Pages - Menu

Pages

Pages

အရှေ့ဘက် ကမ်းခြေသို့ တာတိုပစ် ဒုံးကျည်နှစ်စင်း မြောက်ကိုရီးယားပစ်ခတ်

Photo: အရှေ့ဘက် ကမ်းခြေသို့ တာတိုပစ် ဒုံးကျည်နှစ်စင်း မြောက်ကိုရီးယားပစ်ခတ် Sunday, April 21, 2013  မြောက်ကိုရီးယားတွင် ဒုံးကျည် ပစ်ခတ်သည့် လှုပ်ရှားမှုများ ရှိနေကြောင်း တောင်ကိုရီးယား သတင်းဌာနက တစ်ခုက ဖော်ပြခဲ့သည်။  အမည်မဖော်လိုသည့် တောင်ကိုရီးယား စစ်ဘက် ထိပ်တန်း အရာရှိ တစ်ဦးက မြောက်ပိုင်းရှိ ကွန်မြူနစ် နိုင်ငံသည် အရှေ့ဘက် ကမ်းခြေ ဒေသသို့ တာတိုပစ်ဒုံးကျည်နှစ်စင်း ပစ်လွှတ်ခဲ့ကြောင်း ပြောဆိုခဲ့မှုကို ယင်းသတင်းဌာနက ကိုးကားခဲ့ခြင်းဟု သိရှိရသည်။ ယင်းလှုပ်ရှားမှုသည် နောက်ထပ် မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်မှုများ ထပ်မံ ဖြစ်ပေါ်လာနိုင်သည့် အလားအလာဟုလည်း ယူဆစရာ ရှိနေသည်။ တောင်ကိုရီးယား စစ်ဘက်မှ ဖမ်းယူရရှိသည့် ဂြိုဟ်တု ပုံရိပ်များအရ တာတို စကာ့ဒ်ဒုံးကျည် နှစ်စင်းကို မြောက်ကိုရီးယားက ပစ်ခတ်ခဲ့ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။  လတ်တလောတွင် ကိုရီးယား ကျွန်းဆွယ်၌ တင်းမာမှုများ ဆက်လက် တည်ရှိနေသလို တောင်ကိုရီးယားနှင့် စစ်မဟာမိတ်တို့၏ ပြုံယမ်း၏ ရန်လိုသော လှုပ်ရှားမှုတိုင်းကို သတိနှင့် စောင့်ကြည့်နေသည်။ လေ့လာသူများက မြောက်ကိုရီးယားသည် ၎င်းတို့၏ စစ်တပ်ဖွဲ့စည်းမှု နှစ်ပတ်လည်နေ့ဖြစ်သော ဧပြီလ (၂၅)ရက်နေ့တွင် တစ်စုံတစ်ရာ ထူးထူးခြားခြား လုပ်ဆောင်မှု ရှိလာနိုင်ကြောင်း သုံးသပ်ထားသည်။ Source: EuroNews planet myanmar network
မြောက်ကိုရီးယားတွင် ဒုံးကျည် ပစ်ခတ်သည့် လှုပ်ရှားမှုများ ရှိနေကြောင်း တောင်ကိုရီးယား သတင်းဌာနက တစ်ခုက ဖော်ပြခဲ့သည်။အမည်မဖော်လိုသည့် တောင်ကိုရီးယား စစ်ဘက်ထိပ်တန်းအရာရှိတစ်ဦးက မြောက်ပိုင်းရှိ ကွန်မြူနစ် နိုင်ငံသည် အရှေ့ဘက် ကမ်းခြေဒေသသို့ တာတိုပစ်ဒုံးကျည်နှစ်စင်း ပစ်လွှတ်ခဲ့ကြောင်း ပြောဆိုခဲ့မှုကို ယင်းသတင်းဌာနက ကိုးကားခဲ့ခြင်းဟု သိရှိရသည်။ ယင်းလှုပ်ရှားမှုသည် နောက်ထပ် မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်မှုများ ထပ်မံ ဖြစ်ပေါ်လာနိုင်သည့် အလားအလာဟုလည်း ယူဆစရာ ရှိနေသည်။ တောင်ကိုရီးယား စစ်ဘက်မှ ဖမ်းယူရရှိသည့် ဂြိုဟ်တုပုံရိပ်များအရ တာတိုစကာ့ဒ်ဒုံးကျည်နှစ်စင်းကို မြောက်ကိုရီးယားက ပစ်ခတ် ခဲ့ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။

လတ်တလောတွင် ကိုရီးယား ကျွန်းဆွယ်၌ တင်းမာမှုများ ဆက်လက် တည်ရှိနေသလို တောင်ကိုရီးယားနှင့် စစ်မဟာမိတ်တို့၏ ပြုံယမ်း၏ ရန်လိုသောလှုပ်ရှားမှုတိုင်းကို သတိနှင့် စောင့်ကြည့်နေသည်။ လေ့လာသူ များက မြောက်ကိုရီးယားသည် ၎င်းတို့၏ စစ်တပ်ဖွဲ့စည်းမှု နှစ်ပတ်လည်နေ့ဖြစ်သော ဧပြီလ (၂၅)ရက်နေ့တွင် တစ်စုံတစ်ရာ ထူးထူးခြားခြား လုပ်ဆောင်မှု ရှိလာနိုင်ကြောင်း သုံးသပ်ထားသည်။

Source: EuroNews
planet myanmar network