Pages - Menu

Pages

Pages

ဂျပန်ရင်းနှီးမြှုပ်နှံမှု ဒေါ်အောင်ဆန်းစုကြည် ဖိတ်ခေါ်



မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမှု လာလုပ်ကြပါ၊ စီးပွားရေးအကူအညီပေးကြပါ လို့ ဂျပန်နိုင်ငံရောက် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ တိုက်တွန်း
လိုက်ကြောင်း AFP သတင်းတပုဒ်မှာ ရေးထားပါတယ်။

လွှတ်တော်အမတ်များနဲ့ တွေ့ဆုံစဉ်မှာ အဲဒီလို ပြောဆိုလိုက်တာပါ တဲ့။

ဒေါ်အောင်ဆန်းစုကြည်က အိမ်ရှေ့မင်းသား နာရူဟီတိုနဲ့ ဒီကနေ့ တွေ့
ဆုံခဲ့ပြီး၊ ညနေပိုင်းမှာတော့ နိုင်ငံခြားရေးဝန်ကြီး ဖူမီယို ကီရှီဒါနဲ့တွေ့မယ်၊ လာမယ့် ကြာသပတေးမှာတော့ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ တွေ့မယ်လို့ ဆိုပါတယ်။

သောကြာနေ့ မြန်မာပြည် မပြန်ခင်မှာ သတင်းစာရှင်းလင်းပွဲတခုလုပ်မယ်၊ တိုကျိုတက္ကသိုလ်မှာ မိန့်ခွန်းပြောမယ်လို့ သတင်းမှာ ရေးထားပါတယ်။

သမ္မတဦးသိန်းစိန်လည်း မနှစ်က ဒီအချိန်လောက်မှာ ဂျပန်ကို ရောက်ခဲ့ပါ
တယ်။ ဂျပန်က တင်နေတဲ့အကြွေးတွေကို လျော်ပေးကြောင်း အဲဒီအ
ချိန်မှာ ကြေညာခဲ့ပါတယ်။

ယန်း ငါးဘီလျံ ထောက်ပံ့ကူညီမယ်လို့လည်း ကြေညာခဲ့ပါတယ်။
ဂျပန်မှာ ရောက်ရှိစဉ် ဦးသိန်းစိန်က ရင်းနှီးမြှုပ်နှံမှုတွေ လာကြဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

ဧရာဝတီ