Pages - Menu

Pages

Pages

ကျွန်တော်စာမလုပ်ရသည့် အကြောင်းအရင်း



ဆရာမ - ဟိုကျောင်းသားလေး..၊ မင်းဘာလို့ စာမလုပ်တာလဲ။

ကျောင်းသား - ဒီလိုရှိပါတယ် ဆရာမ။ တစ်နှစ်မှာ ၃၆၅ ရက်ရှိတယ်။ Sunday ၅၂ ရက်ဖယ်လိုက်ရင် ၃၁၃ ရက်ပဲကျန်တယ်။ အဲ့မှာ နွေရာသီကျောင်းပိတ်ရက်ကို ရက် ၅၀ ထည့်နုတ်တော့ ၂၆၃ ရက်ပဲ ကျန်မယ်။ တစ်ရက်ကို ကျွန်တော်က ၈ နာရီအိပ်တယ်။ ဒီတော့ တစ်နှစ်မှာ ၁၂၂ ရက်ထပ်နုတ်လိုက်တော့ ၁၄၁ ရက်ပဲ ကျန်တယ်။ တစ်ရက်မှာ အားလပ်ချိန်န်က ၁ နာရီဆိုတော့ တစ်နှစ်မှာ ၁၅ ရက်ကုန်ပါတယ်။ ဒါကြောင့် ၁၂၆ ရက်ပဲ ကျန်ပါတယ်။ ၂ နာရီက ထမင်းစားတော့ ရက် ၃၀ဟာ တစ်နှစ်မှ ပြန်ကုန်ပါတယ်။ ဒါကြောင့် တစ်နှစ်လုံးမှာမှ ၉၆ ရက်ပဲ ကျန်ပါတယ်။ သူငယ်ချင်း၊ မိသားစုတွေနဲ့ စကားပြောတာ၊ တွေ့တာက တစ်ရက်ကို တစ်နာရီ ရှိတော့ ၁၅ ရက်ထပ်ကုန်ပါသေးတယ်။ ဒီတော့ ၈၁ ရက်ပဲ ကျန်ပါတယ်။
...
စားမေပွဲဖြေရတဲ့အချိန်တွေကို စုလိုက်ရင် တစ်နှစ်မှာ ၃၅ ရက်စာ ရှိပါတယ်။ ဒီတော့ စာလုပ်ဖို့ ၄၆ ရက်ပဲ ကျန်ပါတယ်။ Public holiday ရက် ၄၀ ထပ်နုတ်တော့ ၆ ရက်ပဲ စာလုပ်ဖို့ ကျန်ပါတယ်။ ၆ ရက်မှာ ၃ ရက်လောက်ကဖျားမယ်။ ၂ ရက်က ခွင့်ယူပြီး အခြားကိစ္စလုပ်မယ်။ ဒီတော့ ၁ ရက်ပဲ ကျန်ပါတယ်။ ကျန်ရှိတဲ့ ၁ ရက်က မွေးနေ့နဲ့ သွားတိုးတော့ ကျွန်တော့မှာ စာလုပ်ဖို့ အချိန် မရှိတော့ပါဘူး။ ဒါကြောင့် ကျွန်တော် စာမလုပ်တော့တာပါ ဆရာမ။

LoLzz.

Ref: mase-funny
Aung Kham (TSJ team)