် သေဆုံးသူအများစုမှာ အရည်အသွေး မပြည့်မီသည့် ဆိုင်ကယ်ဦးထုပ်များကို ဆောင်းသဖြင့် ယာဉ်တိုက်မိ ချိန်တွင် ဦးခေါင်းဒဏ်ရာရကာ သေဆုံးမှု များ ရှိကြောင်း ၄င်းကထပ်မံပြောကြားသည်။
မတ်လအတွင်းက တစ်နိုင်ငံလုံးတွင် ယာဉ်တိုက်မှု ၁၁၇၁ ခုဖြစ်ပွားခဲ့ရာ ဒဏ်ရာရရှိသူ ၂၃၃၅ ဦးနှင့် ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၃၃၃ ဦးအထိ ရှိကြောင်း၊ ဧပြီလတွင် ယာဉ်တိုက်မှု ၁၇၅ ခုနှင့် သေဆုံး သူ ၅၆ ဦး အထိ မြင့်တက်ခဲ့ပြီး ဒဏ်ရာရရှိ သူ ၃၆၃ ဦး အထိ တိုးလာကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။ ရန်ကုန်သတင်း