Pages - Menu

Pages

Pages

နိုင်ငံပိုင် သတင်းစာများ ကို ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာများ ယှဉ်ပြိုင်နိုင်ပါ့မလား

photo-popular
ယနေ့ ဧပြီလ(၁) ၇က်နေ့သည် မြန်မာ နိုင်ငံ သတင်းစာ လောကတွင် ထူးခြားလေးနက်သော နေ့ရက်ဖြစ်သည်။ နှစ်ပေါင်းများ စွာ ပျောက်ကွယ်နေသော ပုဂ္ဂလိက ပိုင် သတင်းစာများ တင်ထုတ်ဝေလိုက်သောကြောင့်ဖြစ်သည်။

မြန်မာ နိုင်ငံအတွင်း သတင်း စီးဆင်းမှု့ပုံ စံ ပြောင်းလဲ လာမည်ဖြစ်ပြီး  နှင့် မြန်မာပြည်သူများ၏   နံနက်မိုးလင်းလျှင်
ဖတ်နေကြ မြန်မာ့အလင်း၊ကြေးမုံ နှင့် မြ၀တီ သတင်းစာတို့နေရာတွင် အခြားသော ပုဂ္ဂလိက ထုတ် ဂျာနယ်များ အစားထိုး ၀င်ရောက်လာဖွယ်ရှိသည်။

 ယနေ့ မြန်မာပြည် မြို့ကြီးများရှိ နေအိမ်တိုင်း နီးပါး  နှင့် အစိုးရ ရုံးဌာန များသည် အစိုးရ ပိုင်သတင်းစာများ ကို နေ့စဉ် မှာယူ ဖတ်ရှု့နေကြပါသည်။
၎င်းတို့အနေဖြင့် မြန်မာ့ အလင်း၊ ကြေးမုံ၊ မြ၀တီ တို့နေရတွင် ပုဂ္ဂိလသတင်းစာများကို ပြောင်းလဲ မှာ..လာဖွယ်ရှိသည်။


 ပုဂ္ဂလိက သတင်းထောက်များ၊ စာနယ်ဇင်း သမားများနှင့် မီဒီယာလောက သားများက အစိုးရ သတင်းစာ များကို ကောင်းစွာ ယှဉ်ပြိုင်နိုင်သည်ဟု ကြွေးကြော်နေသလို    ပြန်ကြားရေး ၀န်ကြီး ဌာနမှလည်ီးဒီယုလုပ်ငန်းဆောင်ရွက်နေပုံကို  ပြုပြင်ပြောင်းလဲမှု့များ ပြုလုပ်မည်ဟု ကြေငြာထားပါသည်။

  သတင်းရွေးချယ်တင်ဆက်ပုံ ၊ လုပ်ငန်းအတွေ့အကြုံ နှင့် စွမ်းရည်ပိုင်းအရ   ပုဂ္ဂလိက သတင်းစာ များ ၏ အရည်အသွေးသည် နိုင်ငံပိုင် သတင်းစာများကို မှီနိုင်သေးမည် မဟုတ်ဟု ယူဆရပါသည်။

 ပုဂ္ဂလိက သတင်းစာ ထုတ်ဝေသူများ သည်  စီးပွားရေး အမြတ်အစွန်းနှင့် သြဇာအာဏာဟူသည့်  အတ္တနှင့်   နိုင်ငံနှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားဖြစ်ထွန်းရေးကို ဦးတည်သော သတင်းများ ရှာဖွေတင်ဆက်ဖေါ်ပြခြင်းဟူသည့်  ( ပရ) တို့   မျှတအောင် ဆောင်ရွက်လိမ့်မည်ဟုယူဆရပြီး   နိုင်ငံပိုင် သတင်းစာ များအနေဖြင့်မူ   နိုင်ငံနှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားဖြစ်ထွန်းရေးကို ဦးတည်သော သတင်းများ ရှာဖွေတင်ဆက်ခြင်း ကိုသာ ပြုလုပ်မည်ဟုသုံးသပ် တင်ပြလိုက်ပါသည်။

အောင်ကိုမင်းမီဒီယာ